နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၁၂

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှု

        ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး ယင်းကာလ သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြင်းထန်ချိန်၊ စီးပွားရေးကျဆင်းနေချိန်ဖြစ် ကြောင်း၊ အလားတူ နိုင်ငံရေးအရမတည်ငြိမ်မှုများဖြစ်ပေါ်နေချိန်လည်းဖြစ်ကြောင်း၊ ယေဘူယျအားဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေချိန်ဖြစ်သဖြင့် စီးပွားရေးကောင်းမွန် သည်ဟု ထင်ရသော်လည်း နိုင်ငံတော်အနေဖြင့် ပြည်ပကျွေးမြှီများ များပြားလျက် ရှိကြောင်း၊ စီမံခန့်ခွဲမှုအားနည်းခဲ့မှုများကြောင့် နိုင်ငံ၏စီးပွားရေးမှာ အနုတ်လက္ခဏာ အထိရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူရသည့်အချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် အလေးပေး ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အချိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်ကျေပွန်သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ များအားလုံးမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်င ံများ၏ ကူညီပေးမှုများကြောင့် အချိန်အတိုင်းအတာတစ်ခုအတွင်း ထိန်းချုပ်နိုင်ခဲ့ ကြောင်း။

        မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့်နိုင်ငံ ဖြစ် သဖြင့် နိုင်ငံအတွင်းစားရေးနှင့် ပတ်သက်၍ ခက်ခဲမှုမရှိခဲ့ကြောင်း၊ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအားပေးမှုမရှိခဲ့ဘဲ သွင်းကုန်များကို အဆမတန် တင်သွင်းခဲ့ခြင်းများကြောင့် ဝင်ငွေနှင့် ထွက်ငွေများ ညီမျှမှုမရှိဘဲ ကုန်သွယ်မှုလိုငွေ များဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပကျွေးမြှီများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါနိုင်ငံစီးပွားရေးမှာ အနုတ်လက္ခဏာမှ အပေါင်း လက္ခဏာသို့ တိုးတက်လာပြီဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

        နိုင်ငံတစ်နိုင်ငံ၏ဝင်ငွေတွင် ကုန်သွယ်မှုဝင်ငွေနှင့် ကုန်သွယ်မှုမဟုတ်သည့် ဝင်ငွေဟူ၍ရှိပြီး အခွန်အခများလည်း ပြည့်ဝစွာရရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ယခင်ကာလအားနည်းချက်များကြောင့် မရရှိခဲ့သည့် ဝင်ငွေများ ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ နောင်လာမည့်ကာလအတွင်း အခြားဝင်ငွေများလည်း ရရှိနိုင်မည် ဖြစ်သဖြင့် နိုင်ငံ့စီးပွားတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းရေး

        တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး တည်ငြိမ်အေးချမ်းမှု ရှိအောင် ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များရှိသကဲ့ သို့ လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့များလည်းရှိကြောင်း၊ အဆိုပါ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရောက်ရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကိုလည်း ကင်းစင်ပပျောက် အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့များကို အားပေး အားမြှောက်ပြုလုပ်နေသည့် အဖွဲ့များလည်းရှိပြီး ၎င်းတို့အနေဖြင့် လူမှုကွန်ရက်များ မှတစ်ဆင့် အမုန်းတရားများ ဖြစ်ပေါ်စေရေး အတွက်လည်း ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် အစိုးရလုပ်ငန်းများကို နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော် အနေ ဖြင့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်ကို ယခင်ကထက်ပိုမို တိုးတက်ကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှု

        ယခင်အစိုးရသက်တမ်းကာလတွင် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင် အမြင် လွဲမှားပြီး အမုန်းတရားများ ဖြစ်ပေါ်လာအောင် မီဒီယာများကိုအသုံးချ၍ ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကို မဖြစ်မနေ အနိုင်ရရှိရေးအတွက် မသမာသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခဲ့ ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးနိုင်ရေး တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူ ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား အာဏာလွှဲပြောင်းပေးသွားမည်ဟုပါရှိပြီးဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင် ရွက်ရန် လိုကြောင်း။

စည်းစနစ်တကျရှိသည့် နေထိုင်လုပ်ကိုင်မှုရှိရေး၊ ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်ရေး

