နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးမှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးမှာကြား

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

        နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

        အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီ ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်း မြို့နယ် တို့မှ ဒေသနှင့် မြို့နယ် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေး မှု ကော်မတီမှ တာဝန်ရှိသူများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ  တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်သည်များကို တင်ပြဆွေးနွေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ နာဂ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ မှု၊ ကျေးလျက်ဒေသများမီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား များထောက်ပံ့ပေးမှု၊ ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ် များတွင် ထောက်ပံ့ပေးမှုနှင့် အဆောက်အဦများ ဆောက်လုပ်ပေးမှု၊ တောင်ယာ လုပ်ငန်း မှ လယ်ယာလုပ်ငန်းသို့ ပြောင်းလဲနိုင်ရေး လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ဆောင်ရွက်ပေးမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေးပေး လျက်ရှိမှု နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိမှု တို့ကိုလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က နာဂဒေသအတွင်း တိုင်းရင်းသား လူမျိုး များ နေထိုင်လျက်ရှိမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးလျက်ရှိမှုနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိမှု၊ ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ လမ်းပန်း ဆက်သွယ်ရေး အဆင့်မြှင့်တင်ပေးစေလိုမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှ နာဂ ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ အသီးသီးရှိ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးစေလိုမှုများကို တင်ပြရာတွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်ရာတွင် မြေနေရာအခက်အခဲလိုအပ်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ များကို မြှင့်တင် ဆောင်ရွက်ပေးစေလိုမှု တို့ကို အသီးသီး တင်ပြကြသည်။

တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး

တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် နာဂဒေသအတွင်း ပွဲကြည့် စင်နှင့် ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးပါကဒေသခံများအနေဖြင့်လည်း စနစ်တကျထိန်းသိမ်း ဆောင်ရွက် ကြစေလိုကြောင်း၊ ပွဲတော်များပြုလုပ်ခြင်းသည် အမြဲတမ်းဆောင်ရွက်သည် မဟုတ် သဖြင့် သီးခြား မြေနေရာသတ်မှတ်ဆောင်ရွက်ခြင်းထက် ပွဲပြုလုပ်သည့် စင်မြင့်များကို အလွယ်တကူ ဖြုတ်တပ်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ လျှပ်စစ် ဓာတ်အားလိုအပ်ချက်အတွက် ရေအားလျှပ်စစ်ထုတ်ယူမှုများကို ဆောင်ရွက်ရာတွင် မြစ်၊ ချောင်းများကို ပိတ်၍ လျှပ်စစ်ထုတ်ယူခြင်းထက် တစ်ဖက်ပိတ်ပုံစံဖြင့် အမြဲတမ်း လျှပ်စစ်ဓာတ်အားရရှိသကဲ့သို့ အမြဲတမ်းရေရရှိရေးအတွက်လည်း စဉ်းစားဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်း မြစ်ကူး ထမံသီတံတား ပြီးစီးရေးနှင့် ထမံသီ အထိ ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စာရာမေရိ တောင်ခြေရှိ လေရှီး-လဟယ် ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့် ပတ်သက်၍ နာဂဒေသ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အတတ်ပညာများပါဝင်သည့် အခြေခံပညာ အထက်တန်းကျောင်းတစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သိပ္ပံ အဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေး ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ တင်ပြဆွေးနွေး

ထို့နောက် တက်ရောက်လာကြသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များဖြစ် ကြသည့် ခရီဖိုင်းအသားခြောက်လုပ်ငန်းရှင် ဒေါ်အလင်းသေး နှင့် Memory ရိုးရာ အထည် လုပ်ငန်းရှင် ဒေါ်ချယ်ရီပန်း တို့က အသားခြောက်လုပ်ငန်းများကို ဒေသတွင်း အဆင့်မှ ပြည်တွင်းဈေးကွက်များအထိ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု နှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် လျှပ်စစ်မီး လိုအပ်ချက်ရှိမှု၊ ဒေသရိုးရာပစ္စည်းများနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် ရိုးရာအထည် လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) မြှင့်တင်ရေး ရင်းနှီးမတည်ငွေများဖြင့် လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြား

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရင်းနှီး မတည်ငွေများကို နိုင်ငံတော်မှ ထုတ်ပေးထားရှိမှုနှင့် မှန်မှန်ကန်ကန်နှင့် အောင်မြင် အောင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဒေသတွင်းရှိ ဦးစီးဌာနများနှင့် ဆက်သွယ်ဆောင် ရွက်သွားရန် လိုအပ်မှု၊ နာဂဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် သယံဇာတများကို စူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နာဂဒေသ အတွင်း ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဒေသတွင်း အခြေခံကျန်းမာရေးဝန်ထမ်းများ ပြည့်စုံမှုရှိစေရေး စီမံ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားရာတွင် ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ချီးမြှင့်ပေးနိုင်ရေး ဖိတ်ကြားခဲ့ပြီး တက်ရောက်ခဲ့ရသည့်အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးရှိ ဒေသများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ၊ တင်ပြချက်များအပေါ် တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ မလာရောက်မီကပင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် အဓိကအလေး ထား စဉ်းစားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဒေသတွင်နေထိုင်ကြသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အကျိုးရှိပြီး ထိရောက်မှုရှိသည်ဖြစ်သဖြင့် ယခုကဲ့သို့ နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြ နိုင်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းအရာများစွာရှိပြီး အထူး သဖြင့် စားရေရိက္ခာဖူလုံပေါများရေးပင်ဖြစ်ကြောင်း၊ နာဂဒေသတွင် ဒေသဝမ်းစာဆန် ဖူလုံမှုမရှိသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် ပုံမှန်စားသုံးသည့် ဆန်များပိုမိုရရှိရေး စပါးစိုက်ဧကများ ထပ်မံတိုးချဲ့ခြင်းနှင့် တစ်ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် ခြင်းများကို ဆောင်ရွက်၍ ရကြောင်း၊ သို့သော် နာဂဒေသသည် တောင်တန်း ဒေသ ဖြစ်သည့်အတွက် စိုက်ပျိုးဧကများ ထပ်မံတိုးချဲ့ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် စားရေးကို အထောက်အကူပြုစေသည့် ဆန်စပါးအထွက်တိုးအောင် ကြိုးစားစိုက်ပျိုးမှု အပြင် ဒေသတွင်းဖြစ်ထွန်းသည့် “ဝ” ဥ စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်၍ ရကြောင်း၊ စပါးစိုက်ပျိုးမှုများ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်အတွက် မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန် လိုကြောင်း၊ တောင်ယာများစိုက်ပျိုးခြင်းထက် လှေခါးထစ်ပုံစံ ကုန်းမြင့်လယ် စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြစေလိုပြီး  ဒေသတွင်း စားရေးဖူလုံစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းထက် ခေတ်မီနည်းဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ပိုမိုဖြစ်ထွန်းမည် ဖြစ်ပြီး ဒေသအတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးမြေ ကောင်းမွန်ရန်၊ တိရစ္ဆာန်များ အတွက် အစာအာဟာရများလုံလောက်စွာ ရရှိရန်လိုကြောင်း။

ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် ဒေသဦးစီးအဖွဲ့မှ ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ဒေသတွင်းမှ ထုတ်ကုန်များကို ပိုမို တိုးမြှင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေရှည်ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများ ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လက်ဖက်စိုက်ပျိုးခြင်းကိုလည်း ဒေသထုတ် ကုန်တစ်ခုအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ လက်ဖက်နှင့် ကော်ဖီကို နာဂဒေသ၏ အဓိက ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ အလားတူ လိမ္မော်သီးနှင့်အခြားအသီးအနှံများကိုစိုက်ပျိုး၍ ထုတ်ကုန်များကို ပိုမိုတိုး တက်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက် ထုတ် ကုန်များပိုမိုတိုးတက်အောင်ထုတ်လုပ်ကြရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်မှု များ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆက်လက်ဆောင်ရွက် ပေး သွားမည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် ပညာရေး

ကုန်ထုတ်လုပ်မှုရှိမှသာလျင် ဝင်ငွေရှိမည်ဖြစ်ပြီး ဝင်ငွေရရှိမှသာလျင် ဒေသတွင် နေထိုင်သူများနှင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ် အကိုင်များဆောင်ရွက်နိုင်ရန်၊ ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန် ရန်အဓိကလိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခင် သမ္မတ ကြီး ဦးသိန်းစိန်နှင့်အတူ လာရောက်ခဲ့စဉ် နာဂဒေသအတွင်း၌ ကျန်းမာရေး ဝန်ထမ်း များ လိုအပ်ချက်ရှိကြောင်းကို တင်ပြချက်များအရ သိရှိခဲ့ရသဖြင့် တပ်မတော်သား ဆေးမှူးအရာရှိများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဝေးလံခေါင်ဖျားဒေသများမှ တိုက်နယ်ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်၍ တာဝန်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးသည် အရေးကြီးပြီး ကျန်းမာရေးကောင်းမွန်မှသာလျင် အခြားကိစ္စရပ်များကို အောင်မြင် အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးကုသမှုတစ်ခု တည်းသာမက ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်သွားလာစားသောက်မှုပုံစံရှိစေ ရေး မိမိကိုယ်မိမိ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ နာဂဒေသတွင် ပညာရေးလိုအပ်ချက်ရှိသည်ကို တွေ့ရှိရပြီး ယခုအခါ ထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး အနည်းဆုံး အလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းလိုအပ်ချက်များအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ အသိပညာ၊ အတတ်ပညာများ မြင့်မားစေရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးမြှင့်တင် နိုင်ရန်အတွက် မိမိတို့အနေဖြင့် ပညာရည်မြှင့်တင်ရေး  လုပ်ငန်းများကို အလေးထား အားပေးဆောင်ရွက်ပေးလျက်ရှိပြီး နာဂဒေသတွင်လည်း ပညာရည်မြင့်မားရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် မိမိတို့၏ သားသမီးများအားလုံး ပညာ တတ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ အကြိမ်ကြိမ်တင်ပြ ခဲ့သော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဥပဒေအရ ဖြေရှင်းခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်မှ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူထမ်းဆောင်ချိန်တွင်  NLD ပါတီကိုထောက်ခံသည့်သူများက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး ဆူပူ ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ဥပဒေနှင့် အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်လည်း ဥပဒေနှင့်အညီသာ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း။

နာဂဒေသအတွင်း လျှပ်စစ်ဓာတ်အားဖူလုံစွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်

လဟယ်ဒေသတွင် လျှပ်စစ်ဓာတ်အားထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ လေရှီးဒေသတွင်လည်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နန်းယွန်းဒေသတွင်လည်း လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့် လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးများလိုအပ်ကြောင်း၊ ဒေသ အလိုက် ထုတ်ကုန်များကိုထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် ဝင်ငွေများပိုမို ရရှိလာမည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်းရပ်များအားလုံး တိုးတက်အောင် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများ ကိုပေးအပ်ရာ ဒေသအဆင့်ဌာနဆိုင်ရာများကိုယ်စား ဒေသအုပ်ချုပ်ရေးမှူး ဦးနေမင်းသူ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်း တို့က လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  သည် လဟယ်မြို့၊ အားကစားကွင်းအား ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်း အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။