နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး(၁/၂၀၂၁)သို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၄

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦး ဆောင်အဖွဲ့စုံညီအစည်းအဝေး(၁/၂၀၂၁)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက် ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော်ကော်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊  ဒုတိယ ဝန်ကြီးများ၊ အသင်း အဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

အစည်းအဝေးတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မိမိတို့နိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ (၇၀) ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေတောင်သူလယ်သမားများ၏လူမှုစီးပွားဘဝများကို  ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေးသည် နိုင်ငံအတွက် အလွန်  အရေးကြီးသော လက်ငင်းလိုအပ်ချက်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးမြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရအဆက်ဆက်အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း။

ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးမြှင့်တင်ရေး ဥပဒေကို၂၀၁၃ ခုနှစ်တွင် စတင်အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ မူလဥပဒေတွင် အခန်း(၈) ခန်းနှင့် ပုဒ်မ(၂၉)ခုပါဝင်ပြီး၊ အခန်း(၂)၊ ပုဒ်မ ၃တွင် ဥပဒေ၏ အနှစ်သာရ ရည်ရွယ်ချက် (၅)ရပ်ကို ဖော်ပြပြဌာန်းထားကြောင်း၊ ဉပဒေပါ ပုဒ်မခွဲ (က)တွင် အရင်းအနှီးရရှိရေး အတွက် တောင်သူလယ်သမားများအား သင့်တင့်သောချေးငွေများနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်၊ ပုဒ်မခွဲ(ခ)တွင် ထုတ်လုပ်မှု တိုးတက်ရေးအတွက် တောင်သူ လယ်သမားများအား နည်းပညာ၊ သွင်းအားစုနှင့်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူ အဆင်ပြေစွာပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ပုဒ်မခွဲ(ဂ)တွင် လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့အတွက် တောင်သူ လယ်သမားများကို ကူညီဆောင်ရွက်ရန်၊ ပုဒ်မခွဲ(ဃ) တွင် လုပ်ကွက်ငယ် တောင်သူ လယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ထိရောက်  စွာဆောင်ရွက်ရန်နှင့် ပုဒ်မခွဲ(င)တွင် သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးရန် တို့ဖော်ပြပါရှိပါကြောင်း။

