နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာလ ၂၃

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ ရှိပါက ကျောင်းသား၊ ဆရာ၊ မိဘများ စိတ်အေးချမ်းသာစွာဖြင့် စာပေပညာသင်ကြားနိုင်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ နေပြည် တော်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေ များအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွှန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်နှင့် နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မောင်မောင်နိုင် တို့လိုက်ပါ၍ သွားရောက်ကြည့်ရှု
အားပေးစကားပြောကြားသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား Mask များ အခမဲ့ပေးဝေခဲ့ပြီး ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြား ထုတ်ပေးနိုင်ရန်အတွက် QR Code စနစ်ဖြင့် ဆောင်ရွက်ထားသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါမင်္ဂလာဗျူဟာခန်းမတွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စတင်ထိုးနှံပေးလျက်ရှိပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၁၅၅၆ ဉီးအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့အထိ ၃၈၁၄ ဦး အား ထိုးနှံပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။