နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ် မှုဆိုင်ရာညွှန်ကြားရေးမှူး ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ် မှုဆိုင်ရာညွှန်ကြားရေးမှူး ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ်- ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌရုံး သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

          တွေ့ဆုံစဉ် ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ရေး၊ ICRC အဖွဲ့မှဆောင်ရွက်ပေးသည့် အကူအညီများအား အကူအညီအမှန်တကယ်လိုအပ်သူများထံသို့ရောက်ရှိရေးအတွက် စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်သည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ယာယီရပ်ဆိုင်းထားသည့် အကျဉ်းကျခံနေရသူများ နှင့် အကျဉ်းကျခံနေရ သူများ၏မိသားစုဝင်များ တွေ့ဆုံခွင့် ပြန်လည်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

          တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင် နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းတို့တက်ရောက်ကြပြီးအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး နှင့်အတူ ICRC Regional Director for Asia and the Pacific , Ms.Christine Cipolla ၊ ICRC Resident Representative,  Ms. Elean Ajmone Sessera တို့လည်းတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။