နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၂

        ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)ကိုယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ဆောင်ရွက်ပေးခဲ့

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း  နယ်မြေလုံခြုံ ရေးစခန်းများ နှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း။

မိမိအနေဖြင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင် ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်

အစိုးရအဖွဲ့ဆိုသည်မှာ တိုင်းပြည်ကိုတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ရာထူးများသည် နိုင်ငံရေးရာထူးများဖြစ်ကြောင်း၊  အစိုးရအဖွဲ့မှချမှတ်ပေးသည့် မူဝါဒ များ၏ လုပ်ငန်းများကို အသေးစိတ်အကောင်အထည်ဖော်ရာတွင် အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရ များအနေဖြင့် ပြောင်းလဲသော်လည်း အစိုးရဝန်ထမ်းများမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အစိုးရသက်တမ်းတစ်ခုတွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းနှင့် လုပ်ငန်းများအားလုံးကို မှတ်တမ်းတင်ထားပြီး ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများက အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။

နောက်ထပ်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏မူဝါဒများနှင့်ဆက် လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ရှေ့အစိုးရအဆက်ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရသက်တမ်းတစ်ခု၌  နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များ ရှိမည်ဖြစ်ကြောင်း၊ ၎င်းကိုနောက်တက်လာမည့် အစိုးရကလည်း ၎င်းတို့၏မူဝါဒနှင့် ကိုက်ညှိလျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း၊ ဆောင်ရွက်မှု ရှိ/မရှိဆိုသည်ကို တည်ဆဲအစိုးရက တာဝန်ယူ၊ တာဝန်ခံရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြီးခဲ့သည့်အစိုးရနှင့် အစိုးရအဆက်ဆက် မှဆောင်ရွက်ခဲ့သည့် စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့်ရပ်တန့်နေ ရသည့် စီမံကိန်းနှင့်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ပြန်လည်စိစစ်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အချို့စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများ နှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင် ရွက်ရခြင်းများရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် စနစ်တကျရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ဆောင်ရွက်

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ စီးပွားရေး လုပ်ငန်းများကိုဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိက အားဖြင့် စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ် ကြသည့် ကော်ဖီနှင့်ရာဘာစိုက်ပျိုးခြင်းများ၊ မွေးမြူရေးတွင်အဓိက စားသုံးကြသည့်  ကြက်၊ ဝက်၊ အမဲ၊ ဆိတ်နှင့် ငါးများကို နိုင်ငံအတွင်းစိုက်ပျိုးမွေးမြူနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက် နေခြင်းဖြစ်သဖြင့် မိမိတို့နိုင်ငံ၏စီးပွားရေးကို အဓိကမောင်းနှင်နေသူများဖြစ်ပြီး ၎င်းတို့၏ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက် ပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှု ထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာ ကုန်ပစ္စည်းရောင်းဝယ်မှုများဖြစ် ပေါ်လာမည် ဖြစ်ကြောင်း၊ သို့မှသာ ဆက်စပ်နှီးနွယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေး ရေးလုပ်ငန်းများဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်အနေဖြင့်အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အဆိုပါလုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိ/မရှိ ပြန်လည်သုံးသပ်၍ဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေ ခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal ဆိုသည့်အတိုင်း နိုင်ငံ စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်သွားမည်ဆိုပါက မျှော်မှန်းသည်ထက်ပိုမို တိုးတက်အောင်နိုင်မြင်မည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးတွင်းကာလတွင် တစ်နိုင်ငံ လုံး လယ်စပါးစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧက ၁၃ ဒသမ ၁၇ သန်းစိုက်ပျိုးခဲ့ပြီး ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင်တင်း ၁၀၀ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လယ်စိုက် ပျိုးမှု၊ တောင်ယာနှင့် အခြားမြေများ၌စပါးစိုက်ပျိုးမှုများအပါအဝင် စုစုပေါင်းစပါး စိုက်ပျိုးမှု မှာ ၁၄ ဒသမ ၉ သန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၇၃ ဒသမ ၁၁ သန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုး ကို စနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများ ကောင်းမွန် မည်ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးရန်လိုကြောင်း၊ မြေပြု ပြင်ရာတွင်လည်း စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် မြေဩဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း။

မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် နှစ်များအတွင်း မိုးတွင်းကာလများ၌ စိုက်ပျိုးရေးကိုထိခိုက်စေနိုင်သည့် ရေပြတ်လပ်မှုများမရှိခဲ့ကြောင်း၊ မြေအနေဖြင့်လည်း ပြောစရာမရှိကြောင်း သို့သော်စိုက်နည်းစနစ်များ မှန်ကန်စွာဖြင့် ကောက်ကွက်များ ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊ကြဲပက်၍စိုက်ပျိုးမည့်အစား အနည်းဆုံးတိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုများအောင်မြင်တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ GDP များတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ GDP နည်းပါးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ နှင့်ယင်းကိုအခြေခံသည့် MSME များအောင်မြင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း။

လုပ်ငန်းများအောင်မြင်စေရေး စနစ်တကျဖြင့်ဆောင်ရွက်

လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ နှင့် အညီချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ လုပ်ငန်းများကြန့်ကြာမှု မရှိ စေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့်စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို  Check List များ ထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နှင့်နှီးနွယ်နေသည့် လုပ်ငန်းရပ်များ အောင်မြင်စေရေး လူတိုင်းတွင်တာဝန်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းများရှိရန်လည်းလိုကြောင်း။

ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း များရေးဆွဲရာတွင် အမှန်တကယ်အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် စီမံကိန်းများ ကိုသာရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းကြောင်းကြောင့် အကောင် အထည်ဖော်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် နစ်နာမှုများစွာဖြစ်ပေါ်စေနိုင် ကြောင်း၊ ထို့အပြင်ဝန်ကြီးဌာနများအတွင်း ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းများ ခွင့်ပြုပေးခြင်းများနှင့်ပတ်သက်၍ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်မျဉ်း ဥပဒေများကို ကျော်လွန်ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း။

လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့်စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် မိမိတို့လူမျိုးများအနေဖြင့် အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပမာ အားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေကိုအကျိုးရှိစွာအသုံး ချနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ သီးထပ်စွမ်းအားများတိုးတက် လာမည်ဆိုပါက ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ရေရရှိရေး နိုင်ငံတော် မှ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်သည့် တာဝန်ရှိသူများအနေဖြင့်လည်း နည်းလမ်းများရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ ထိခိုက်စေလျက်ရှိ ကြောင်း၊ ထို့ကြောင့်ထိုက်သင့်တဲ့တိုးတက်မှုများရရှိရန်အတွက်  ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်အစိုးရကချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်မှာကြား လိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  နိုင်ငံတော် ဘဏ္ဍာငွေရရှိရေးနှင့်ပတ်သက်၍ အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့် ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကိုချဲ့ထွင်၍ ထိထိရောက် ရောက် ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့်ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန် လိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အပေါ်မူတည်ပြီး   ထုတ် လုပ်ရသည့်လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ်မထိခိုက်စေဘဲ ထုတ်လုပ်၍ရ သည့် လုပ်ငန်းနှစ်မျိုးရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ်မူတည်၍ ထုတ်လုပ်ရ သည့် သယံဇာတပစ္စည်းထုတ်လုပ်မှုများသည် သတိထားရပြီး နိုင်ငံတကာတွင်လည်း ကန့်သတ်ချက်များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ထုတ်လုပ်ရနိုင် ကြောင်း၊  စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများအပေါ် အခြေခံပြီး ဆောင်ရွက်သည့် စက်ရုံများနှင့် ဝန်ကြီးဌာနပိုင် စက်ရုံ၊ အလုပ်ရုံများ ရှိကြောင်း၊ ယင်းစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများကို အကောင်ဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း။

မျိုးဆက်သစ်များကို အမွေပေးနိုင်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်၊ ဗလငါး တန်ကောင်းမွန်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလိုစိတ် ရှိလာစေရန် အဓိကရည်ရွယ်ပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေး ခဲ့ပါကြောင်း၊ ယခုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မိမိကိုယ်တိုင် အလေးထား တက်ရောက်အားပေးခဲ့ပါကြောင်း၊ အမျိုးသားရေးအရ ဆောင်ရွက်ရမည့် ပွဲကြီးဖြစ် သဖြင့် လူအား၊ ငွေအား၊ အချိန်အား များစွာစိုက်ထုတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို အမျိုးသားရေးအရ ဆောင်ရွက်ရသည့် ပွဲကြီးကိုအားလုံးဝိုင်းဝန်း အားပေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။