နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နေပြည်တော် မေ  ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိ လိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ဦးစွာ   သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပဉ္စမအကြိမ်မြောက်  သတင်းစာ ရှင်းလင်းပွဲ သို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများအားလုံး၊ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ အားလုံး၊ အထောက်အကူပြု  ပုဂ္ဂိုလ်များအားလုံး၊  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊  မြဝတီရုပ်မြင်သံကြားနှင့် အွန်လိုင်းကကြည့်ရှုနေကြသည့်မိဘပြည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဖြင့် ဆန္ဒပြုလိုပါ ကြောင်း ပြောကြားသည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် အဓိကပြောကြားသွားမည့် အကြောင်းအရာများမှာ နံပါတ်တစ်အနေဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍဆိုင်ရာ လုပ်ဆောင်ချက်များ၊ နံပါတ်နှစ်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ဧပြီလအတွင်း လုပ်ဆောင်ချက်များ၊ နံပါတ်သုံးအနေဖြင့် NUG, CRPH တို့ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခဲ့သည့်ကိစ္စ၊ နံပါတ်လေးအနေဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ရေးသမားများ ဖော်ထုတ် ရရှိမှု၊ နံပါတ်ငါးအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာကိစ္စရပ်များဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူက ရှင်းလင်းတင်ပြပြီးနောက် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း၊  ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဌက   ဆက်လက်ရှင်းလင်း ဖြေကြားသွားမည်ဖြစ် ကြောင်းနှင့် မိမိမှ အမေးအဖြေကဏ္ဍများကို  ဖြေကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။   

ပထမဦးစွာ   မိမိတို့နိုင်ငံအနေဖြင့် ပညာရေးဆိုင်ရာလုပ်ဆောင်ချက်များကို  ပြောကြားသွားမည်ဖြစ်ကြောင်း၊ “ဘဝဆိုတာ တိုက်ပွဲ” လို့ လူ့ဘဝနှင့်ပတ်သက်ပြီး ဆိုရိုးစကားတစ်ခုရှိပါကြောင်း၊ မိမိတို့အသက်ရှင် နေထိုင် ရေး၊  ဘဝအဆင့်မီမီ နေနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့စဉ်နဲ့အမျှကြိုးစားရပါကြောင်း၊ ရုန်းကန် လှုပ်ရှား ရပါကြောင်း၊ လူတစ်ဦးချင်းဘဝ၊ မိသားစုဘဝအတွက်ကိုပင် ယခုလို တင်စားခေါ်ဝေါ် ကြပါ ကြောင်း၊ တစ်ဦးချင်းဘဝ၊ မိသားစုဘဝပင် ယင်းသို့ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ဘဝ၊ မိမိတို့နိုင်ငံ၏ဘဝဆိုလျှင် ဆိုဖွယ်မရှိပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေရ၊ ယှဉ်ပြိုင်နေရ၊ တိုက်ပွဲဝင် နေကြရပါကြောင်း၊  ထိုသို့ဆောင်ရွက်ကြရာတွင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ၎င်းတို့၏ အားသာချက် အသီးသီး ကိုကိုင်စွဲပြီး အမျိုးသားအကျိုးစီးပွားကို  အကောင်အထည်ဖော်ဆောင်ကြပါကြောင်း၊ မည်သို့ပင်ဖြစ်စေ အားလုံးက လက်ခံထားသည်မှာ နိုင်ငံတိုင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် အဓိက အရင်းအမြစ်သည်   လူသားအရင်းအမြစ်  (Human Resources)  ဆိုသည်ကို  လက်ခံကြပါ ကြောင်း၊ လူသား အရင်းအမြစ်ဆိုသည်မှာ “ပညာ” အပေါ် အဓိက မူတည်သည်ကို သိကြသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြကြောင်းကို တွေ့ကြရမှာ ဖြစ်ပါကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကထားလုပ်ဆောင်ကြပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ပညာရေးနှင့် ပတ်သက်ပြီး အမျိုးသား လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျထိရောက်ပီပြင်စွာ ပြုစုပျိုး ထောင်နိုင်ရန် အတွက် အခြေခံပညာရေးကဏ္ဍကို အနှစ် (၃၀) နှစ်ရှည်စီမံကိန်း ချမှတ်ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှသည် ၂၀၃၀-၂၀၃၁ ပညာသင်နှစ်အထိ ဖြစ်ပါကြောင်း၊  ယင်းနှစ် ၃၀ နှစ်ရှည် စီမံကိန်းတွင်ပဲ အစိုးရအဆက်ဆက်က နှစ်တိုစီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရ လက်ထက်တွင်လည်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၅ နှစ်စာကို ချမှတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း မြန်မာ နိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ဥပဒေမူဘောင်ဆိုင်ရာ အခြေခံတစ်ရပ်ကို ချမှတ်ထားပါ ကြောင်း၊ ပုဒ်မ ၂၈ အရ “နိုင်ငံတော်သည်-

(           က        )           ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးတို့အတွက်  အလေးထား ဆောင်ရွက်ရမည်။

(           ခ          )           ပြည်သူများ၏   ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများ ပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်။

(           ဂ          )           အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်။

(           ဃ        )           ဘက်စုံအတွေးအခေါ်အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့်ခေတ်မီပညာရေးစနစ်ဖော်ဆောင်ရမည်” ဟု ပြဋ္ဌာန်း ထားပါကြောင်း၊အခြေခံဥပဒေ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနဲ့အညီ-

(က)     ပညာသင်ကြားပိုင်ခွင့်ရှိသည်။

(           ခ          )           ဥပဒေဖြင့်ပြဋ္ဌာန်းသည့်  မသင်မနေရ   အခြေခံပညာများကို သင်ကြားရမည်။

