နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌရုံး အစည်းအ ဝေးခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ကာကွယ်ရေး ဉီးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုင်ငံရေးဦးတည်ချက် (၃) ရပ်၊ စီးပွားရေးဦးတည်ချက်( ၃) ရပ် ၊ လူမှုရေးဦးတည်ချက် (၃) ရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့သည့် ၄ လတာကာလ အတွင်း နိုင်ငံတော်လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်မှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက်ကိုလည်း  အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အိမ်နီး ချင်းနိုင်ငံများနှင့်အခြားနိုင်ငံများကဲ့သို့ အထူးစီးပွားရေးဇုန်များသည် အလုပ်အကိုင်အခွင့် အလမ်းနည်းပညာရရှိမှုနှင့်အတူ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း၊ တိုးပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်  အထူးစီးပွားရေးဇုန်ဉပဒေကို ၂၀၁၄ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ပြီး  သီလဝါ၊ ကျောက်ဖြူ နှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊  ဗဟိုအဖွဲ့အနေဖြင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အထူးစီးရေးဇုန်များဖွံ့ဖြိုး ဆက်လက်ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  အဆိုပါ စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့များပြန်လည်ဖွဲ့စည်းပြီးဖြစ်သကဲ့သို့ စီမံခန့်ခွဲမှုကော်မတီများကို လည်းပြန်လည်ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ဇုန်များ၏လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီအင်တိုက်အားတိုက် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊

အထူးစီးပွားရေးဇုန် (၃) ခုရှိသည့်အနက်ဂျပန်နိုင်ငံနှင့် အဓိကထားဆောင်ရွက်သည့်  သီလဝါအထူးစီးပွားရေးဇုန်တစ်ခုသာ လုပ်ငန်းများချောမွေ့အောင်မြင်စွာ လည်ပတ်လျက်ရှိ သည်ကိုတွေ့ရပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သည်ကိုကြောင်း၊ လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် စီးပွားဖြစ်လည်ပတ်နေ သည့် စက်ရုံပေါင်း ၂၀၂၁ ခုနှစ် မတ်လအထိ ဇုန် ( A) တွင်  (၉၆) ခု ၊ ဇုန် ( B) တွင် (၂၆) ခု ၊ စုစုပေါင်း (၁၂၂) ခုဖြင့်  ရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၅၃၂) သန်းကျော် ရရှိပြီးဖြစ်ပါကြောင်း၊ ကျန်နေသေးသည့်မြေနေရာများကို တည်ဆောက်ရေးအပိုင်းတွင် ဆက်လက်ဆောင်ရွက်နေ ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် နိုင်ငံ၏ ပုံရိပ်အဖြစ်ရပ်တည်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါ ဇုန် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစိတ်ချလက်ချ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရေးမှုနှင့် ကုမ္ပဏီအသစ် များထပ်မံလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လုပ်ငန်းများချောမောစွာလည်ပတ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် ( ၃ ) ရပ်တွင် ‌ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး သည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရည်မှန်ချက်များအောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက််တွေ့ကျကျလုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဇုန်များ တွင်ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ် နှံများကို ထပ်မံဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာဦးဆောင်နိုင်ရေးအတွက် စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အ တွက် လက်ရှိအခြေအနေထက်ပိုမိုတိုးတက်ရေးအတွက် ပို့ကုန်တိုးမြှင့်ရေးအတွက် စီးပွားရေး ဇုန်များရှိOne Stop Service Centre များတွင် ထိရောက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်သဘောတူညီချက် ကို ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် Shareholder Agreement သဘောတူညီချက်နှင့် နိုဝင်ဘာလတွင် Concession  Agreement သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ စီမံကိန်း၏ ရလဒ်အနေဖြင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ESIA ၊ PGTS Suvy ဆိုင်ရာတင်ဒါလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန််စီမံခန့်ခွဲမှုကော်မတီအနေဖြင့်အောင်မြင်နေသည့် သီလဝါ အထူးစီးပွား ရေးဇုန်၏ အောင်မြင်မှု အတွေ့ အကြုံကောင်းများကို နမူနာယူ၍ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာ - တရုတ် စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက် မှုစီမံကိန်းကိုပါဝင်ဆောင်ရွက် နိုင်မည်ဖြစ်သည့် အတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင် ရွက်မှုကို မြင့်စေနိုင်ပါကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ Belt and Road စီမံကိန်းနှင့်များစွာဆက်စပ်မှု ရှိသည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီးဒေသတွင်းဖွံ့ဖြိုးမှုကိုများစွာအထောက်အကူ ရရှိစေမည်ဖြစ်ကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် ထိုင်းနိုင်ငံနှင့်ညိှနှိုင်းဆွေးနွေးမှုများဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုရှိရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်နိုင်ရေးအအတွက် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ထားသည်ကိုတွေ့ရပါကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်မှ ထီးခီး ၊ ထိုမှတစ်ဆင့်  ထိုင်းနိုင်ငံ ဖူနမ်ရွမ် အထိဆက်သွယ်ထား သည့်နှစ်လမ်း သွားကား လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ရေးစီမံကိန်းကိုဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်ရှိကြောင်း၊  မိမိတို့တာဝန်ဆောင်ရွက်ရမည့် အချိန်ကာလအတွင်း မူလရည်မှန်းချက်များအတိုင်း ဆက် လက်ဆောင်ရွက်ပြီး တိုးတက်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နှစ်လမ်းသွားစီမံကိန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစဉ်များအတိုင်း မြန်မြန််ဆန်ဆန်ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံပါဝင်နိုင်ရေးအဆို ပြုချက်များကို မြန်မာနိုင်ငံအနေဖြင့်ကြိုဆိုကြောင်းကို ပြန်လည်အကြောင်းပြန်ပြီး ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာ - ထိုင်း - ဂျပန်  သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်အထူး စီးပွားရေး ဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်ဆိုပါက အောင်မြင်မှု အလားအလာကောင်းများပိုမို ရရှိစေနိုင်မည်ဟု‌မျှော်လင့်ကြောင်း၊  အလားတူ ထားဝယ်အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုး တက်မှုအတွက် ထိုင်း - ဂျပန် တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး အကျိုးရှိသည့် ရလဒ် ကောင်းများအမြန််ဆုံးရရှိရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းပြည်၏ စီးပွားရေး ဖွံဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များလည်းပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင် တိုးတက်အောင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီး တာဝန်ယူစဉ် ကာလအတွင်း ရလဒ်ကောင်းများအမြန်ဆုံးရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌများ က မြန်မာအထူးစီးပွားရေးဇုန်များအခြေအနေများနှင့် အမှာစာများ ကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်များ ရယူကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝင်းရှိန်၊ ဉီးကိုကိုလှိုင်၊ ဦးခင်မောင်ရီ၊ ဦးတင်ထွဋ်ဦး၊ ဦးမြင့်ကြိုင်နှင့်ဦးအောင်သန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊  ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုး၊ တနင်္သာရီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင်အောင်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ ဒုတိယဝန်ကြီး ဦးမင်းထိန်  တို့က မြန်မာနိုင်ငံတွင် အထူး စီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုအဖွဲ့အတွင်းရေး မှှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ဗဟိုအဖွဲ့ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အထူးစီးပွားရေးဇုန်များ၏ စာချုပ်စာတမ်းကိစ္စရပ် များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်နှင့်ပတ်သက်၍ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ကျန်ရှိသည့် အထူးစီးပွားရေးဇုန်(၂) ခုတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းအမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း၊ လုပ်ငန်းပိုင်းနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းများပေါများလာမည် မှန်သော်လည်း သက်ဆိုင်ရာလုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ် မည်ဖြစ်သည့်အတွက် လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် ပေါင်းစပ်ညိှနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။