နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုနှင့် ဘားအံမြို့ နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများအား သွားရောက်ကြည့်ရှုစစ်ဆ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုနှင့် ဘားအံမြို့ နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ - ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဦးစိုးလွင် တို့က ဇွဲကပင်အားကစားကွင်းအား နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင် နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အားကစားကွင်းသည် ပြည်နယ်အဆင့်နှင့် လျော်ညီရမည် ဖြစ်ပြီး နောင်တွင် တိုးတက်လာမည့် လူဦးရေတို့ကိုပါ ထည့်သွင်းတွက်ချက်၍ ဝင်ဆံ့မှု ကို ရေရှည် မျှော်တွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားကွင်းအနီး၌ ပြည်နယ် အဆင့်နှင့် လျော်ညီသည့် မိုးလုံလေလုံ အားကစားရုံအသစ်တစ်ခု ဆောက်လုပ်နိုင်ရေး၊ ဒိုင်ဗင်စင်ပါအဆင့်မီရေကူးကန်တည်ဆောက်ရေး လျာထားတင်ပြရန်နှင့် အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားနည်းမျိုးစုံကို အဆင့်မီစွာ လေ့ကျင့်ယှဉ်ပြိုင် နိုင်ရေး ပြည်နယ် Sport Complex တစ်ခုကို ဖော်ဆောင်ပေးရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အားကစားကွင်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန် ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူ လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်း မာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။