(           ဂ          )           သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့်အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင် ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာသုတေသနပြု ဖော်ထုတ်ဆောင် ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲရေးအတွက်  အရေးပါသည့် ပြောင်းလဲမှုအဖြစ် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင်  အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ထိုဥပဒေပိုမိုခိုင်မာစေရန်အတွက်  ၂၀၁၅  ခုနှစ် တွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကိုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုဥပဒေများအရ နိုင်ငံသားတိုင်း၏ အခြေခံပညာ ဆည်းပူးနိုင်သည့် အခွင့်အရေးနှင့် အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို အသိအမှတ်ပြုထားခြင်း၊ ပညာအရည်အသွေး အာမခံစနစ်တစ်ရပ်တည်ထောင်ရန် ပြဋ္ဌာန်းသတ်မှတ်ခြင်း၊ အခြေခံပညာသင်ကာလကို ၁၃နှစ် (Kg+12) အထိ တိုးမြှင့်ထားခြင်း၊ တိုင်းရင်းသားဘာသာစကားနှင့်ယဉ်ကျေးမှု ကို သင်ယူရာတွင် အထောက်အပံ့ပေးခြင်း၊ ပညာရေးစနစ်ကို ဗဟိုမှချုပ်ကိုင်မှုလျှော့ချရေးကိုဦးတည်ခြင်း စတဲ့အကျိုးကျေးဇူး များ ရခဲ့ပါကြောင်း၊ လက်ရှိ မိမိတို့ကျင့်သုံးနေသည့် စနစ်များသာဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံအနေနှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကာလတွင် ကမ္ဘာ့နိုင်ငံများနည်းတူ စာသင်ကျောင်းများ ပိတ်ထားရပါကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမ၊ နိုင်ငံတော် လေးဦးလေးဖလှယ် နစ်နာရပါကြောင်း၊   ကာယကံရှင်ကျောင်းသား၊ ကျောင်းသူများ တစ်နှစ်ပညာသင်ခွင့်၊ တစ်နှစ်လုပ်ငန်းခွင် ဝင်ခွင့်နောက်ကျ သကဲ့သို့ မိဘများအနေနှင့်လည်း တစ်နှစ်အချိန်နောက်ကျပါကြောင်း၊ ဆရာ၊ ဆရာမများအနေနှင့်လည်း တစ်နှစ်ပညာသင်ပေးခွင့်၊ မိမိကိုယ်တိုင်မျှဝေခွင့်နစ်နာခဲ့သလို နိုင်ငံတော်အနေနှင့်လည်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးနောက်ကျရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရ အနေနှင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ပါကြောင်း၊ ယခုဆိုလျှင် ပြီးခဲ့သည့် ၅ ရက်နေ့ကစပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပါရဂူဘွဲ့၊ မဟာဘွဲ့နဲ့  နောက်ဆုံးနှစ်သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများကို နောက်လ ဇွန်လ ၁ ရက်နေ့တွင် ပုံမှန်စာသင်နှစ်အတိုင်းဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခုလ မေလ ၂၄ ရက်နေ့မှ ၃၁   ရက်နေ့အထိ  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ထားပါကြောင်း၊ ကျောင်းအပ်နှံရေးအတွက် “မိဘ၊ အုပ်ထိန်းသူ၊  ပြည်သူများသို့မေတ္တာရပ်ခံချက်”၊ “ကျောင်းအပ်နှံရေးအစီအစဉ်” ၊ “ဆရာ၊ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ” ကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များ၊ သတင်းစာများတွင် နေ့စဉ်ဖော်ပြလျက်ရှိပါကြောင်း၊ အရေးပါသည့်အချက်များကို ထုတ်နုတ်ပြောကြားလိုပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံ ခြင်းမပြုရန်၊ ကျောင်းထွက်သူလုံး၀ မရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်း အဆင့်များသို့    အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေး အားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ အဆိုပါအချက် သည် အရေးကြီးသည့်အချက်တစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးနှင့်ပတ်သက်ပြီး   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်စဉ်ကတည်းက  ပညာရေးနှင့်ပတ်သက်ပြီး မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သားများ ပညာရည်မြင့်မားရေး၊ တပ်မတော်သားမိသားစုဝင်များ   ပညာရည်မြင့်မားရေး ဆောင်ရွက်ခဲ့သလို နှစ်စဉ်ပညာရည်ထူးချွန်ဆုများချီးမြှင့်ပေးရာတွင် မြန်မာနိုင်ငံတွင် နှစ်စဉ်ကျောင်းထွက်နှုန်းများပြားမှုများကို မူလတန်းမှ  အလယ်တန်းကို  ကူးပြောင်းသည့်အခါ မည်မျှသာ တက်ရောက်ကြောင်း၊  အထက်တန်းကို   ထပ်မံကူးပြောင်းသည့်အခါ မည်မျှသာတက်ရောက် ခဲ့ကြောင်းနှင့် တက္ကသိုလ်ပညာဝင်ခွင့်လျှောက်ထားသည့်အခါ မည်မျှသာတက်ရောက်နိုင်ခဲ့ကြောင်းကို ရာခိုင်နှုန်း အလိုက်  ကျသွားသည့် ဆယ်နှစ်တာသုံးသပ်ချက်များကို အမြဲတမ်းထည့်သွင်းပြောကြားလေ့ရှိကြောင်း၊ မိမိတို့မြန်မာ နိုင်ငံတွင် ကျောင်းထွက်မှုနှုန်းမြင့်မားနေခြင်းကြောင့် အဆိုပါစည်းမျဉ်းစည်းကမ်းများကို တိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ COVID-19 စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ ကျောင်းအပ်နှံရာတွင် အခမဲ့ ထောက်ပံ့မည့် အတန်းစဉ်အလိုက် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask နှင့်  Face Shield တို့ကို အသေးစိတ်ဖော်ပြထားပါကြောင်း ပြောကြားသည်။

စိတ်မကောင်းစရာတစ်ခုမှာ ကျောင်းများမဖွင့်လှစ်နိုင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းမတက် စေရေး အဖျက်သမားများ၊ ဆူပူအကြမ်းဖက်သမားများ၊ နိုင်ငံရေးအစွန်းရောက်လှုံ့ဆော်သူများက လှုံ့ဆော် နေမှုများ၊ ပညာရေးမှူးရုံးများ၊ စာသင်ကျောင်းများကိုမီးရှို့၊ မိုင်း၊ လက်လုပ်ဗုံးများပစ်ပြီး ခြိမ်းခြောက်နေမှုများ ကိုတွေ့နေရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး (၆/၂၀၂၁)တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  “ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသဖြင့် ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးနဲ့ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိပြီး  ကျောင်းသားများ ပညာတတ်ဖြစ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက  လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊  ယခုအခါ ကျောင်းမတက်ရန်အတွက် အချို့သူများက ခြိမ်းခြောက်ဆောင်ရွက်ပြီး အဖျက် လုပ်ငန်းများလုပ်ဆောင်နေမှုသည် နိုင်ငံအား ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာ တတ်များ ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများက မလိုလားဘဲ ပြည်သူများ ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ ယခုသင်ကြားနေသည့် ပညာရပ် များသည်  ယခင်အစိုးရများမှ ချမှတ်ထားသည့်  အမျိုးသားပညာရေး မူဝါဒအတိုင်းသာ  သင်ကြားပေးနေခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့ပါကြောင်း၊ ကမ္ဘာတွင် အုပ်ချုပ်သူအစိုးရကိုမကျေနပ်သဖြင့် ပညာရေးကို တိုက်ခိုက်ခြင်းကို မရှိခဲ့၊ မတွေ့ခဲ့ရပါကြောင်း၊  ပညာရေးနှင့်ပတ်သက်၍ ပိတ်ပင်တားဆီးမှုများ၊  သင်ကြား ရေးနှင့် ပတ်သက်၍ ဃီြ လုပ်ဆောင်နေခြင်း များသည် တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းများ သာဖြစ်ပါကြောင်း ပြောကြားသည်။

