နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်း တို့သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်း တို့သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 
နေပြည်တော်၊ ဇန်နဝါရီ - ၁၆

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်၌လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓ သာသနာပြု သီလရှင်ကျောင်း တို့သို့သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူ ဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဒဓ္မဇောတိကဓက ဘဒ္ဒန္တသုမန အမှူးပြုသည့် သံဃာ တော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် သာသနာတော် ထွန်းကား ပြန့်ပွား ရေးဆိုင်ရာများ၊ ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန် တော်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာမှုရှိစေရေးတို့အတွက် အမြဲမပြတ်ဆောင်ရွက်ပေးနိုင်ရေး နယ်မြေခံ တာဝန်ရှိသူများကို မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ ရောက်ရှိကြပြီး သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီ နှင့် သီလရှင်ဆရာကြီး၊ ဆရာလေး များကို ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြား ရေးဆိုင်ရာများနှင့် သီလရှင် ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက် ထားကာ နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းဝန်းအတွင်းနှင့် ဆွမ်းစားဆောင် တို့ အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။