နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တက္ကသိုလ်ရှိနည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများအား  တွေ့ဆုံအမှာစကားပြောကြား   

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တက္ကသိုလ်ရှိနည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများအား  တွေ့ဆုံအမှာစကားပြောကြား                                                     

နေပြည်တော်၊ အောက်တိုဘာ ၃ ရက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ညနေပိုင်းတွင် စစ်တက္ကသိုလ်ရှိ နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမ များနှင့် သင်တန်းသား ဗိုလ်လောင်းများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

        တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများ တက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာ တွင် စာပေပညာ၊ စစ်ပညာများကို သင်ကြားပေးနေသော နည်းပြများအနေဖြင့် မိမိတို့ သင်ကြားပေးရသည့် ဘာသာရပ်များကို ကိုယ်တိုင် ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်ပြီး ပြောင်းလဲတိုးတက်နေသော Revolutionary of Military Affair (RMA) စစ်မှုရေးရာ တော်လှန်ပြောင်းလဲမှု နည်းပညာများနှင့် လိုက်လျောညီထွေ တတ်သိနေ ရန်အတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားရန်လိုကြောင်း၊ တပည့်များ၏ ရှေ့တွင် မားမားမတ်မတ်ရပ်ကာ သင်ကြားပေးနေရသူများဖြစ်၍ သွားလာနေထိုင်မှု ၊ ပြောဆိုဆက်ဆံမှု၊ ဝတ်စားဆင်ယင်မှုကအစ ဆရာဟူသော ဂုဏ်ပုဒ်နှင့်အညီ စံနမူနာပြ ဖြစ်နေအောင် နေထိုင်ကျင့်ကြံသွားကြရန် လိုကြောင်း။

        နည်းပြများအနေဖြင့် အိုးကောင်းရရှိရန် အကြိမ်ကြိမ်ထုဆစ် ပြုပြင်ရသည့် အိုးထိန်းသည်ကဲ့သို့  ကျင့်ကြံ၍   တပည့်များကို  အကြိမ်ကြိမ် အဖန်ဖန် သွန်သင်ဆုံးမ ပြုပြင်ပေးနေရန် လိုကြောင်း၊ တပ်မတော်လေ့ကျင့်ရေး ဆောင်ပုဒ်ဖြစ်သည့် ချွေးထွက်များမှ သွေးထွက်နည်းမည် ဟူသည့် ဆောင်ပုဒ်အတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးနေရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်က အားကိုးအားထားပြုနိုင်သည့် စံပြစစ်ဘက်ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ဘက်နှင့် စာပေပညာသင်ကြားပေးသော နည်းပြများ အနေဖြင့် မိမိတို့ တတ်သိသည့် စစ်ဘက်ပညာ၊ စာပေပညာရပ်များနှင့် ဖြတ်သန်းခဲ့ရ သည့် လက်တွေ့ဘဝ အတွေ့အကြုံ ၊ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့မှုများ အပေါ် မူတည်လျက် တပည့်များ မိမိကဲ့သို့ တတ်ကျွမ်းနားလည်အောင် ကိုယ်ချင်းစာတရားဖြင့် သင်ကြားလေ့ကျင့်ပေးရန် လိုကြောင်း၊ စာပေပညာသင်ကြား ပေးရာတွင်လည်း အဆင့်မြင့်ပညာရပ်များဖြစ်သည့် မဟာတန်း၊ ပါရဂူတန်း အဆင့်ဆင့်ထိ ကျွမ်းကျင်တတ်မြောက်ပြီး နိုင်ငံတော်နှင့် တပ်မတော် တို့တွင် လက်တွေ့နယ်ပယ်များ၌ အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သည်အထိ သင်ကြားပေး ရန် လိုကြောင်း။

        စစ်တက္ကသိုလ် သာမက တပ်မတော်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးသင်တန်း တပ်ကျောင်းကြီးများအားလုံးမှ နည်းပြများအားလုံးသည်လည်း မိမိတို့၏တပည့် များကို မိမိထက် ပိုမိုတတ်မြောက်အောင် ၊ တော်အောင်၊ ကျွမ်းကျင်အောင် သင်ကြား လေ့ကျင့်ပေးပြီး အနာဂတ်တွင် စစ်ဘက်နှင့် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်း များအဖြစ် နိုင်ငံတော်နှင့်တပ်မတော် အဆင့်မြင့် တာဝန်များကို ပုခုံးပြောင်းထမ်း ဆောင်နိုင်သည့် လူတော်လူကောင်းများဖြစ်သည်အထိ သင်ကြား လေ့ကျင့်ပေးရန်လို ကြောင်း။