ဆူပူအကြမ်းဖက်အဖျက်သမားများ လှုံ့ဆော်နေသည့် လက်ကိုင်စကားမှာ “စစ်ကျွန်ပညာရေးစနစ်” ဖြစ်ကြောင်း၊ မည်သည့်အချက်အလက်၊ မည်သည့် သင်ခန်းစာ၊ မည်သည့်ပို့ချချက်များကို ရည်ညွှန်းပြီး စစ်ကျွန် ပညာရေးဟု စွပ်စွဲခြင်းဖြစ်ပြီး ရှိလျှင်ထောက်ပြရန်၊ အချက်အလက်နှင့် ပြောပါဟုပြောလို ကြောင်း၊ တပ်မတော်က ပြည်သူလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်အပေါ် ခိုင်ခိုင်မာမာအာမခံသည်ဟုပြော ပြီးဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ကလေးများ သင်ကြားမည့်    အခြေခံပညာသင်ရိုးညွှန်းတမ်းစာအုပ်များကို  မိမိတို့တတ်နိုင်သလောက်   လေ့လာကြည့်ပါ ကြောင်း၊ အချို့ကို ထုတ်နုတ်တင်ပြလိုပါကြောင်း၊ သူငယ်တန်း(KG) ကလေးများ သင်ရမည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ အက္ခရာစုံကဗျာများ သင်ခန်းစာစာအုပ်တွင်ပါသော “သူငယ်ချင်း” ဆိုသည့်ကဗျာ၊  “ပင်လုံ” ဆိုသည့်ကဗျာ၊  “တာဝန်ကိုယ်စီ” ဆိုသည့် ကဗျာများကို  စောစောက စစ်ကျွန်ပညာရေးဟု ပြောခဲ့သည့် သူများ ဖတ်ကြည့်စေလိုကြောင်း၊ ဥပမာ “ပင်လုံ”ဆိုသည့်ကဗျာတွင်  (လွတ်လပ်ပန်းကို ဘယ့်နှယ်ဆွတ် တယ်၊ တို့ညီညွတ်လို့ ဆွတ်နိုင်တယ်၊ ရှမ်း ချင်း ကရင် ကချင်များနဲ့ ရခိုင် ကယားအသွယ်သွယ်၊  ပင်လုံမြို့မှာ အတူဆုံကြလို့၊  တို့ပြည်မနဲ့တို့ပြည်နယ်၊ သားချင်းညီနောင်တည်ထောင်မှုနဲ့ ပြည်ထောင်စုကြီး ပေါ်လာတယ်၊ အမိနိုင်ငံတာဝန်များကို ကိုယ်အားဉာဏ်အား   ထမ်းကြမယ်။ ထမ်းမယ် ထမ်းမယ်။) ဆိုသည့်ကဗျာဖြစ်  ကြောင်း၊ စစ်ကျွန်ပညာရေးဟု ပြောသည့်သူများအနေဖြင့် ထိုကဗျာများကို ဖတ်ကြည့်စေလိုကြောင်း၊ ၎င်းတို့ လေလုံးထွားနေသည့် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို သူငယ်တန်း ကလေးကစပြီး သင်ကြားပေးနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလယ်တန်းအဆင့်နှင့်ပတ်သက်ပြီး အနည်းငယ်ပြောပြလိုကြောင်း၊ ဆဋ္ဌမတန်းစာရိတ္တနှင့် ပြည်သူ့နီတိ ကျောင်းသုံး စာအုပ်ထဲတွင်ပါသည့် လူမှုကျင့်ဝတ်၊ အခွင့်အရေးနှင့်တာဝန်၊ စည်းကမ်းနှင့်ဥပဒေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ  နေထိုင်ခြင်း စသည်တို့ကိုသာ ဖတ်ကြည့်စေလိုကြောင်း၊ ထိုအထဲတွင်ပါသည့် အချို့စကားများ ကို သဘောကျ၍ မှတ်ထားသမျှ ဖတ်ပြလိုကြောင်း၊ အခွင့်အရေးနှင့် တာဝန်သင်ခန်းစာတွင် “လူသား တစ်ယောက်အနေဖြင့် လူ့အခွင့်အရေးများကို မည်သူကမျှပိတ်ပင်တားဆီးခွင့်မရှိဘဲ ဘဝတစ်လျှောက်လုံးတွင် ခံစားပိုင်ခွင့်ရှိသည်။ လူ့အခွင့်အရေးများကို သိရှိထားသင့်သကဲ့သို့ အခွင့်အရေးကိုခံစားပြီး တာဝန်များကို လည်း ကျေပွန်စွာထမ်းဆောင်ကြရမည်” ဟု သင်ကြားပေးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ၊ နိုင်ငံသားများ၏ ပညာသင်ခွင့်ကို ပိတ်ပင်နေသည်မှာ  မည်သူနည်းဟု မေးလိုပါကြောင်း၊ မည်သူများက လှုံ့ဆော်နေသည်ကို မေးလိုပါကြောင်း၊ “ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်း” သင်ခန်းစာတွင် “ကျောင်းသား များသည် ငြိမ်းချမ်းရေးကို မြတ်နိုးတတ်ပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထား ထိန်းသိမ်းတတ်သူများဖြစ်စေရန် လေ့ကျင့်သင်ယူရမည်၊  အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊  ရပ်ရွာ တွင်ဖြစ်စေ အငြင်းပွားမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် လေ့ကျင့်သင် ယူကြရမည်” ဟု ပို့ချပေးပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲစွာ နေထိုင်ရေးအကျင့်ကောင်းများ၊ အငြင်းပွားသည့်အခါ ငြိမ်းချမ်းစွာ မည်ကဲ့သို့ ဖြေရှင်းပေး ရမည့်အချက်များကို  ငယ်စဉ်ကတည်းက အခြေခံကျကျသင်ကြားပေးခြင်းဖြစ်ကြောင်း။

အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းတွေထဲမှလည်း သိသာအောင် ထုတ်နုတ်ပြောလိုပါကြောင်း၊ ဥပမာ သင်ရိုးသစ် Grade 11 ရဲ့ ဘောဂဗေဒပြဋ္ဌာန်းစာအုပ်တွင် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို အထောက်အကူပြုသည့် သင်ခန်းစာများကို အခြေခံထည့်သွင်းထားသည်ကို တွေ့နိုင်ပါကြောင်း၊ ဥပမာ “တိုင်းပြည်ဝင်ငွေ” ၊ “ငွေကြေးနှင့်ဘဏ်လုပ်ငန်း  (Money and Banking)” ၊ “အပြည်ပြည်ဆိုင်ရာ စီးပွားဆက်သွယ်မှုများ  (International Economic Relations)” တို့ကို  လေ့လာကြည့်လျှင် တွေ့နိုင်ပါ ကြောင်း၊ မိမိတို့ပြောနေသည့် ဈေးကွက်စီးပွားရေးနှင့်  ဒီမိုကရေစီစနစ်များကို ကလေးများအား အခြေခံသိ အောင်  သင်ပေးနိုင်ခြင်းကို   တွေ့ရကြောင်း၊  ဒသမတန်းစာရိတ္တနှင့်ပြည်သူ့နီတိသင်ခန်းစာစာအုပ်တွင် အခွင့်အရေးနှင့် တာဝန်အခန်း၌ ဒီနေ့ ဒီမိုကရေစီအမည်ခံလုပ်စားနိုင်ငံရေးသမားများ၏ လက်သုံးစကား ဖြစ်သော “ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights -UDHR)”၊ CEDAW ဟုပြောသည့် “အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်း”၊   “ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ”၊ “ရွေးကောက်ပွဲဆိုင်ရာ သိမှတ်စရာများ” စသည်တို့ကို သင်ကြား ပေးထားသည်ကို တွေ့ရပါကြောင်း၊ အခန်း ၄ တွင် ငြိမ်းချမ်းရေး၏ အခြေခံသဘော တရားများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆောင်ရွက်ကြသူများတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း၊  ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်ရေးစကား၊ မဟတ္တမဂန္ဓီ၏စကားများ ထည့်သွင်းသင်ကြားပေးသည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

မိမိအနေဖြင့် မေးခွန်းထုတ်လိုသည်မှာ ယနေ့ကျောင်းသူ၊ ကျောင်းသား၊ မိမိတို့ သား၊ သမီး၊ တူ၊ တူမ၊ ညီ၊ ညီမများသင်မည့် သင်ခန်းစာများတွင် စစ်ကျွန်ဖြစ်စေမယ့် သင်ခန်းစာပါပါက အချက်အလက်နှင့် ထောက်ပြစေလိုကြောင်း၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံကြီးသားပီသမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရနံ့သင်းနေသည့် သင်ခန်းစာများသာ ဖြစ်ပါကြောင်း၊ မှိုင်းတိုက်နေခြင်းသာ ဖြစ်ပါ ကြောင်း၊ ပညာမတတ်မှသာ နိုင်ငံ တကာ၏ ကျွန်ဖြစ်မှာဖြစ်ပါကြောင်း၊ မိမိ ပြောလိုသည်မှာ ဆရာ၊ ဆရာမအများစုအနေဖြင့် အာစရိယဂိုဏ်းဝင်ပီပီ မိမိတပည့်၊ ကလေးများ ပညာတတ်မြောက်စေရေး မွန်မြတ် သည့်စိတ်နှင့် ကျောင်းများဖွင့်လှစ် နိုင်ရေးဆောင်ရွက်နေခြင်းရှိပါကြောင်း၊ ၎င်းတို့ကို နည်းမျိုးစုံနှင့် ခြိမ်းခြောက်နေမှု များလည်း တွေ့ရပါကြောင်း၊ မိမိတို့လုံခြုံစိတ်ချရအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများကို ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောလိုပါကြောင်း၊ တာဝန်သိ ပြည်သူလူထု အနေနှင့်လည်း ဆရာ၊ ဆရာမများကို ဝိုင်းဝန်းကြပါဟုပြောလိုပါကြောင်း ပြောကြားသည်။

