နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်

                                                                                                 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေး

နေပြည်တော်၊ ဇူလိုင် - ၂

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ အား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)ရှိ မင်္ဂလာခန်းမ၌တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် များ၊  ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၍  လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တွေ့ဆုံခြင်းဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင်  နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရေးအတွက် တွေ့ဆုံ ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI)အနေဖြင့် အဓိကအားဖြင့် ထုတ်လုပ်မှုအပိုင်း၊ ကုန်သွယ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်း စသည့်အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်များ သည် နိုင်ငံ၏ GDP တွက်ချက်မှုတွင် ပါဝင်သည့်အပိုင်းများဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အဆိုပါကဏ္ဍများ၌ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်း များစွာလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍများအားလုံးနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်နှင့် လိုအပ်သည်များကိုမှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည် ငြိမ်း ချမ်းမှုရှိရမည်၊ ပြည်သူများအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ကိုင်ဆောင် ရွက်နိုင်မှုရှိရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ မြို့ပြများတွင်သာမက ကျေးလက်ဒေသများပါ မကျန်တစ်နိုင်ငံလုံးတွင် ထိုသို့ဖြစ်ရမည်ဖြစ်ကြောင်း။

စားရေရိက္ခာဖူလုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှိပြီးဖြစ်သည့် အရင်းအမြစ်များနှင့် သယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရမည်

စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်သည့် ရေမြေသယံဇာတများ ပေါများစွာရှိပြီး အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များလည်း ရှိပြီးဖြစ်ကြောင်း၊ သို့သော် စားရေရိက္ခာထုတ်လုပ်မှုနှင့်ပတ်သက်၍ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ များပြားခြင်းများ ကြောင့် ရှိသင့်သည့်ကုန်ဈေးနှုန်းထက် ကြီးမြင့်နေသည်ကိုတွေ့ရကြောင်း၊ ဝယ်လိုအား နှင့်ရောင်းလိုအား မျှတမှုမရှိခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီး မြင့်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် မြေသယံဇာတ၊ ရေသယံဇာတ အခြေခံကောင်းများရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံအတွက် ထုတ်လုပ်မှု နည်းပါးခြင်းကြောင့် မဖြစ်သင့်ကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် မြေများလုံ လောက်စွာရှိသော်လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရိက္ခာများဖူလုံသင့်သလောက် ဖူလုံခြင်း မရှိသည်ကိုတွေ့ရှိရကြောင်း၊  မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉ သန်း ရှိပြီး ၆ သန်းကျော်သာ သီးထပ်စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးပြီး သည့်အချိန်တွင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ကျန်ရှိ သည့် ၇ သန်းကျော်တွင် သီးထပ်များစိုက်ပျိုးခြင်းမရှိသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါ စိုက်ပျိုးခြင်းမရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အခြေခံရေသယံဇာတများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ခြင်းမရှိသည်ကိုတွေ့ ရှိရကြောင်း၊ စိုက်ပျိုးရေများရရှိရေးကြိုးပမ်းဆောင်ရွက်ပြီး မြေကိုအကျိုးရှိစွာအသုံးချ နိုင်မည်ဆိုပါက စားရေရိက္ခာများဖူလုံပြည့်ဝလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမို ဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့်ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ကာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်တွင်ရှိသည့် မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲရာ တွင် မြေအောက်သယံဇာတပစ္စည်းများသည် ထုတ်ယူသုံးစွဲပြီး ကုန်ဆုံးသွားပါက ပြန်လည်ဖြည့်တင်း၍ ရနိုင်မည်မဟုတ်ကြောင်း၊ သတ္တုပစ္စည်းများကို ထိုက်သင့်သ လောက်သာ ထုတ်လုပ်ခွင့်ပြုထားကြောင်း၊ တွင်းထွက်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းများထုတ်လုပ်ခြင်းထက် ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ခြင်း ကိုဆောင်ရွက်ရန်လိုကြောင်း၊ မြေအောက်သယံဇာတများသည် ချက်ချင်းပြန်လည် ရရှိခြင်းမရှိဘဲ နှစ်ပေါင်းများစွာစုဆောင်းရခြင်းဖြစ်ကြောင်း၊ မြေပေါ်သယံဇာတ များသည် လူများက ပြန်လည်ဖြည့်ဆည်း၍ရကြောင်း၊ ဥပမာအားဖြင့် သစ်တောများ ထုတ်ယူပြီးပါက ပြန်လည်စိုက်ပျိုး ဖြည့်တင်းဆောင်ရွက်နိုင်ကြောင်း၊ သစ်တောစိုက် ပျိုးရန် ခွင့်ပြုထားသည့် အချို့မြေနေရာများ၌ သစ်ပင်သစ်တောများကို မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ယခင်ကခွင့်ပြုခဲ့သည့် အဆိုပါ စိုက်ပျိုးမြေများပေါ်တွင်အမှန်တကယ်စိုက်ပျိုးခဲ့မည်ဆိုပါက ယခုအချိန်တွင် သစ်ထုတ် လုပ်မှုများဆောင်ရွက်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းဆောင်ရွက်