ထိုကဲ့သို့ ခိုင်ခန့်ကောင်းမွန်သည့် ရည်ရွယ်ချက်(၅)ရပ်အပေါ်  ဉပဒေနှင့် ညီညွတ်စွာ ခိုင်မာသည့်နည်းဉပဒေများရေးဆွဲဆောင်ရွက်ခဲ့သည့်အပြင် တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လုံခြုံရန်နှင့် တောင်သူလယ်သမားအဖွဲ့အစည်းများပေါ်ထွန်းလာစေ ရေးအတွက် ရည်ရွယ်ချက် (၂) ရပ်ကို ထပ်မံဖြည်စွက်ရန် ဉပဒေကို ပြန်လည်ပြင်ဆင်ခဲ့ ကြောင်း၊ အဆိုပါ ရည်ရွယ်ချက်(၂) ရပ်မှာ ပုဒ်မခွဲ(စ) လယ်ယာမြေ သိမ်းဆည်းခံ ရမှုနှင့် ပတ်သက်၍ တောင်သူလယ်သမားများမနစ်နာစေ ရေးအတွက် ကူညီ ဆောင်ရွက်ပေး ရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်နှင့် ပုဒ်မခွဲ(ဆ) တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဉပဒေတစ်ရပ်ပေါ်ပေါက်လာစေရေး ဦးတည် ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံစားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံသူနိုင်ငံသားများ အဟာရပြည့်ဝရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့ရောင်း ချနိုင်ရေး၊ တောင်သူလယ်သမားများဝင်ငွေ တိုးတက်ရေးနှင့်  လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေးတို့သည် အဖွဲ့၏ အဓိက ရည်မှန်းများဖြစ်သည်နှင့်အညီ ဤဉပဒေ၏ အနှစ်သာရရည်ရွယ်ချက်များနှင့် အဓိက ဦးတည်ချက်ဖြစ်သည့် လုပ်ကွက်ငယ် တောင်သူလယ်သများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယနေ့ အစည်းအဝေးသို့တက်ရောက်လာကြသူ များအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးမြှင့်တင်ရေး ဉပဒေပါ ပြဌာန်းချက်များကို ပြည့်မီစွာထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တစ်ခုတည်းကသာမက ဦးဆောင်အဖွဲ့က ယခင်အမိန့် ထုတ်ပြန် ဖွဲ့စည်းပေးထား သည့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် အစိုးရမဟုတ်သောအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီး ယင်းလုပ်ငန်း ကော်မတီ များနှင့် လုပ်ငန်းအဖွဲ့များအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်ပါဝင်စေကာ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ် ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များသည် တောင်သူလယ်သမားအခွင့်ရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဉပဒေပြဌာန်းချက်များတွင်ပါဝင်သည့် စိုက်ပျိုး ရေးမွေးမြူ ရေးနှင့်သက်ဆိုင်သည့် နည်းပညာပြန့်ပွားရေး လုပ်ငန်းများ၊ သွင်းအားစုများဖြစ်သည့် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးမှန်ကန်ရေးနှင့် သုံးစွဲမှုစနစ်တကျရှိစေေရးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ဒေသတွင်း သီးနှံထုတ်လုပ်မှု စွမ်းအားမြင့်မားစေရေးလုပ်ငန်းများ၊ ထုတ်လုပ် သည့်စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် များ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဈေးကွက်ရ ရှိရေးချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်း များကိုသက်ဆိုင်ရာဝန်ကြီးဌာနများကြီးကြပ်ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလို ပါကြောင်း၊ တောင်သူများစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် အရင်းအနှီးရရှိရေးနှင့် ထုတ်လုပ်သည့်သီးနှံ များ ဈေးကွက်ခိုင်မာစေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ သွင်းအားစုကုမ္ပဏီများ၊ ထုတ်လုပ်သူတောင်သူအစုများပါဝင်သည့် အကျိုးတူလယ်ယာစနစ်ပေါ်ထွန်းလာရေးပံ့ပိုးကူညီဆောင်ရွက်သွားကြရန် ထပ်မံ တိုက်တွန်း လိုပါကြောင်း၊ ပြောင်းလဲလာသည့် ရာသီဉတု ဖြစ်စဉ်များနှင့်အတူ သဘာဝဘေး အန္တရာယ် များဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းများကြောင့် ပျက်စီးထိခိုက်မှုများလျော့နည်း စေရန် ကြိုတင်အစီအမံများချမှတ်၍ ဆည်မြောင်းတာတမံများနှင့် ရေသွင်းရေ  နုတ်မြောင်းများပြု ပြင်ခြင်းစသည့် လုပ်ငန်းများအပြင် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများစာရင်း ဇယားမှန်ကန်ရေးကြီးကြပ်ဆောင်ရွက် သွားရမည့်အပြင် သီးနှံထောက်ပံ့ကြေးပေး အပ်ရေး လုပ်ငန်းများမှန်ကန်မြန်ဆန်စေရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့များအနေဖြင့် အထူးအလေးပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တောင်သူတစ်ဦးခြင်းစီ၏ အကျိုးစီးပွားတိုးတက်ရေးအတွက် နှစ်စဉ်ပုံမှန်စိုက်ပျိုးသည့် စပါး တစ်ဧက အထွက်တိုးရေးသည်အဓိကျသည့်အခန်းကဏ္ဍမှပါဝင်နေသည်ကို တွေ့ရ ကြောင်း၊ တစ်ဧကအထွက်တိုးရေးနှင့် စိုက်ဧကတိုးချဲ့ရေးဟူ၍ နှစ်မျိုးရှိရာ မိမိတို့နိုင်ငံအနေ ဖြင့်တစ်ဧကအထွက်တိုးရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဧက အထွက်တိုးရန် အထွက်ကောင်းသည့်မျိုးများစိုက်ပျိုးရေး၊ သွင်းအားစုများမှန်ကန်ရေး၊ ရေသွင်း ရေထုတ်များမှန်ကန်ရေးနှင့် ရေရရှိရေးနည်းလမ်း(၆)သွယ်တို့ ပြည့်စုံမှသာ တစ်ဧက အထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင်သိပ္ပံနည်းကျစိုက်ပျိုးရေး (၁၄) ရပ်ကို လည်း တောင်သူများထံ အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပျိုထောင်ချိန်တွင် လိုက်နာရမည့်အချက်(၄) ချက်၊ စိုက်ပျိုးချိန်တွင်လိုက်နာရမည့် အချက်(၂)ချက် ၊ ကောက် ကွက်ပြည့်မီရေးအတွက်လိုက်နာရမည့်အချက်(၃)ချက်၊ ရေသွင်းရေထုတ် သွင်းအားစု ပေါင်းသတ်ရာတွင်လိုက်နာရမည့်အချက် တစ်ချက်စီနှင့် ရိတ်သိမ်းချိန်တွက် လိုက်နာ ရမည့်အချက်(၂) ချက်တို့ကို တောင်သူတစ်ဦးချင်းစီအထိ ထိရောက်စွာသိရှိနားလည် ဆောင် ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တာဝန််ယူထားကြသည့် စိုက်ပျိုး ရေးတာဝန််ခံများအနေဖြင့် ကိုယ်တိုင်သိရှိကျွမ်းကျင်ပြီး တောင်သူများကို အသိပညာ များဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် များအလိုက် စံပြစိုက်ခင်းများထူထောင်ပြီး စာတွေ့လက်တွေ့သရုပ်ပြဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ သို့မှသာ တောင်သူများ၏ တစ်ဧကအထွက်နှုန်းတိုးတက်လာပြီး ၎င်းတို့ ၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရာရောက်ရှိကြောင်း၊ ထွက်ကုန် ပစ္စည်းများ၏ နောက်ဆက်တွဲဖြစ်သည့် ဝင်ငွေတိုးတက်ရေးသည့် တိုင်းပြည်၏ စီးပွားရေး ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များသည် အပြန်အလှန်အကျိုးပြုနေ သည့်အတွက် အစည်းအဝေးသို့တက်ရောက်လာကြသူများအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ပေးစေလိုကြောင်း၊ စိုက်ပျိုးထွန်ယက်မှု ၊ ပေါင်းချွေရိတ်သိမ်းမှု ၊ သိုလှောင်မှု စသည့် လိုအပ်သည့်အ ထောက်အကူပြုပစ္စည်းများ၊ သွင်းအားစုများ၊  အသုံးချမည့် တိရစ္ဆာန် များ၊ ယာဉ်ယန္တရားများ၊ ရေသွင်းရေထုတ်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ စသည့် အထောက်အကူပစ္စည်းများကို ဈေးနှုန်းသက်သာစွာ တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများကို တိုက်ရိုက်ချိတ်ဆက် ပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တောင်သူလယ်သများအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာကြသူများအနေဖြင့် ဉပဒေပါပြဌာန်းချက်များကိုပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေး အဖြေရှာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဉီး က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့  ဖွဲ့စည်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးဝင်းရှိန်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးအောင်သန်းဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာပွင့်ဆန်းနှင့်  ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဉက္ကဋ္ဌ  ဦးသန်းညိန်း၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများ၊  အသင်း အဖွဲ့ဉက္ကဋ္ဌများက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား            မြှင့်တင်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို    ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြကြသည်။