မိဘပြည်သူများအနေနှင့် ယခုကဲ့သို့ မဟုတ်မဟတ်၊ လုပ်ကြံဇာတ်ဖန်တီး သွေးထိုးလှုံ့ဆော်နေသည့် အဖျက် သမား၊ တိုင်းဖျက်ပြည်ဖျက်၊ မိမိတို့ သားသမီး များ၊  နိုင်ငံ့အနာဂတ်ကလေးငယ်များကို ဖျက်ဆီးမည့်သူများ၏ အန္တရာယ်ကိုမြင်ကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့နိုင်ငံသား၊  ပြည်သူလူထုအများစုသည် စဉ်းစား ဆင်ခြင်နိုင်စွမ်းရှိသည့်ဉာဏ်နှင့် ပြည့်စုံကြသူများဖြစ်ပါကြောင်း၊   မိမိတို့ ယဉ်ကျေးမှုအခြေခံမှာကတည်းက စဉ်းစားဆင်ခြင်မှုကို ဦးစားပေးလေ့ရှိပါကြောင်း၊ မိမိတို့ ယဉ်ကျေးမှုတွင် တရားတော်များ နာယူခြင်းလည်း ရှိကြပါကြောင်း၊ ဝိပဿနာ ခန္ဓာဉာဏ်ရောက် တရားတော်များနာကြားရာတွင် အများစုကြားဖူးသည့် စကားကိုသာ ရည်ညွှန်းပြောဆိုလိုကြောင်း၊ “နားက တရားနာပါ”၊ “ဉာဏ်က ခန္ဓာလှည့်ပါ” ဆိုသည့် စကားဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မိမိတို့နားများက ပြောစကားများ၊ တရားများကို နားထောင်မှတ် သားကြောင်း၊  ထိုသို့တရားနာယူရသည်ကို မိမိကိုယ်တိုင် မိမိခန္ဓာတွင် ဖြစ်ပျက်နေသည့် သဘောတရား များနှင့် နှိုင်းယှဉ်ချိန်ထိုး လေ့လာဆန်းစစ်ကြပါဟူ၍ မှတ်သားဖူးပါကြောင်း၊ ယနေ့သတင်းခေတ်ကြီး၌ သတင်းမျိုးစုံ၊ အပြောမျိုးစုံကြားရပါကြောင်း၊ ထို့ကြောင့် နားထောင်ပြီးလျှင် စိစစ်စရာ၊  ချိန်ထိုးနိုင်စရာများ မိမိတို့အားလုံး၌    ရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်မေ့နေခြင်းဖြစ်ခြင်းကြောင့် လက်တွေ့စိစစ်ကြည့်စေ လိုကြောင်း၊ ထို့ကြောင့်   “နားက နားထောင်လိုက်ပါ၊ ဉာဏ်က  ဟုတ်၊  မဟုတ်ဆန်းစစ်ပါ” ဟုသာ မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ဒုတိယအပိုင်းအနေနှင့် နိုင်ငံတော်စီမံူအုပ်ချုပ်ရေးကောင်စီ၏ ဧပြီလအတွင်း လုပ်ဆောင်ချက်များကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ကျင်းပသည့် အာဆီယံနိုင်ငံခေါင်းဆောင်များ အစည်းအဝေးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  တက် ရောက်ခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်း   ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေနှင့် ဆက်လက်ပံ့ပိုး သွားမည်ဆိုသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံနိုင်ငံ့ခေါင်းဆောင်များထံ သတင်းစကားပါးခဲ့ပါကြောင်း၊  ထို့ပြင် မြန်မာနိုင်ငံအနေနှင့် အာဆီယံ၏ဦးတည်ချက်များအောင်မြင်စေရန်၊ အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်(TAC)ပါ အခြေခံမူများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထပ်လောင်း ပြောကြားနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

အခမ်းအနားတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်  ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း အာဆီယံနိုင်ငံ့ခေါင်းဆောင်များကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောကြားနိုင်ခဲ့ပါကြောင်း၊   လက်ရှိတိုင်းပြည်အရေးကို ကိုင်တွယ်ဖြေရှင်းနေရသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အရေးပါမှု၊ နိုင်ငံတကာနှင့် ဒေသတွင်းတိုင်းပြည်များ၏  အသိအမှတ်ပြုမှု၊  အာဆီယံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မှန်ကန်သည့်ရပ်တည်ချက် သဘောထား ကိုလည်း မြင်တွေ့နိုင်ခဲ့ရသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ အထူးခြားဆုံးရလဒ်မှာ ပြည်သူအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအပေါ် ပိုမိုယုံကြည်စိတ်ချမှုရှိစွာနှင့် ရှေ့ဆက်လျှောက်လှမ်းကြရန်    ငြိမ်းချမ်းစွာအတူပူးပေါင်းပြီး မြန်မာနိုင်ငံတော်အတွက်တိုးတက်ရာ၊ တိုးတက်ကြောင်း လျှောက်လှမ်းနိုင်ရန် အတွက် အင်အားသစ်များ ရရှိခဲ့စေသည့်  ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါကြောင်းပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်စောင်ကို မတ်လ ၃၁ ရက်စွဲဖြင့်  ထုတ်ပြန်ခဲ့ရာ ထာဝရငြိမ်းချမ်းရေးအတွက် ရှေ့ဆက်သွားမည့် ညှိနှိုင်းဆွေးနွေးမှု အစီအမံများ ပါရှိသလိုဧပြီ ၃၀ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  မေလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အဆိုပါ ကာလများ အတွင်း ညှိနှိုင်းဆွေးနွေးမှုများနှင့်  ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းသွားကြရန်  တိုက်တွန်း ထားသည်ကိုမြင်တွေ့ရပါကြောင်း ပြောကြားသည်။ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို   ရောက်ရှိနေကြသည့် နိုင်ငံသားများကို ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ်ပြန်ချက်ကို ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့၏ သွေးဆောင်ဖြားယောင်းမှု အမျိုးမျိုး ကိုယုံစားပြီး ကျောင်းသား၊ ကျောင်းသူအချို့၊ လူငယ်လူရွယ်အချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ စသည့်ပြည်သူများ သည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများကို    စိုးရိမ်စိတ်များနှင့် ရှောင်တိမ်းနေကြသည်များ ရှိလာသည့်အခါလုံခြုံမှု၊  ဘဝအာမခံချက်နှင့် လူမှုစီးပွားရေး ထိခိုက်ကြပါကြောင်း၊  ထို့ကြောင့်  မြန်မာနိုင်ငံ အရပ်ရပ်က မိမိတို့ဒေသအသီးသီးကို ပြန်လာနိုင်ရန်ဖိတ်ခေါ်ထားသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ် ကြောင်း၊ လက်တွေ့ တကယ်ဖြစ်ရပ်များတွင်  ဒုက္ခရောက်နေကြသည့်  နိုင်ငံသားများရှိကြောင်း၊ စိုးရိမ် ထိတ်လန့်မှုဖြင့်  တိမ်းရှောင်နေသည့်သူအတွင်း ရာဇဝတ်ကျူးလွန်ထားသူများမှအပ  ကျန်သူများအနေဖြင့် စိတ်ချစွာပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၊  သက်ဆိုင်ရာကောင်စစ်ဝန်၊ စစ်သံရုံးများတွင်  ပြန်လာနိုင်ရန်အတွက် လေးနက်စွာ ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/ KNLA-PC)၊  ALP တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်းပြောကြားသည်။ 

ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးအနေနှင့် (၂၅)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု   အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးကို မတ်လ ၃၁ ရက်နေ့က  ကျင်းပခဲ့ရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ဧပြီလ ၁ ရက်နေ့၌ကျင်းပသည့် (၁၇)ကြိမ်မြောက်  ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ဗီဒီယိုကွန်ဖရင့်ဖြင့်  တက်ရောက်ခဲ့ပါကြောင်း ပြောကြားသည်။

အာဆီယံနှင့်ဗြိတိန်တို့အကြား ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကြံ့ကြံ့ခံနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေး ညှိနှိုင်းသည့်   ASEAN- UK Open- Ended Troika Dialogue သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗီဒီယိုကွန်ဖရင့်ဖြင့် ဧပြီလ ၈ ရက်နေ့တွင် တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် သြစတြီးယားနိုင်ငံ ဗီယက်နမ်မြို့၌ ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပသည့် (၆၄)ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးကို  တက်ရောက်ခဲ့ကြပါကြောင်း၊  နိုင်ငံတော်၏  ပုံမှန်လည်ပတ်စီးဆင်းနေသည့် ကုန်စည်လုပ်ငန်းများကို စဉ်ဆက်မပြတ်  ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၃၁ ရက်အထိ ပြည်တွင်းဆိပ်ကမ်းမှအထွက် ကုန်သေတ္တာ ၁၉၅၉၄ လုံးနှင့်ပြည်တွင်း ဆိပ်ကမ်းအဝင် ကုန်သေတ္တာ ၂၂၄၁၇ လုံး၊ စုစုပေါင်းကုန်သေတ္တာ ၄၂၀၀၁ လုံး ပုံမှန် ကုန်စည်စီးဆင်းစေခဲ့သည့်အတွက် ကုန်သွယ်မှုအတွက်   အထောက်အကူပြုစေခဲ့ပါကြောင်း ပြောကြားသည်။

ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်ထိန်းချုပ်ရေးကိစ္စများကို   ဆောင်ရွက်လျက် ရှိကြောင်း၊ ဦးစားပေးအစီအစဉ်အရ ဇန်နဝါရီလ ၂၇ ရက်တွင် ကာကွယ်ဆေးထိုးနှံခြင်းစတင်ခဲ့ပြီး ဧပြီလ ၂၁ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းမှာ ကာကွယ်ဆေးအရေအတွက် ၁ ဒသမ ၅၄ သန်း၊ ဒုတိယအကြိမ်   ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ၀ ဒသမ ၃၄ သန်း၊ စုစုပေါင်းကာကွယ်ဆေး  ၁ ဒသမ ၈၈ သန်းကို ထိုးနှံခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာသံရုံးများက သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဧပြီ ၅ ရက်တွင် စတင် ထိုးနှံပေးခဲ့ပါကြောင်း ပြောကြားသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသောမြို့ကြီးများ၏ ပြည်သူ့ဆေးရုံကြီးများကို အမြန်ဆုံးပြန် လည်ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီမံဆောင်ရွက်မှုများကိုလည်း မြင်တွေ့ခဲ့ရပါကြောင်း၊  ရလဒ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတို့အပါအဝင် မြို့နယ်များရှိ ပြည်သူ့ဆေးရုံအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများအတွက် ဆေးဝါးဝယ်ယူနိုင်ရန် ငွေကျပ်ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်း  လိုအပ်ချက်များနှင့်အညီ ဖြည့်ဆည်းပေးမည်ဖြစ်သကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကိုလည်း အစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိနေသည်ကို  မြင်တွေ့ရမှာဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူများ သွားလာမှုအဆင်ပြေစေရေး ဆောင်ရွက်ချက်များအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးလျက်ရှိ ပါကြောင်း၊ မြန်မာ့မီးရထားမှ သင်္ကြန်ကာလ အများပြည်သူများ ခရီးသွားလာမှုလွယ်ကူစေရန်  ရန်ကုန်-နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားများဖြစ်တဲ့  အမှတ်(၇) အဆန်၊ အမှတ်(၈)အစုန် လူစီးရထား ခရီးစဉ်များကို ဧပြီလ ၄ ရက်နေ့မှာ စတင်ပြေးဆွဲပေးလျက်ရှိတဲ့အပြင်  ရန်ကုန်-မန္တလေး၊ ရန်ကုန်- မော်လမြိုင်နဲ့ ရန်ကုန်- ပြည် အစရှိတဲ့ ခရီးစဉ်တွေကိုလည်း ပြေးဆွဲပေးလျက်ရှိပါကြောင်း ပြောကြားသည်။

တတိယအချက်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အနေနှင့် CRPH, NUG, PDF စသည့် အကြမ်းဖက်အဖွဲ့ ၃ ဖွဲ့နှင့် ၎င်းင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းအားလုံးကို  ယခုလ  မေလ ၈ ရက်က အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာ ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့များအနေနှင့် နံပါတ်(၁) “CRPH” နှင့် '' NUG ''အဖွဲ့များမှ ဦးဆောင်သူများ၏ လှုံ့ဆော်အားပေးမှုကြောင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊   လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြစ်ပေါ်လာခဲ့ကြောင်း ကိုတွေ့ရပါကြောင်း၊  နံပါတ် (၂) ဒဒြ့ွဒဒ အဖွဲ့အနေနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)အမည်ခံလက်နက်ကိုင်အကြမ်းဖက်သူပုန်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ နံပါတ် (၃) ထို ''NUG'' နှင့် ''PDF'' တို့၏ လှုံ့ဆော် အားပေးမှုများကြောင့် လက်နက်ကိုင်အကြမ်းဖက်သည့် လုပ်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ကြောင်း၊   နံပါတ်(၄) ထိုအဖွဲ့များက CDM ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ CDM မပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ကျောင်းမတက်ရန်လှုံ့ဆော်ခြင်း၊  ကျောင်းတက် သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကိုအားပေးထောက်ခံခြင်း၊  အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင် ရန် အားထုတ်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊  ပုဒ်မခွဲငယ်(၁၃)ပါ အများပြည်သူ အတွင်း ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်စေခြင်း၊   အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့်လုပ်ရပ် တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့် အညီပြုလုပ် ရမည်ကိုမပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ပြုလုပ်သည့် အကြမ်းဖက်မှုများတွင် အကျုံးဝင် လျက်ရှိကြောင်း၊ ထို့ကြောင့် ၎င်းအဖွဲ့များနှင့်  လက်အောက်ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်အား ဖမ်းဆီး၍ အရေး ယူခြင်းမပြုနိုင်စေရန်ဖြစ်စေ၊ လွတ်မြောက်စေရန်အတွက်ဖြစ်စေ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း  သို့မဟုတ် ဝှက်ထားခြင်း တို့ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)အရ အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှအများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ပါကြောင်း၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင် အား အဆောက်အအုံနှင့်နေရာတစ်ခုခုကိုအသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်း ဖက်မှုဆိုင်ရာလေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန်   ပြုလုပ်မှု များ ဆောင်ရွက်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့်ငြိစွန်းကြောင်း၊ အကြမ်းဖက် အုပ်စုတစ်ခုခုက အသုံးပြုရန်ရည်ရွယ်၍ဖြစ်စေ၊ အသုံးပြုမည်ဟု သိလျက်နှင့်ဖြစ်စေ ငွေကြေးကောက်ခံခြင်း၊  လက်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၁(က)အရ အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုမြောက်သဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ  အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ  အများဆုံးထောင် ဒဏ်တစ်သက် အထိ ချမှတ်ခြင်းခံရနိုင်ပါကြောင်း ပြောကြားသည်။

