နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ   သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း များ ကပ်လှူ ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးကို လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် တွက်ချက်ဆောင် ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ သာသနိကအဆောက်အဦများ ဖြစ် သည့်အတွက် အဘက်ဘက်မှ တွက်ချက်စိစစ်ကာ အလေးထား လုပ်ဆောင်ရန်လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြတ်မော်တင် ဆံတော်ရှင်စေတီတော် ၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေးစီမံကိန်း လုပ်ငန်း အဆင့်လိုက် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းအဆင့်များ အားလုံးပြီးစီးပါက တွေ့မြင့် ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီး သည် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်သဖြင့် ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပြတ်စေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမှု များ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်လိုကြောင်း၊ လုပ်ငန်းစဉ်များအလိုက် စနစ်တကျဖြင့် ဆောင် ရွက် သွားရန်လိုသကဲ့သို့ ရေရှည် မျှော်တွေး၍ တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကိုလည်း တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီတော်မြတ်ကြီး၏ မူလအတိုင်း ကြည်ညိုသပ္ပါယ်မှုရှိစေရေးကိုလည်း မထိခိုက်စေရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အကျယ်အဝန်းသည် ၄၃ ပေခန့်သာ ကျယ်ဝန်းသဖြင့် ဘုရားဖူးလာ ရဟန်းသံဃာ မိဘပြည်သူများ သက်တောင့်သက်သာကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်နိုင် ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများနှင့် ပုံစံငယ်ပြုလုပ်ထားရှိမှုတို့ကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆွေးနွေးသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး ပရိဝုဏ်အတွင်းလှည့်လည့်ကြည့် ရှု၍ ရှေးဟောင်းသာသနိကအဆောက်အဦများအား ထိန်းသိမ်းထားရှိမှု အခြေအနေ များကို ကြည့်ရှုကာ ရှေးဟောင်းသာသနိကအဆောက်အဦများအား ပြုပြင်ထိန်းသိမ်း ရန်လိုအပ်လာပါက ခေတ်ကာလနှင့် လျော်ညီစွာ မူလရှေးဟောင်းလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရမည့် အခြေအနေများ၊ သမိုင်းမှတ်တမ်းများ ပျောက် ပျက် ၍ မရသဖြင့် စနစ်တကျထိန်းသိမ်းရန်နှင့် ပြုပြင်မွမ်းမံမှုများကိုလည်း စနစ်တကျ သာ ဆောင်ရွက်ရမည်ဖြစ်သည့် အခြေအနေများကို တာဝန်ရှိသူများအား မှာကြား သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။