        ဗိုလ်လောင်းများအနေဖြင့် နေ့စဉ် သစ္စာ(၄)ချက်ကို ရွတ်ဆို စောင့်သိရသူများ ဖြစ်ချိန်မှစတင်၍ မိမိတို့၏ဘဝတွင် မိဘများက ဆိုင်သာဆိုင်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှသာ ပိုင်ဆိုင်ခြင်းဖြစ်၍ နိုင်ငံတော်နှင့်တပ်မတော်က   ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ “ချွေးထွက်များမှ သွေးထွက်နည်းမည်၊ မီးနာမှ သံကောင်းမည်” ဟူသော လေ့ကျင့်ရေး ဆောင်ပုဒ်များ နှင့်အညီ သင်ကြားလေ့ကျင့်မှုများအပေါ် ကြိုးစားလေ့ကျင့်သင်ယူရမည်ဖြစ်ကြောင်း၊ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးချိန်တွင် ပေးအပ်သည့်တာဝန်အလိုက် မိမိကွပ်ကဲ အုပ်ချုပ်ရသည့် တပ်အစုအဖွဲ့အပေါ် တော်သင့်မှန်ကန်သည့် ခေါင်းဆောင်မှုပေး နိုင်ရန် လေ့ကျင့်ရေးကာလအတွင်း သင်ကြားပေးနေသည့် စစ်ဘက်နှင့် စာပေ ပညာရပ်များတွင် ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ယူလေ့ကျင့်နေရန်လို ကြောင်း။

        စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ဘဝပေါင်းများစွာသည် ခေါင်းဆောင်၏ ပုခုံးထက်တွင် မှီတည်နေသဖြင့် သင်ကြားတတ်မြောက်သည့် စာပေနှင့်စစ်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေရန်နှင့် မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ဗိုလ်လောင်းဘဝကပင် ကြိုးစားလေ့ကျင့်သင်ယူနေရန် လိုကြောင်း၊ ထမ်းဆောင်ရသော ရာထူးတာဝန် ကြီးမားလာသည်နှင့်အလျှောက် ဘဝများစွာအပေါ်တွင် တာဝန်ရှိလာမည်ဖြစ်၍  မှားယွင်းချွတ်ချော်၍ မရသည်ကို အထူးသတိပြုရန် လိုကြောင်း၊ ထို့ကြောင့် ပြန်တမ်းဝင်အရာရှိ ဖြစ်ချိန်တွင် လူကြီးစိတ်မွေး၍ ဦးစီးဦးဆောင်ပြုနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် အက်ဉပဒေ၊ နည်းဉပဒေနှင့်စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်၍ သိရှိလိုက်နာရန် လိုအပ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကို ရှေ့တန်းတင် ဆောင်ရွက်ခြင်း မပြုရန်လိုကြောင်း၊ သို့ဖြစ်၍ ဗိုလ်လောင်းများအနေဖြင့် သင်ကြားလေ့ကျင့်မှုများအပေါ် ခံယူချက်၊ ယုံကြည်ချက်ဖြင့် စာပေပညာ၊ စစ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစား လေ့ကျင့်သွားရန် လိုကြောင်း။

        တပ်မတော်သားများအနေဖြင့် တပ်ရင်း/တပ်ဖွဲ့အလိုက် လုပ်ငန်းတာဝန် ထမ်းဆောင်မှုနှင့် အခေါ်အဝေါ် မည်သို့ပင် ကွဲပြားမှုများ ရှိသော်လည်း သစ္စာလေးချက် စောင့်သိမှုနှင့် နိုင်ငံတော်မှ ပေးအပ်သော အခွင့်အရေးများကို တူညီစွာ ခံစားနေကြ သူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အန္တိမ ရည်မှန်းချက်အဖြစ် ဦးလှည့်မသုန် ထမ်းဆောင်နေကြသူများသာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ထမ်းဆောင်နေ သော တာဝန်အစိတ်အပိုင်းအလိုက် ညီညွတ်စွာ ပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုကြောင်း ။

        နိုင်ငံတော်တာဝန် ဆောင်ရွက်နေမှုအပိုင်းနှင့် ပတ်သက်၍ ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စ၍ ယခင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပြီးမြောက်ခဲ့ပြီးဖြစ်သည့် လုပ်ငန်း ၃ ရပ်အစား အခြေအနေ၊ အချိန်အခါနှင့်ကိုက်ညီလျက်ရှိသည့် အချက် (၃)ချက်ကို အစားထိုးချမှတ်ခဲ့ကြောင်း။

