နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗဟိုသန်းခေါင်စာရင်းကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗဟိုသန်းခေါင်စာရင်းကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၊ ဗဟိုသန်း ခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ် လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဉက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး  ဦးမြင့်ကြိုင်၊ ဒုတိယဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင် အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင်   နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ကြည့်မည်ဆိုပါက အဆိုပါနိုင်ငံ၏လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက် များကို ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရေးသည် အလွန်အရေး ကြီးသည်ကို တွေ့ရှိရကြောင်း၊ စာရင်းအင်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်၍ နိုင်ငံ၏ ကြေးမုံ ပြင်ဟုလည်း တင်စားညွှန်းဆိုလေ့ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို  ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို သန်းခေါင်စာရင်းများမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုအနေဖြင့် အုပ်ချုပ် မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်း ပင်ဖြစ် ကြောင်း၊ ကောက်ယူရရှိသည့် အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ် အဆင့် တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း၊ အထောက်အ ထားများ အပေါ်အခြေခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းစသည်များကို ဆောင် ရွက်ရာတွင်မရှိမဖြစ်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကရရှိလာသည့် အချက် အလက်များကို နိုင်ငံတော်၏ သယံဇာတ အရင်းအမြစ်များ ခွဲဝေသတ်မှတ် ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များ ပြန်လည်ဆန်းစစ် ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများစသည့် အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများ အပါအဝင် လူတစ်ဦးချင်းမှသည် မိသားစုအလိုက်၊ ရပ်ကွက်နှင့်ကျေးရွာ အလိုက်၊ မြို့ပြမှ ပြည်နယ်နှင့် တိုင်းအလိုက် နောက်ဆုံး နိုင်ငံတော်အဆင့်ထိ ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNFPA မှ ချမှတ်ပေးထားသည့် အချက်အလက် အသေးစိတ်များ ရရှိစုဆောင်းနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် မရှိမဖြစ် များစွာ အသုံးဝင်ကြောင်း။

        မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းကြောင်း အခြေအနေကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေး မရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် (၈) ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရကြောင်း၊  သန်းခေါင် စာရင်း အချက်အလက်များကို ယနေ့အထိ အသုံးပြုနေရဆဲဖြစ်ကြောင်း၊ ယနေ့ မိမိတို့နိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံတစ်ချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးလုံးဝမရှိခဲ့ကြောင်း ကို ဗြိတိသျှကိုလိုနီ လက်အောက် ၁၈၈၁ ခုနှစ် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အစီရင်ခံစာပါ လူမျိုးစာရင်းများအရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း၊ လွတ် လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ် မတ်လတွင် မြို့နယ်ပေါင်း (၂၅၂) မြို့နယ်နှင့် ချင်းပြည်နယ်ကို လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည်  ပြည်မ ကျေးရွာ အုပ်စု(၂၁၄၃)ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု (၁၀၁၆) ခုတွင် လည်းကောင်း၊  လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရကြောင်း၊  တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ယူနိုင်ခဲ့သည့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း(၃)ကြိမ် ကောက် ယူနိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း(၃၀)ကြာ သန်းခေါင်စာရင်း ကောက်ယူနိုင် ခြင်း မရှိခဲ့သည့် ၁၉၈၃ ခုနှစ် စာရင်းပေါ်တွင် အခြေခံပြီး လူဦးရေအပါအဝင် လူမှု စီးပွားဆိုင်ရာ အချက်အလက်များရရှိမှုနှင့် အသုံးပြုမှုများကြောင့်လည်း အားနည်း ချက်များ အနည်းနှင့်အများ ဖြစ်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။

        နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ရောက်မှသာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်း ဆိုင်ရာ အချက်အလက်အတော်များများ ရရှိခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း လူဦးရေဆိုင်ရာ ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေချိန်တွင် စာရင်းအင်း အချက်အလက် လိုအပ်နေမှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ ကြောင်း၊  လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များစွာကို ပံ့ပိုးပေးနိုင်ခဲ့ပြီး စာရင်းအင်းအချက်အလက် အသုံးပြုမှု ပိုမိုအားကောင်းလာသည်ကို တွေ့ရကြောင်း။

        နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူခြင်း အတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်း ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ်လျှင် တစ်ကြိမ်သာ လူဦးရေသန်းခေါင် စာရင်းများကို ကောက်ယူလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်း ကောက်ယူနိုင်သည့်အတွက်လည်း တစ်ကမ္ဘာလုံးနှင့်ယှဉ်ပြီး နိုင်ငံအချို့၏ လူဦးရေ စာရင်းအတိအကျ မကောက်ယူနိုင်သော်လည်း ပျမ်းမျှလူဦးရေတိုးပွားနှုန်းနှင့် လျော့ကျမှုနှုန်းကို မူတည်၍ ကမ္ဘာ့လူဦးရေကို နှစ်အလိုက် လိုအပ်သလို ထုတ်ပြန် နိုင်ခြင်းဖြင့် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေးဆိုင်ရာ အချက်အလက်ကိန်းဂဏန်းများကို ရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး လူဦးရေသည် ၆ ဘီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ခန့်မှန်း ၇ ဘီလီ ယံခန့်၊ ၂၀၂၂-၂၀၂၃ တွင် ၈ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းချက်များ တွက်ချက် ထွက်ပေါ်လာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့်အတွက် မှတ်ပုံတင် စာရင်း အင်းအချက်အလက်များ အပြည့်အစုံရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သန်းခေါင်စာ ရင်းကို ပုံမှန်ကောက်ယူနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာ ရင်းအပြီး (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရမည် ဖြစ်ကြောင်း။

        ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန်လျာထားဆောင်ရွက်လျှက်ရှိသည့် ပြည်လုံး ကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကို လုပ်ငန်းအဆင့်တိုင်းတွင်အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းဥပဒေအရ  ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ၂၇-၆-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၂ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာစာအရ မိမိအနေဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယကအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ ကျင်းပသည့် အစည်းအဝေးသည် ဗဟိုသန်းခေါင်စာရင်းကော်မ ရှင်အဖွဲ့ဝင် များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့် အစည်းအဝေးဖြစ်ကြောင်း။

        အထူးအားဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖြစ်ပေါ် လာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ် လာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှု စီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း၊  ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန်နှင့် ပြန်လည်ကုစားရေး အစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်ရန် တိကျ မှန်ကန်သည့် စာရင်းအင်းအချက်အလက်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုး သားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

        ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရ သည့် ရည်ရွယ်ချက်များအနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့် မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍ အလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း နှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း တို့ကို အကောင်အထည် ဖော်ရာ တွင် လိုအပ်သည့်အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေနှင့်အညီပံ့ပိုးပေး နိုင် ရန်နှင့်  အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ ကို အထောက်အပံ့ပြုနိုင်ရန်ဖြစ်ကြောင်း။

         သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော် အစိုးရ၊ ဝန်ကြီးဌာနများ အားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူပြည်သားအားလုံးနှင့်သက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းကသာလျှင် နိုင်ငံ အတွင်းနေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအုပ်စုလိုက် ၊  တစ်နိုင်လုံးအ တိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများ အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်သူများကယ်ဆယ်ရေးစသည့် အခြားသော ဘက်စုံကဏ္ဍများ အတွက်ပါလိုအပ်သည့်အချက်အလက်များရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန က အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသားအားလုံး အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြစေလိုကြောင်း။

        သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များကို အဆင့်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်း က ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများနှင့် မြေပြင်တွင် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ များပြားသည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မ ရှင်အောက်တွင် လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် တိုက်ရိုက်ညွှန် ကြားကွပ်ကဲနိုင်မည့် ဗဟိုသန်းခေါင်စာရင်းကော်မတီကို ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အဆင့်အထိ သန်းခေါင်စာရင်းကော်မတီများကိုလည်း ဆက်လက် ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် ဗဟိုသန်းခေါင် စာရင်းကော်မတီဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များ သတ်မှတ် နိုင်ရေး၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ကြရန်ဖြစ် ကြောင်း။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် နိုင်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ တစ်နိုင်ငံလုံးနှင့်သက် ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် နည်းပညာအပါအဝင် ရှိနှင့်ပြီးဖြစ်သည့် ရင်းမြစ်များကိုမျှ ဝေသုံးစွဲကြရန်နှင့် ဝိုင်းဝန်းကူညီပံ့ပိုးကြရန် အလေးအနက် မှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်နှင့်ငွေကြေးများစွာ ရင်းနှီး စိုက်ထုတ်ရသည့်အပြင် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံအဆင့်အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဉက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အစီအမံများကို    ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုသန်းခေါင်းစာရင်းကော်မရှင် အတွင်းရေးမှူး(၁) လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် က ဗဟို သန်းခေါင်စာရင်းကော်မတီနှင့် ကော်မတီအဆင့်အဆင့် ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုသန်းခေါင်းစာရင်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဉီးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူရေး ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်  ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး က အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြပြီး  အတည်ပြုချက် ရယူ သည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားကာ   နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။