ငွေကြေး၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အကြမ်းဖက်အုပ်စုတစ်ခုခုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ တစ်နည်းနည်းဖြင့်အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန်   ရည်ရွယ်၍သော်လည်းကောင်း၊ အသုံးပြု မည်ဟုသိရန် အကြောင်းရှိလျက်နှင့် သော်လည်းကောင်း၊ ဥပဒေနှင့်မညီဘဲ လက်ဝယ်ထားရှိပါက အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၁(ခ)အရ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာပြစ်မှု မြောက် သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အရ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ခြင်းခံရနိုင်ပါကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၁ ပါ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်း၊ လှုံ့ဆော်မှုပြုခြင်း၊  စည်းရုံးခြင်း၊  ပေးကမ်း ထောက်ပံ့ခြင်း၊ အခြားသူများကိုညွှန်ကြားခြင်း၊ ယင်းပြစ်မှု တစ်ခုခုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းပြုပါက အကြမ်းဖက်မှု တိုက်ဖျက် ရေး  ဥပဒေပုဒ်မ ၅၀(ည)အရ အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ခြင်း ခံရနိုင်ပါကြောင်း  ပြောကြားသည်။         

ဆက်လက်ပြီး အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ရရှိမှုနှင့် ၎င်းတို့၏ ဝန်ခံချက်အချို့ကို ပြောလိုပါကြောင်း၊ ဧပြီလနှင့် မေလအတွင်း၌ မြို့နယ်ပညာရေးမှူးရုံးများ၊ စာသင်ကျောင်းများကို လက်လုပ်မိုင်း၊ လက်လုပ်ဗုံးတို့နှင့် ပစ်ခတ်မှု၊ မီးပုလင်း၊ မီးကွင်းနဲ့ပစ်ခတ်ဖျက်ဆီးမှု (၅၇)ကြိမ်ရှိခဲ့ပါကြောင်း၊ ဖမ်းဆီးရရှိမှုအနေဖြင့် ဧပြီလ ၁၇ ရက်နေ့က  ရန်ကင်းမြို့နယ်နေအိမ်၌ ခင်ငြိမ်းသူအပါအဝင် ကျား ၄ ဦး၊မ ၂ ဦးတို့ကို လက်လုပ်မိုင်း ၄၈ လုံး၊ ယမ်းပျော့ ၂၀ တောင့်၊ ဒီတိုနေတာ ၂၀ ခုတို့နှင့်အတူ    ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းင်းတို့သည်    ရန်ကင်းမြို့နယ်အတွင်း ဆိုင် ၃ ဆိုင်ကို  မီးရှို့ဖျက်ဆီးခဲ့သူများ ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်များအရ ဆက်စပ်တရားခံများကို ဖမ်းဆီးခဲ့ရာ ဖယ်ခုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ YBS(၁၄) ယာဉ်ပေါ်  ဗုံးဖောက်ခွဲမှု ဖြစ်စဉ် တွင် ပါဝင်နေသူများ၊  သာကေတမြို့နယ်၊ သန်လျင်မြို့နယ်တို့၌ နေထိုင်သူ ၃၉ ဦးကို လက်ပစ်ဗုံး၊ လက်လုပ်ဗုံး ၃၁ လုံး၊ လက်လုပ်မိုင်း ၄၈ လုံး၊ ယမ်းပျော့ ၂၇ တောင့်၊ ဒီတိုနေတာ ၂၀ ခု၊ ယမ်းကြိုး ၅၇ ပေခန့်၊ မီးခိုးဗုံး ၆၅ လုံး၊ ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်းများနှင့် ဖမ်းမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသည့်သူများနှင့် ပမာဏ များကို ကြည့်မည်ဆိုလျှင် ရည်ရွယ်ချက်ကြီးကြီးဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရနိုင်ကြောင်း၊  ထိုနေ့တွင် ပင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးသမား၇ ဦးကို လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး   ဆက်စပ်ဖော်ထုတ်ဖမ်းဆီးရမိသူ ၂၇ ဦးရှိခဲ့ပါကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၃၄/၄ ရှိ  ခြံဝင်းအတွင်းမှာ ကျား ၁၄ ဦး၊မ ၂ ဦးတို့ကို အိုင်ကွန် ၃ လုံး၊ လေ့ကျင့် ရေး သုံးဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ပြီး ၎င်းတို့ရဲ့ထွက်ဆိုချက်အရ ကျိုက်ဝိုင်းဘုရားအနီး ဘုန်းကြီး ကျောင်းဝင်းအတွင်းမှာ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းအမျိုးအစား ၃၀ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့မှာ  ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီးပြန်လာတဲ့ ဖြိုးကိုကို အပါအဝင် ကျား ၈ ဦး၊ မ ၁ ဦး၊ ဘီးလင်းမြို့ အထွက်မှာ သန့်ဇင်အပါအဝင် ကျား ၁ ဦး၊ မ ၁ ဦးတို့ကိုဖမ်းမိခဲ့ပြီး ဆက်စပ်ဖော်ထုတ် ချက်များအရ မေလ ၂ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၌ အေးချမ်းအောင် အပါအဝင်ကျား ၇ ဦး၊ မ ၃ ဦးကို ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ မေ ၃ ရက်နေ့မှာအင်းစိန်မြို့နယ်၌   ကျော်စိုးဟိန်းအားလက်လုပ်ဗုံး ၃ လုံးနဲ့ လက်လုပ်ဗုံးပြုလုပ်ရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း သိမ်းဆည်းရမိခဲ့ ကြောင်း၊ မေလ ၂ ရက်နေ့က ပျဉ်းမနားမြို့နေအိမ်မှာ ရန်ငြိမ်းပိုင် အပါအဝင် ၂ ဦးကို လက်လုပ်ဗုံး ၄၃ လုံး၊ ယမ်းကြိုး ၂၃ ချောင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မေလ ၃ ရက်နေ့မှာ   တပ်ကုန်း မြို့၌ရန်နိုင်မိုးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ ဗဟန်းမြို့နယ်၊ EAMP အားကစားခန်းမ ပေါက်ကွဲမှုဖြစ်စဉ်မှာပါဝင်ခဲ့သည့် လက်ဝှေ့ကစားသမား ဖိုးသော်အပါအဝင် ကျား ၇ ဦး၊  မ ၂ ဦးတို့ကိုပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခုနှင့်ကျည်ဆန်များ၊ လက်လုပ်မိုင်း ၃ လုံး၊  ဒီတိုနေတာ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ၎င်းင်းတို့ ထွက်ဆိုချက်များအရ လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနှင့်အပေါင်းအပါများက ရွာတစ်ရွာရှိ ခြံဝင်းအတွင်း လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲပျက်စီးပြီး သေဆုံးခဲ့ကြောင်း၊ တချို့ မီဒီယာများ အနေဖြင့် ပါဆယ်ဗုံးပေါက်ကွဲခြင်းဟု  ရေးသားနေကြခြင်းကိုတွေ့ရကြောင်း၊ မေလ ၇ ရက်နေ့မှာ CDM ဝန်ထမ်းများနှင့် စစ်သင်တန်း တက်ရောက်နေသူများကို ထောက်ပံ့ရေး ဆောင်ရွက်ပေးနေသည့် ဇမ္ဗူသီရိမြို့နယ်ရှိ Mr. Hello စားသောက်ဆိုင်ပိုင်ရှင် ရူပကို ဆိုင်မှာဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ် ချက် အရ မေလ ၈ ရက်နေ့မှာ ဥတ္တရသီရိမြို့နယ်ရှိ     နံ့သာမြင့်သစ်စက်ပိုင်ရှင် သိန်းဇော်အား ဇမ္ဗူသီရိမြို့နယ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊   မေလ ၇ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၌   မသင်္ကာဖွယ်ရာများ တွေ့ရှိရသဖြင့်   ဧည့်စာရင်းစစ်ဆေးစဉ် ထွဋ်ထက်လင်း အပါအဝင် ၃ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး  ဆက်စပ်ဖော်ထုတ်ချက်များအရ သန်လျင်မြို့နယ်၌  အကြမ်းဖက်သင်တန်း ပြုလုပ်နေသည့် ကျား ၁၁ ဦး၊ မ ၅ ဦးတို့ကို ကော်သေနတ် ၆ လက်၊ လက်ပစ်ဗုံးအတု ၂ လုံး၊ ၎င်းကော်စေ့ကျည် ၁ ခြင်းတို့နှင့် အတူသိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၁၀ ရက်နေ့မှာ   လှည်းကူးမြို့နယ်၌ ဖောက်ခွဲရေး သင်တန်းသင်ကြားနေသည်ဟုသတင်းအရ  သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇော်ထိုက်နဲ့ ဘီဂါး (ခ) ကိုကိုဇော်တို့ကို ပွိုင့်-၂၂ (၁)လက်၊ ကျည် ၁၁၈ တောင့်၊ လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄၈ လုံးနဲ့ ဒီတိုနေတာ ၁၅ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၁၁ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်နေသည့် မြတ်ထူး (ခ) ကိုဇွဲ အပါအဝင် ၄ ဦးကို စနိုက်ပါလေသေနတ် ၁ လက်၊ ယမ်းကြိုး ၁ ခွေ၊ စတီးဘောစေ့၂၅ ထုပ်၊ အဝါရောင်/အဖြူရောင်ကန့်မှုန့် ၁၂  ပိဿာခန့်၊  မီးရှို့စနက်တံ  ၂၇ ခု၊ ဒေသန္တရ ယမ်းမှုန့် ၄၀ ကျပ်သားခန့်၊ ပုလဲဓာတ်မြေသြဇာ ၇ ပိဿာခန့်၊ စားပွဲတင်နာရီ(အသေး) ၈ လုံး၊ AAA ဓာတ်ခဲ ၇ လုံး၊ 9 Volt ဓာတ်ခဲ ၁၂ လုံးနဲ့ အခြားဖောက်ခွဲရေးပစ္စည်းများကို ဒက္ခိဏသီရိမြို့နယ်မှာ သိမ်းဆည်းရမိ ခဲ့ကြောင်း ပြောကြားသည်။