        နိုင်ငံတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး ဆောင်ရွက်ရန်ကိစ္စ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေး ဆောင်ရွက်ရန်ကိစ္စနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ထောင်ရန်ကိစ္စ စသည့် လုပ်ငန်းစဉ် ၃ ရပ် အသစ်ကို ပြင်ဆင်ထည့်သွင်းလျက် မူလရှိပြီး ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အသစ်ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မူလဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရေး အမြဲတမ်း တံခါးဖွင့်ထားပါကြောင်း၊ ဉပဒေနှင့်အညီ လွှတ်တော်မှ တစ်ဆင့် ရပိုင်ခွင့်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးရရှိရန် နည်းလမ်းကောင်းများ ကိုလည်း ဖိတ်ခေါ်၍ ရှင်းလင်းဆွေးနွေးပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး အတွက် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA (၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနိုင်ရန်အတွက် အလေး ထားစီမံဆောင်ရွက်လျက်ရှိကြောင်း။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုကို အခြေခံ၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း ၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးစီးဦးဆောင် ပြုလုပ်မည့်  အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်  လိုအပ်ပါကြောင်း၊ မှန်ကန်မျှတမှုရှိစေရေး အခြေခံကျသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို  IT နည်းပညာ အသုံးပြုလျက် စိစစ်ဆောင်ရွက်လျက်ရှိခြင်းနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အကြိုကာလအဖြစ် ယခု  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စ၍ စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း။

        ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော် အတွင်း ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကို အခြေခံသော နိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်မှသည် ပို့ကုန် သို့ မြင့်တင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းလိုအပ်ချက်အရ အရင်းအနှီး ရရှိစေရေး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း။

        ယနေ့ကာလတွင် နိုင်ငံကြီးအချို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် Soft Power နှင့် Hard Power များကို အသုံးပြု၍ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ ကြိုးပမ်းနေသည့် နိုင်ငံငယ်များအပေါ် ပြည်တွင်းရေးဝင်ရောက်စွက်ဖတ်နိုင်ရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို အထူးသတိထား စောင့်ကြည့်ရန်နှင့် ရင်ဆိုင်ရသော အခက်အခဲ များကို နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့၏ ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြရန် လိုကြောင်း။

        ထိုသို့ ဆောင်ရွက်နိုင်ရန် တပ်မတော်သားများအားလုံးသည် စည်းလုံး ညီညွတ်နေရန်လိုကြောင်း၊ တပ်မတော်သားများ လိုက်နာကြရန် Code of Conduct အဖြစ် စစ်သည်တော် ကျင့်ဝတ် အပါး(၆၀)ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ စစ်သည်အချင်းချင်းပြုကျင့်ရမည့် ကျင့်ဝတ်(၂၀) ပါး၊ အထက်အကြီး အကဲများ ပြုကျင့်ဝတ် (၁၀)ပါး၊ လက်အောက်အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၅)ပါး အတိုင်း တိကျစွာ လိုက်နာမှသာလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ရေပက်မဝင် အောင် ခိုင်မာနေမှာဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှသာလျှင် တပ်ပြင် စည်းလုံးရေးကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

        ၎င်းအပြင် အရာရှိ၊ စစ်သည်များ ပူပင်ကြောင့်မှုကင်းစွာ လုပ်ငန်းတာဝန် အောင်မြင်အောင်   ထမ်းဆောင်နိုင်ရေးအတွက်သာမက မိမိ မိသားစုဝင်များပါ ဝင်ငွေ/ထွက်ငွေ ညီညွှတ်မျှတစေရေး တာဝန်ရှိသူအဆင့်ဆင့်က ထိန်းကြောင်းပေးရန် လိုကြောင်း၊ ဝင်ငွေ/ထွက်ငွေ မျှတစေရန်နှင့် ဆေးလိပ်၊ အရက်၊ လောင်းကစားများမှ အစ အသုံးနှင့်အဖြုန်းကို ထိန်းသိမ်းပြီး ကိုယ်တိုင်နှင့်မိသားစုများပါ စနစ်တကျ နေထိုင်ကြရန် လိုကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်၍ ပြဌာန်းထားသော ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များအား အလေးထားစောင့်ထိန်း လိုက်နာသွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။