နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

 
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုသိမ်လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေ အနေတွင်ရှိနေပြီး ကျေနပ်ဖွယ်ရာကောင်းသည့်၊ မိမိတို့မြန်မာနိုင်ငံအတွက် အားကိုး အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေတွင် ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံး၏ ကောင်းမွန်သည့် လုပ်ဆောင် ချက်များနှင့် ဒေသခံပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့်ပင်ဖြစ် ကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းစွာ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်စေရခြင်းမှာလည်း တစ်ဦး ချင်းတစ်ယောက်ချင်းစီ၏ ဝင်ငွေများ တိုးပွားလာမှုမှအစပြု၍ ဒေသတွင် နေထိုင်သူ များအားလုံး၏ ဝင်ငွေများယခင်ကထက်တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေ များပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာနိုင်မည် ဖြစ်သောကြောင့်ဖြစ်ကြောင်း၊ အထွက်နှုန်းပိုမိုကောင်းမွန်ပြီး ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ စီးပွားရေးအားသည်လည်း တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခွန်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတွင်း လည်ပတ်သုံးစွဲငွေများ ပိုမိုများပြားလာပါက နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား ကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြစေလို ကြောင်း။
ထို့ပြင် ဒေသတွင်း စီးပွားရေးပိုမိုကောင်းမွန်စေရေးအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အိမ်သာမှသာလျင် ဧည့်လာမည်ဖြစ်သဖြင့် မိမိတို့ နေထိုင်ရာ အိမ်၊ လမ်းမှ အစပြု၍ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများကိုလည်း ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ဆောင်ရွက်ထားရှိပါက မြင်သူအပေါင်းတို့ကို စိတ်ချမ်းမြေ့စေမည်ဖြစ်ပြီး နောင်များ တွင်လည်း လာရောက်လည်ပတ်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်း များကိုလည်း စည်းကမ်းစနစ်တကျဖြင့် စေတနာထားဆောင်ရွက်ရန်လိုပြီး ဌာနများ အားလုံး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လေကောင်း လေသန့် ရရှိရေးနှင့် အလင်းရောင် ကောင်းမွန်စွာ ရရှိရေးအတွက်လည်း သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များကို အလင်းဖွင့်ခြင်း၊ အောက်ခြေ ရှင်းခြင်းများ ဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တစ်ဦးချင်းလုပ်ငန်းတာဝန်များကို ကျေပွန် အောင်ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ သတင်းလုံခြုံမှု မကျိုးပေါက်စေရေးအတွက် လည်း သတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ ဝန်ထမ်း များ လိုက်နာရမည့် စည်းကမ်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ် ပြိး မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ အထက်နှင့် အောက် ကောင်းမွန်သည့် ဆက်ဆံရေးရှိရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကို စေတနာအပြည့်ဖြင့် ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်နှင့် အခွင့်အရေး များကို ပြည့်ပြည့်ဝဝ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချင်းချင်း မိသား စုကဲ့သို့ ထိတွေ့ဆက်ဆံကာ လူမှုရေးအခက်အခဲ၊ မိသားစုအခက်အခဲများကို ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူညီဖေးမ ဆောင်ရွက်ကြ ရမည်ဖြစ် ကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်နှင့် ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လက်ခံသည့် အစိုးရဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ အချို့သော ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏ အလုပ်ကို ကျေပွန်စွာနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းစွာ ဆောင်ရွက် နိုင်သောကြောင့် ပြည်သူများကပင် ၎င်းတို့၏ ဒေသများ၌ပင် ဆက်လက်တာဝန် ထမ်းဆောင်ပေးရန် တောင်းဆိုရသည့် သာဓကများလည်း ရှိပြီးဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူ ဖြစ်စေ ရန်အတွက် လိုအပ်သည့် ဖြည့်ဆည်းပေးမှုများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့ဆောင်ရွက်ပေးသည့် သက်သာချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်စေ မည်ဖြစ်ပြီး လုပ်ငန်းတာဝန်ထမ်းဆောင်မှုများတွင်လည်း ပိုမိုအကျိုးဖြစ်ပေါ်လာစေ မည်ဟု ယုံကြည်ပါကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူ ဦးရေ အများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေး ကို အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံသားအားလုံး KG+9 အောင်မြင် စေရေးအတွက် စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လည်း မိမိတို့၏ သားသမီးများ၏ ပညာရည်မြင်မားရေးကို အားပေးဆောင်ရွက် ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် စံပြဖြစ်အောင် ဆောင်ရွက် စေလိုပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက စံထားအတုယူရသည်အထိ ဖြစ် အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိအနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များအားလုံးကို အသိအမှတ်ပြုအားပေးပါကြောင်းနှင့် ဆက်လက်၍ လည်း ကြိုးစားအားထုတ်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။