ထို့နောက်  တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးမြှင့်တင်ရေး ဦးဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် လယ်ယာ ထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင် တို့က အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်များရယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦးနှင့်  ဒေါက်တာ ပွင့်ဆန်း ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဉက္ကဋ္ဌ ဦးရဲမင်းအောင် တို့က  အခြေခံရည်ညွှန်စပါးဈေးနှုန်းသတ်မှတ်ပေးသကဲ့သို့  အခြား စိုက်ပျိုးထွက်ကုန် ပဲ ၊ ကြက်သွန်စသည့် ရာသီ သီးနှံများလည်း အခြေခံရည်ညွှန်း ဈေးနှုန်း များသတ်မှတ်ဆောင်ရွက်သင့်သည့်အခြေအနေနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေး တင်ပြ ကြသည်။

ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဉက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် တင်ပြခဲ့သည့် အကြုံချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက စိစစ်ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ လိုအပ်သည့်လုပ်ငန်းကော်မတီများဖွဲ့စည်းထားပြီးဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်း တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊   ပြည်တွင်းပြည်ပဈေးကွက် ရရှိထားသည့် နှစ်ရှည်သီးနှံပင်များကိုလည်း ဖြစ်ထွန်းအောင်မြင်အောင်နှင့် ဈေးကွက်ဖြစ် ထွန်းအောင် စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ နှစ်ရှည်သီးနှံစိုက်ပျိုးခြင်းသည် စီးပွားရေး အကျိုးဖြစ်ထွန်းသည့်အပြင် သစ်တောပြုန်းတီးမှုကိုပါ ထိန်းသိမ်းနိုင်ပြီး ရာသီဉတု ကိုပါ အထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် အခြေခံသီးနှံ စိုက်ပျိုးမှုသာမက လူနေမှုခေါင်း စဉ်အောက်တွင်ရှိသော နှစ်ရှည်သီးနှံ စိုက်ပျိုးမှုများကို အားပေးဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ အထွက်နှုန်းကောင်းမွန်သည့် မျိုးရင်း များရရှိရေး၊ ဈေးကွက်ကောင်းမွန်ရေးတို့ကို ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန် ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပူးပေါင်းဆောင်ရွက်၍ နည်းပညာများမျှဝေကာ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များရရှိရေးနှင့် ထုတ်ကုန်မြင့်မားရေးတို့ကို အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာရဲတင့်ထွန်းနှင့် ဦးသက်နိုင်ဦး တို့ကို လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။