ထိုဖြစ်စဉ်များကို သုံးသပ်ကြည့်ရင် အကြမ်းဖက်ဆူပူဆန္ဒပြသောင်းကျန်းသူများအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ လျော့နည်းသွားသည့်အခါ ၎င်းတို့၏ ရပ်တည်နိုင်မှုလျော့နည်းလာခြင်းကြောင့် ပြည်သူလူထု၊  ပြည်သူ လူထုနှင့်သက်ဆိုင်သည့်နေရာများ၊ အုပ်ချုပ်ရေးယန္တရားများကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ဗုံးပစ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းများကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း စိုးရိမ်စိတ် များဖြစ်လာအောင်၊ မငြိမ်မသက်မှုများဖြစ်လာအောင်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်သမားများအနေဖြင့် ထိုလက်လုပ်ဗုံး၊ မိုင်းတွေကိုမြို့ထဲမှာ ဆောင်ရွက်တပ်ဆင်နေခြင်းကြောင့် ဗုံးကွဲပြီး သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များရှိပါကြောင်း၊ ၎င်းတို့သည် ပြည်သူလူထုအကြားမှာ ပြည်သူလူထုကို အကာအကွယ်ယူပြီး အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဖျက်အမှောင့် လုပ်ငန်းများသည် ပြည်သူလူထုကိုအများဆုံးထိခိုက်စေခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၁၂ ရက်အထိ ဆူပူအကြမ်းဖက်သူများ၏ လူမဆန်သည့်လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၆၃ ဦး သေဆုံးခဲ့ ပါကြောင်း၊ ၎င်းအဖျက်သမားများနှင့် ပတ်သက်သည့်သတင်းများ၊ လှုပ်ရှားမှုများ၊ မသင်္ကာစရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပေးကြရန်တိုက်တွန်းလိုပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည်  အဖျက်သမားများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးရမည့် ပြည်သူလူထုနဲ့ ပြည်သူပိုင် အဆောက်အအုံများကိုကာကွယ်ပေးခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ခုအနေဖြင့်    ယခုကာလ အတွင်းမှာ အချို့မီဒီယာများ၊ NLD ပါတီဝင်အစွန်းရောက်များ၊ သွေးထိုးမြှောက်ပင့်နေသူများအနေဖြင့် အချက် ၃ အပေါ်မှာ မူတည်ပြီး သတင်းမှားများ၊ လုပ်ကြံသတင်းများဖန်တီးပြီး ဆူပူအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွား လာအောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်အထင်အမြင်လွဲမှားအောင်၊ ပြည်သူလူထုအကြား စိုးရိမ်ထိတ် လန့်စိတ်တွေ ဖြစ်ပေါ်လာအောင်ဆောင်ရွက်လာခြင်းကို တွေ့ရကြောင်း၊ ၎င်းတို့ဆောင်ရွက်နေသည့် သတင်းမှားတွေ၊ လုပ်ကြံသတင်းများမှာ နံပါတ်တစ်အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ငွေနှင့်ပစ္စည်းများ ယူနေသည်ဟု စွပ်စွဲလုပ်ကြံနေခြင်းများဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စိစစ်တွေ့ရှိချက်တစ်ခုကို ပြောလို ကြောင်း၊ မေလ ၉ ရက်နေ့ နေ့လယ် ၂ နာရီမှာ ဗိုလ်တထောင်မြို့နယ်၊ ရာဇဓရာဇ် လမ်းနှင့်ကုန်သည်လမ်းပေါ်မှာ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငွေ ၂၅ သိန်းယူသွား သည်ဟု စွပ်စွဲချက်ပေါ်ပေါက်ခဲ့ကြောင်း၊ အမှုဖွင့်၊ အမှုလက်ခံစစ်ဆေးရာ စွပ်စွဲပြောဆိုသူကိုယ်တိုင်က ၎င်းငွေ ၂၅ သိန်းကို ၎င်းရဲ့ရည်းစားကိုပေးခဲ့ကြောင်း၊ ၎င်းရဲ့အစ်မများကို အဆိုပါငွေ ၂၅ သိန်းကို လုံခြုံရေး တပ်ဖွဲ့ဝင် များကယူသွားသည်ဟု လိမ်ပြောခဲ့ပါကြောင်း၊ စနစ်တကျစစ်ဆေးတဲ့အခါ အဖြစ်မှန်ပေါ်ပေါက်လာပါကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ပြည်သူလူထုကိုအသိပေးလိုသည်မှာ လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ပြည်သူလူထုထံက ငွေ၊ ပစ္စည်းတောင်းယူခြင်းများရှိလျှင် သက်ဆိုင်ရာ ကိုတိုင်ကြား ပေးကြရန်လိုအပ်ကြောင်း၊ မိမိတို့စိစစ်ဆောင်ရွက်မှုများ၊ ဥပဒေအတိုင်းဖြစ်စေမှုများ ဆောင်ရွက်ပေးမည်ကို ပြောလိုပါ ကြောင်း၊  အလားတူ  ရန်ကင်းမှာရှိသည့် ‘ပို့ပို့’ အာမခံရွှေဆိုင်ကို မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ အမျိုးသား ၅ ဦးက  ဝင်ရောက်လုယက်ခဲ့ပါကြောင်း၊ ရွှေထည် ၁ ပိဿာ ၃၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၄၀ ပါသွားကြောင်း၊ ထိုကိစ္စကို ဆက်စပ်ဖော်ထုတ်သည့်အခါ တရားခံ ၆ ဦးကို လုယက်ခဲ့ သည့်ရွှေထည်ပစ္စည်းများနှင့်အတူဖမ်းမိခဲ့ကြောင်း၊ ထူးခြားချက်မှာ ထိုတရားခံများ ဖမ်းမိသည့်နေရာမှာ သေနတ်၊ လက်လုပ်ဗုံး၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် Hand Speaker များ၊ ဓာတ်ငွေ့ကာမျက်မှန်များ၊   စကားပြောစက်များ၊ ဒီတိုနေတာများကို ဖော်ထုတ်ရရှိ ခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသူအများစုသည် အသက် ၂၀ နှင့် ၃၀ ကြားဖြစ်ကြောင်း၊ ယခုလိုအခြေအနေမျိုးမှာ ထိုလူမျိုးများရှိနေခြင်းကို မိဘပြည်သူများသတိရှိစေလို ပါကြောင်း၊ နံပါတ် (နှစ်) အချက်အနေဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိသည်ဟု စွပ်စွဲချက်များဖြစ်ပါကြောင်း၊ အဓိပ္ပာယ်မရှိသည့်စွပ်စွဲချက်ပင် ဖြစ်ပါကြောင်း၊ မိမိတို့ မတ်လအတွင်းက ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် မိဘပြည်သူများအပေါ် အသိပေးပြောကြားခဲ့ဖူးကြောင်း၊  ယခင် ၈၈ အရေးအခင်းတုန်းကလို ဖမ်းဆီးခံရသူများကိုမုဒိမ်းကျင့်ခြင်း၊ မတော်မတရားလုပ်ခြင်း စသည့်စွပ်စွဲချက်များ လာလိမ့်မည်ဟုကြိုပြောခဲ့ပါကြောင်း၊ ဒီကိစ္စကို အဲဒီတုန်းကနာမည်ကြီး သတင်းဌာနတစ်ခုက  ဝေဝေဆာဆာ လွှင့်ခဲ့ပါကြောင်း၊ အချိန်တန်တော့လည်း ကာယကံရှင်ကိုယ်တိုင်ဝန်ခံသည့် ဝန်ခံချက်ပေါ်ပေါက်လာခဲ့ရပါ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိုကိစ္စများ ကျူးလွန်လျှင် သက်သေခိုင်ခိုင်လုံလုံဖြင့် တိုင်ကြား နိုင်ပါကြောင်း၊ (သုံး)အနေဖြင့် တိုက်ပွဲသတင်း၊ ထိတွေ့မှုသတင်းများကို လုပ်ကြံဖန်တီးပြီး သွေးထိုး မြှောက်ပင့်ပေးနေခြင်းဖြစ်ကြောင်း၊ အဓိကကတော့ “ဘယ်နေရာမှာတိုက်ပွဲဖြစ်တယ်၊ လုံခြုံရေး တပ်ဖွဲ့ဝင် ဘယ်လောက်သေသွားတယ်။ ဒါ့ကြောင့် ဆက်လက်တိုက်ပွဲဝင်ကြပါ၊ အရေးတော်ပုံအောင်ရမည်” စတဲ့ မြှောက်လုံး၊ ပင့်လုံးများဖြစ်ကြောင်း၊ ထိုမြှောက်လုံး၊ ပင့်လုံးအောက်တွင် အပြစ်မဲ့သည့်လူငယ်များ မည်မျှသေဆုံးနေခြင်း၊ အပြစ်မဲ့သည့် လူငယ်မည်မျှထိခိုက်ဒဏ်ရာရနေခြင်း၊ မည်မျှထွက်ပြေးနေရခြင်းကို    သတိချပ်စေလိုကြောင်း၊ ထိုကိစ္စမှ မိမိတို့အနေနှင့် ဖြစ်ပျက်ခဲ့သည့်သတင်းများကို ထုတ်ပြန်ပေးလျက်ရှိ ကြောင်း၊ ထိုမြှောက်လုံး၊ ပင့်လုံးများကိုလုပ်နေသည့်သူများသည် ဘေးကင်းသည့်နေရာမှာရှိနေပြီး  ပြည်သူ လူထုနှင့်လူငယ်ကို မြှောက်ပင့်ပေးနေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