စက်မှုလက်မှုလုပ်ငန်းများတွင် MSME လုပ်ငန်းများလည်းပါဝင်ကြောင်း၊  MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ရရှိရန်သေချာသည့် ကုန်ကြမ်းပစ္စည်းများ ဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် အသေချာဆုံးကုန်ကြမ်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ထုတ် လုပ်လျက်ရှိပြီး ဆန်စက်၊ ဆီစက်များသည် စက်မှုလုပ်ငန်းများတွင် အကျုံးဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများထွက်ရှိသဖြင့် ဆီစက်လုပ်ငန်းများကို လည်ပတ်နိုင်ကြောင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ် စသည့်ဆီထွက်သီးနှံများ၏ လက်ရှိအထွက်နှုန်းအတိုင်း ဆီထုတ်လုပ်မည်ဆိုပါက စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင် နှုန်းရှိကြောင်း၊ အဆိုပါဆီထွက်သီးနှံများကိုအသုံးပြုရာတွင် မြေပဲ၊ နှမ်းများမှာ ရိုးရာနည်းဖြင့် စားသုံးခြင်း၊ ပြည်ပသို့တင်ပို့ခြင်းနှင့် ဆီထုတ်လုပ်ခြင်းများ ဆောင်ရွက် ကြကြောင်း၊ ရိုးရာစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ခြင်းများကြောင့် ထွက်ရှိသည့်မြေပဲ နှင့်နှမ်းများ၏ ရာခိုင်နှုန်း ထက်ဝက်ခန့်လျော့နည်းသွားသဖြင့် ပြည်တွင်းဆီဖူလုံမှုကို လျော့နည်းသွားစေကြောင်း၊ ထို့ကြောင့် ဆီထွက် သီးနှံများကိုပြည်ပသို့တင်ပို့ခြင်းထက် ဆီထုတ်လုပ်ခြင်း၊  ရိုးရာနည်းဖြင့်စားသုံးမှုများကို ထိန်းသိမ်းခြင်းများကို ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင်စိုက်ပျိုး ထုတ် လုပ်နိုင်ရန်လိုကြောင်း၊ အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း တိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်များရရှိရန်သာမက၊ ထိုက်သင့်သည့် မြေဩဇာများ ထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊  စိုက်ပျိုး ရေများ လုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်များမှန်ကန်စွာ စနစ်တကျစိုက်ပျိုး နိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြု ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံ စိုက်ပျိုးမှုမှာ (စားအုန်းဆီ) မပါစိုက်ဧက ၈ သိန်းရှိပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားသုံးဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိမည် ဖြစ်သဖြင့် ပြည်ပမှ ဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းထုတ်လုပ်မှုများကိုမြှင့် တင်နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးမှာ များစွာ တိုးတက်ပြောင်းလဲသွားနိုင်ကြောင်း။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းများကို ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်း ၌ဆီထုတ်လုပ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရ ခြင်း၊ တိရစ္ဆာန်အစာအတွက်လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များ ရရှိခြင်း၊ အလုပ်အကိုင် များရရှိခြင်းများဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက် အကူပြုစေမည် ဖြစ်ကြောင်း၊ အလားတူ အခြားသယ်ယူပို့ဆောင်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လည်း လည်ပတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ စတင်လိုက်သည့် ထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို များစွာ ပြောင်းလဲသွားစေနိုင်သည့်အတွက် မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး အခြေခံ အကျဆုံးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်ပသို့ လယ်ယာထွက်ကုန်များ တင်ပို့ခြင်းနှင့် ပတ်သက်၍ စနစ်တကျဖြင့် စဉ်းစားသုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွက် အကျိုး ဖြစ်ထွန်းနိုင်သည့် အခြေအနေများကို စဉ်းစားသုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကတာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြပြီး ကဏ္ဍပေါင်းစုံမှ တင်ပြချက်များသည် နိုင်ငံ့ စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် စဉ်းစားဆောင်ရွက်နိုင်မည့်အဖြေများရရှိ မည်ဟုမျှော်လင့်ပါကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နိုင်ငံတော်၏ ကောင်းရာ ကောင်းကျိုးအတွက် အလေးထား ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းက လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် စီးပွားရေးကဏ္ဍ မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ၂၀၂၂ ဒီဇင်ဘာလအတွင်း  ပထမအကြိမ်တွေ့ဆုံခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်ဆွေးနွေးချက်များအပေါ် လိုက်နာဆောင်ရွက်ခဲ့မှု၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဝန်ကြီးဌာနများနှင့်လည်း ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည် ဖြစ်သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်လျက်ရှိနေမှုအပေါ် ဆွေးနွေးအဖြေရှာလျက်ရှိမှု၊ တရားမဝင် ကုန်သွယ်မှုများသည် ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့်အတွက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင် ရွက်သွားရန်လိုအပ်မှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ မူဝါဒများအပါအဝင် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုသည့် နည်းပညာပိုင်း ဆိုင်ရာနှင့် အရင်းအနှီး လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ကိုယ်စား ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း ကိုယ်စား ဦးထွန်းလွင်၊ ပြောင်းလုပ်ငန်းရှင်များအသင်းကိုယ်စား ဦးအေးချမ်းအောင်နှင့် ဦးဖြိုးကိုကိုနိုင် တို့ကလည်းကောင်း၊ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကိုယ်စား ဦးသိန်းမြင့်ကလည်းကောင်း၊ ရေလုပ်ငန်းကဏ္ဍ နှင့်ပတ်သက်၍ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကိုယ်စား ဦးဌေးမြင့် က လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းကိုယ်စား ဦးအေးထွန်း၊ CMP လုပ်ငန်းများ ကိုယ်စား ဒေါ်ခိုင်ခိုင်နွယ်၊  မြန်မာ နိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းကိုယ်စား ဦးထွန်းဝင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကိုယ်စား ဦးအောင်ရွှေ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စား ဦးဆန်းလင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကိုယ်စား ဦးခင်စိုး တို့ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်း ကိုယ်စား ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကိုယ်စား ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ကိုယ်စား ဒေါ်သစ်သစ်ထက် တို့က လည်းကောင်း၊ အထောက် အကူပြုနှင့်အခြားကဏ္ဍများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းကိုယ်စား ဦးခင်စိုး၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်းကိုယ်စား ဒေါ်ခင်စောဦး၊ မန္တလေးကုန်သည် စက်မှုအသင်းကိုယ်စား ဦးဝင်းဌေး၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကိုယ်စား ဦးမြင့်ဟန်၊ မြန်မာ နိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်းကိုယ်စား ဦးခင်မောင်တင့် တို့ကလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေး လုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုများ၊ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျင် မွေးမြူရေးလုပ်ငန်းများ အတွက် လိုအပ် သည့် တိရစ္ဆာန်အစာကုန်ကြမ်းများသည်လည်း ဈေးနှုန်းသက်သာစွာ ရရှိနိုင်မည်ဖြစ် သဖြင့် လုပ်ငန်းအချင်းချင်းချိတ်ဆက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်း ဖူလုံရေးကို ဦးစွာ ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ ကုန်ချောတင်ပို့မှု များအစား ကုန်ချောထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် အရင်းအနှီးများ၊ နည်းပညာများနှင့် မူဝါဒပိုင်း ဆိုင်ရာတို့တွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်နှင့် စက်မှုကုန်ထုတ်ပစ္စည်းများ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးနှင့် ဈေး ကောင်းရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ အခြားစီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ဝန်ဆောင်မှုကဏ္ဍ၌ ခရီးသွားလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့နှင့် ပတ်သက်၍ လိုအပ်ချက်များကို အသီးသီး တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးအောင်နိုင်ဦး တို့က နိုင်ငံတော်အနေဖြင့် အခက်အခဲများ၊ ကန့်သတ်ချက်များကြားမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာ သည့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လုပ်ငန်း ရှင်များအနေဖြင့်လည်း မိမိတို့ ချေးယူထားသည့် ငွေကြေးများကို မှန်မှန်ကန်ကန် အသုံးချရန်နှင့် အချိန်မီပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ထိုကဲ့သို့ ကဏ္ဍအလိုက် ချေးငွေများကို ပြန်လည်ပေးဆပ်မှသာလျင် နိုင်ငံတော်၏ လည်ပတ်ရင်းနှီးငွေများ သည် ပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ် စေနိုင်မှု၊ ပြည်ပသွင်းကုန်များနှင့် ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ပေးထားသည့် မူဝါဒများ၊ ခွင့်ပြုချက်များ ရယူပြီးမှ တင်သွင်းမည်ဆိုပါက ပိုမိုလွယ်ကူချောမွေ့မည် ဖြစ်သဖြင့် လိုက်နာဆောင်ရွက်သွားရန် လိုအပ်မှု၊  စိုက်ပျိုးရေးနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ကုန်များဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်လျက်ရှိမှု၊ ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်လျက် ရှိသဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ကုန်စည်စီးဆင်းမှုများနှင့် ငွေကြေးလည်ပတ်မှုများ မြန်ဆန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားကြသည်။

နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို အစိုးရမှဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများကလည်း အတူတကွ ဝိုင်းဝန်းကြိုးပမ်းရန်လို

        ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍  ပြောကြားရာတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)သည် အဓိက အားဖြင့်  ရောင်း ဝယ်မှုများဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာလျင် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် အရေအတွက် များများ ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်သကဲ့သို့ နိုင်ငံ့အကျိုးအတွက်လည်း ကြည့်၍ချိန်ဆဆောင်ရွက်ကြ စေလိုကြောင်း၊ မိမိတို့နိုင်ငံသည်ကုန်ပစ္စည်းထုတ်လုပ်မှုမရှိဘဲ ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်ပစ္စည်းများကိုသာ အားထားအသုံးပြုနေရသည့် နိုင်ငံဖြစ်သဖြင့် ထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်တပ်မတော်အစိုးရ လက်ထက်တွင်ပြည်ပမှ ချေးငွေများ ရှိခဲ့ခြင်းမရှိကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်း ကာလ နှစ်ခုတွင် နိုင်ငံတကာမှ ထောက်ပံ့ငွေ၊ ကူညီငွေများနှင့် ချေးငွေများ ရရှိခဲ့ ကြောင်း၊ အဆိုပါငွေများဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်ပြီး နိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ခြင်းထက် Non-Trade လုပ်ငန်းများမှရရှိသည့် နိုင်ငံခြားငွေများကို သုံးစွဲ၍ ပြည်ပမှ သွင်းကုန်များတင်သွင်း သုံးစွဲခြင်းက ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း။

        ထို့ကြောင့် မိမိတို့ တာဝန်ယူရသည့်အချိန်တွင် ပြည်ပသွင်းကုန်များအစားထိုးနိုင် ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့တင်ပို့နိုင်သည်အထိပါ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ (UMFCCI) အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း၊ (UMFCCI) သည် ရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြသူ များဖြစ်ကြပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အဖွဲ့များဖြစ် သောကြောင့် မိမိအနေဖြင့် အချိန်ယူတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တွေ့ဆုံ ဆွေးနွေးမှုများကို ပြန်လည်သုံးသပ်၍ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့အစိုးရပိုင်းအနေဖြင့်လည်း ဆောင်ရွက်၍ရသည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းပင်ဖြစ်ပြီး နိုင်ငံတော်အစိုးရဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင် ရာ တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုပိုင်း ဆိုင်ရာတာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များ ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ ရောင်းဝယ်ခြင်းဝန်ဆောင်မှုများ ဖြစ်ပေါ် လာမည်ဖြစ်သဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန် မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းပြောကြားလို ကြောင်း။

ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးတင်ပြခဲ့သည့် အချက်များကို အလေးထားမှတ်သား ထားရှိပြီး ပြန်လည်သုံးသပ်၍ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ (UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေး နိုင်ခဲ့ပြီး အချိန်ပေး၍ ဆွေးနွေးခဲ့မှုများ၊ အမြင်ချင်းဖလှယ်ခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို ညနေ ၃ နာရီခွဲခန့်တွင် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ် အမှုဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။