        တပ်မတော်သားများအားလုံးအနေဖြင့်အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန်လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်ဖြစ်စေ စည်းကမ်းအတိုင်းလိုက်ပါလုပ်ဆောင်နိုင်ခြင်းသည် မိမိတို့ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်များကို ဦးဆောင် နေသည့် တပ်မှူးကြီးများနှင့် တပ်မှူးများအနေဖြင့် မိမိတို့လက်အောက်တပ်များကို အမြဲမပြတ် ကြည့်ရှုစစ်ဆေး၍ ဆင့်ကဲဆင့်ကဲကွပ်ကဲမှုများဖြင့် လိုအပ်သည်များကို ကြပ်မတ်ခြင်း၊ ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်နေမည်ဆိုပါက တပ်များ အနေ ဖြင့် အမြဲအသင့်ဖြစ်နေမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ စည်းစနစ်တကျ နေထိုင် စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်ကိုချစ်သည့် တပ်မတော်သားများကို နိုင်ငံချစ်စိတ် ဖြစ်ပေါ်စေရန်အတွက် မြှင့်တင်ဆောင်ရွက် ပေး မည်ဆိုပါက နိုင်ငံအတွက်အားသစ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ တပ်မတော်သား များသာမက တပ်မတော်သားမိသားစုများအနေဖြင့်လည်း တပ်မတော်အပေါ်တွင် ချစ် သည့်စိတ်၊ တပ်မတော်ကို အားကိုးသည့် စိတ်များဖြစ်ပေါ်လာအောင် တပ်မှူးများ အနေဖြင့်ဆောင်ရွက်ရန်လိုကြောင်း။

        တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုများ စားသောက်နေထိုင် ရေးနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အမြဲ မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် တပ်မတော် သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရန်လိုကြောင်း၊ ပညာရည်မြင့်မားရေးအတွက် အားပေးဆောင်ရွက်နေခြင်းမှာ တစ်ဦး တစ်ယောက်ချင်း စီတိုင်းကို ကိုယ့်အားကိုယ်ကိုး၍ မိမိအစွမ်းအစဖြင့် ဘဝတစ်လျှောက်လုံး ရပ်တည်နိုင် ရေးအတွက်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ ၎င်းတို့ကိုယ်တိုင်ရပ်တည်နိုင်ရေး ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိဘများအနေဖြင့်တာဝန်ရှိကြောင်း၊ ယခုအခါ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် သိပ္ပံ များ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ပြီး ၎င်းတို့အသက် မွေးဝမ်းကျောင်း အတွက် လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် သားမိသားစုဝင်များ ၎င်းကျောင်းများသို့ တက်ရောက်နိုင်ရေး အားပေးဆောင်ရွက်ရန် လိုကြောင်း။

        ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တစ်ကျော့ပြန်ဖြစ်ပွားလျက် ရှိသဖြင့် သွားလာနေထိုင်မှုများကို ဂရုပြု၍နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် ညီညွတ် သည့် နေထိုင်စားသောက်မှုများကိုဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ် သက်၍ တစ်ဦးချင်းစီအလိုက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုပုံစံရှိရမည်ဖြစ် ကြောင်း၊ တပ်မတော်မှ ထုတ်ပေးထားသည့် အာဟာရပြည့်ဝသည့် အစားအသောက် များကို ပြည့်ဝစွာစားသုံးရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကိုလည်း အသိတရားဖြင့် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာမည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအလိုက် အသိတရား၊ သတိတရားများဖြင့် နေထိုင် လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ နောင်တုံကန်အတွင်း၌ လေ့ကျင့်ရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ) ရေကြောင်းလူငယ်အခြေခံသင်တန်း ကျိုင်းတုံစခန်းမှ သင်တန်းသား၊ သင်တန်းသူများကို သွားရောက်တွေ့ဆုံအားပေး စကားပြောကြား သည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များအား သင်တန်းသား၊ သင်တန်းသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက် ပြီး ယခုဖွင့်လှစ်သည့်သင်တန်းသည် ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုး ရှိရှိ အသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ တဆင့် မိမိကိုယ်ကိုချစ်စိတ် ထိုမှတဆင့် နိုင်ငံချစ်စိတ်များဖြစ်ပေါ်လာပြီး နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းမှ သင်ကြားပေးသည်များကို အမှန်တကယ်တတ်မြောက်သည် အထိ သင်ယူကြရန်လိုကြောင်းဖြင့် ရင်းရင်းနှီးနှီး မှာကြားသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သင်တန်းကာလအတွင်း သင်တန်းသား၊ သင်တန်းသူ များ၏ လေ့ကျင့်ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက လေ့ကျင့်သင်ကြားပေးခဲ့မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းလူငယ်အခြေခံသင်တန်း ကျိုင်းတုံစခန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။