“တောမီးလောင်  တောကြောင်လက် ခမောင်းခတ်”ဆိုသည့်ဆိုရိုးရှိပါကြောင်း၊ တောမီးလောင်လို့တောတွင်း မှာရှိသည့်ယုန်၊ ပုတတ်စသည့်သတ္တဝါငယ်များပြေးလွှားနေချိန်မှာ တောကြောင်က အခွင့်ကောင်းပေါ်ပြီဆိုပြီး   ဝမ်းသာနေသလို၊  အခွင့်ကောင်းယူနေခြင်းဖြစ်ကြောင်း၊  ယခုအခါ တောမီးလောင်ခြင်း မဟုတ်ဘဲ မီးမလောင် လောင်အောင်ရှို့ခြင်းဖြစ်ကြောင်း၊ မီးမလောင်ရင်တောင် မီးခိုးလောက်ထွက်လာလျှင် မီးခိုးကို ပုံကြီးချဲ့ပြကြ ကြောင်း၊ ရိုးသားသည့် ပြည်သူလူထုကို အကြမ်းဖက်မှုများမှာ ပါလာအောင် ကျုံးသွင်းနေကြကြောင်း၊ ထို့ကြောင့် မိမိပြောလိုခြင်းမှာ “ရှို့မီးကူး၊ အဖျက်သမားမြူး” ဖြစ်ကြောင်း၊  ရှို့မီးကူးလျှင်  အဖျက်သမား များမြူးနေခြင်းကို မြင်အောင်ကြည့်ပြီး  မိမိရပ်ရွာလုံခြုံရေး၊ မြို့နယ်လုံခြုံရေး၊ အေးချမ်းသာယာရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံပြောကြားကြောင်း၊   ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများက ဆက်လက် ရှင်းလင်း သွားမည်ဖြစ်ပြီး သိလိုသည့်မေးခွန်းများကို ဖြေကြားသွားမည်ဖြစ်ကြောင်း၊  ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး သိလိုသည့်မေးခွန်းများကို ဖြေကြားသွား မည်ဖြစ်ကြောင်း၊ မီဒီယာများသိလိုသည့်မေးခွန်းများကို မိမိအနေဖြင့်ဖြေကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်ပြောကြားလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း၊ ကျောင်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်သည် မိမိတို့တစ်မျိုးသား လုံးနှင့်ပြည် သူလူထုအတွက်ဖြစ်ပါကြောင်း၊   ပြည်သူလူထုက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်  မေတ္တာရပ်ခံလို ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။