နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေကစားမဏ္ဍပ်များသို့သွားရောက်ကြည့်ရှု အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေကစားမဏ္ဍပ်များသို့သွားရောက်ကြည့်ရှု အားပေး

နေပြည်တော်၊ ဧပြီ - ၁၄

        မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကျနေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲ အား ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိသည်။

        ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ)မိသားစုရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဉက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိုနှိုင်းကပ်ကဲရေးမှုး(ကြည်း၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်/မိသားစုများနှင့်အတူ ကြည့်ရှုအားပေးပြီး ပျော်ရွှင်စွာ သင်္ကြန် ရေကစားကြသည်။

အလားတူ ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်အဖွဲ့ဝင်များနှင့်အတူ  နေပြည်တော် တိုင်းမဏ္ဍပ်၊  နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုသင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေ နေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲနေမှုများကို သွားရောက် ကြည့်ရှုအား ပေးကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုချီမြှင့်ငွေများ ပေးအပ်ကြသည်။

        ထို့အတူ နေပြည်တော်လမ်းလျှောက်သင်္ကြန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ စိန်ပန်းမဏ္ဍပ်နှင့် မကျည်းရိပ်မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊‌ ရေပက်ကစားသူများဖြင့် အထူးစည် ကားလျက် ရှိပြီး မိသားစုသင်္ကြန်ယိမ်းအက အဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင် စတုဒီသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေး ခဲ့ကြကြောင်း သတင်းရရှိသည်။