နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 
နေပြည်တော်၊ အောက်တိုဘာ -၂၉

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့ သားကောင်း စစ်မှုထမ်းဟောင်းအိမ်ယာ (လေးထောင့်ကန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်တို့က လေးထောင့်ကန်စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ထပ်မံတည်ဆောက်မည့်အခြေအနေများ၊ စစ်မှုထမ်းဟောင်း များအား နေရာချထားပေးမှုအခြေအနေများနှင့် ဆက်လက်နေရာချထားပေးမည့်အခြေ အနေများ၊ အရိပ်ရလေကာပင်များစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ စစ်မှုထမ်းဟောင်းအိမ်ရာ သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်စွန့်ပစ်စနစ်၊ မိလ္လာစနစ်၊ မီးသတ်စခန်းနှင့် အုပ်ချုပ်မှုရုံးများ၊ စနစ်တကျထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုတင် (၁၀၀) ဆန့်ဆေးရုံနှင့် ကလေးငယ်များ ပညာသင်ကြားရေးအတွက် မူကြိုကျောင်းနှင့် မူလတန်းလွန်ကျောင်း တည်ဆောက်ရန်လျာထားမှုအခြေအနေများအား ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုမြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား စစ်မှု ထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်း ဆောင်ရွက်သွားရန် လိုကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့်ပြည့်စုံစေရန်အတွက် ရေနှင့် လျှပ်စစ်မီးများ ဖူလုံစွာရရှိရန်လိုအပ်သကဲ့သို့ အများနှင့်သက်ဆိုင်သည့် နေရာဌာနများ လည်း ပြည့်စုံစွာရှိနေရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် စဉ်းစား ဆောင်ရွက်ရာတွင် နောင်အနာဂတ် အတွက်မျှော်မှန်း၍ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးကိုလည်း ထည့်သွင်းစဉ်းစား သွားရန်လိုကြောင်းယခုမြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ပြီးစီးချိန်တွင် မြို့တစ်မြို့ကဲ့သို့ လူဦးရေရှိမည် ဖြစ်သဖြင့် ကလေးအရွယ်မှ လူကြီးပိုင်း အရွယ်အထိ အားလုံးနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများ ရှိနေရန်အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလုပ်အကိုင်ရရှိရေး အတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ခေတ်မီသည့်နည်းပညာ များ အသုံးပြု၍ မွေးမြူရေးကုန်ထုတ်လုပ်မှုများထုတ်လုပ်ပြီး ရန်ကုန်မြို၏ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ရန်ကုန်မြို့၏ စံပြအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊နေရာအနည်းအငယ်အတွင်း ထုတ်ကုန် အရေအတွက်များစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ယာအတွင်း အပန်းဖြေအနားယူနိုင်ရန်အတွက် အပန်းဖြေနေရာများတွင် အရိပ်ရ လေကာပင်များ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ယခုကဲ့သို့ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရခြင်းမှာ စစ်မှုထမ်းဟောင်းများ၏ နေထိုင်စားသောက်ရေးအတွက် အဆင် ပြေချောမွေ့စေရန်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ အလားတူ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖော်ဆောင်ပေးမည်ဖြစ်သကဲ့သို့ နောင်တွင်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် နည်းပညာဆိုင်ရာကျောင်းများ တည်ဆောက်နိုင်ရေး မျှော်တွေးစဉ်းစားထားရန် လိုကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင်နေထိုင်ကြသူများနှင့် ဒေသခံပြည်သူများ၏ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း Public Transportation ဖြစ်သည့် မြို့ပတ် ရထားများ ပေးဆွဲနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားစီမံဆောင်ရွက် ထားရန်လို ကြောင်းမှာကြားသည်။
ယင်းနောက် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်ဆွေးနွေး မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချု်ပရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။