နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 နေပြည်တော် ဇန်နဝါရီ ၂

 
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြု ဖျော်ဖြေရေး ကျင်းပမည့် နေရာများ၌ အခမ်းအနားများ ဆောင်ရွက်မည့်အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေးသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် ဧည့်ခံကြိုဆို နေရာချထားရေး၊ ဂုဏ်ပြုညစာတည်ခင်းဧည့်ခံရေး၊ ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်မည့် အစီအစဉ်၊ လေထီးအလွတ်ခုန် အရာရှိ၊ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုဆုပေးအပ်မည့် အစီအစဉ်၊ အလှပြ Drone များ လွှတ်တင်ဖျော်ဖြေမည့် အစီအစဉ်၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ ပဒေ သာကပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပါအဝင် အစီအစဉ် များအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။

 
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ ကြည့်ရှုကြပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအလိုက် အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက် ရိုးရာအစားအသောက်နှင့် အထိမ်းအမှတ်ပစ္စည်းအရောင်းဆိုင်များ ဇန်နဝါရီ ၄ ရက် နေ့တွင် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။