နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ

 
နေပြည်တော်၊ မတ် - ၁၅

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ကက်သလစ်သာသနာအသင်းတော်၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန်အသင်း တော်၊ ယေဟောဝါအသင်းတော်၊ သတ္တမနေ့ဉပုသ်အသင်းတော်နှင့် ကေ့ထိုးဘိုးရိုးရာ အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးခွန်စံလွင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဘာသာရေး အသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဒေသဖွွံ့ဖြိုးရေးအတွက် ပြည်နယ်မှ တာဝန်ရှိသူများနှင့် မပြတ်ဆက်သွယ်စီမံဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၏ ဘာသာရေးကိစ္စ၊ လူမှုရေးဆိုင်ရာကိစ္စ အခက်အခဲများ ရှိခဲ့လျှင် ဖြေရှင်းညှိနှိုင်းပေးနိုင်ရေးတွေ့ဆုံခြင်းဖြစ်ကြောင်း။
ပြည်နယ်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများကြောင့် လွိုင်ကော်မြို့ အနီးတစ်ဝိုက်အထိ လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိ ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုမရှိခဲ့သော်လည်း ယခုအခါများစွာ တည်ငြိမ်အေးချမ်းလာသည်ကို တွေ့ရကြောင်း၊ သို့သော် အချို့သော မြို့နှင့် အလှမ်းကွာဝေးသည့် နေရာများတွင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေး ကြောင်း တွေ့ရသော်လည်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကိုလည်း စီမံဆောင်ရွက်နေပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်း၍ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ပူးပေါင်း ဆောင်ရွက်လိုမှု မရှိကြောင်း၊ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ပစ်ခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးထားကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးအတွက် ကြိုတင် ကန့်သတ်ချက် မထားဘဲ ဆွေးနွေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ဖိတ်ခေါ်ခဲ့ကြောင်း၊ ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မအားလပ်သည့်ကြားမှ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပါကြောင်း၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းဆွေးနွေးရေးကော်မတီမှ လည်း လာရောက်ဆွေးနွေးခဲ့သော အဖွဲ့များနှင့် ဒေသအကျိုး ၊ အဖွဲ့အစည်း အကျိုးအတွက် နှစ်ဖက်ပွင့်လင်းမြင်သာစွာ ဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လာရောက်ဆွေးနွေးမှုတွင် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ မပါဝင်သည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရသော် လည်း နိုင်ငံတော်က အမြဲပင် ဆွေးနွေးနိုင်ရန် ကြိုဆိုနေပါကြောင်း။
ဘာသာရေးအသင်းတော်များကို တွေ့ဆုံချိန် ပြောကြားလိုသည်မှာ နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒေသအလိုက် ဒေသခံများ၊ ဘာသာရေးအသင်းအဖွဲ့များ ၊ တပ်မတော်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှာသာ ဒေသအတွင်း အမြန်ဆုံးပြန်လည်တည်ငြိမ်လာမှာ ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင် များဖြစ်ကြသည့် ကက်သလစ်သာသနာအသင်းတော်မှ ဖာသာအောင်ငဲ၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဖာသာ အက်ဒွက်စိန်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ဦးသိန်းရယ်၊ အင်္ဂလီကန်အသင်းတော်မှ ဦးထူးထူးဘော၊ ယေဟောဝါ အသင်းတော်မှ ဦးဆီဗက်စတာ၊ သတ္တမနေ့ဉပုသ်အသင်းတော်မှ ဦးသိန်းထွဋ်ဝင်း နှင့် ကေ့ထိုးဘိုးရိုးရာ အဖွဲ့မှ ဦးမီရယ်ဖြင့် တို့က ပြည်နယ်အတွင်း လူမှုရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး ဆုတောင်းမေတ္တာစကားများ ပြောကြားသည်။
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာသူ များနှှင့်ပတ်သက်၍ ဒေသတည်ငြိမ်အေးချမ်းမှု မဖြစ်မနေ လိုအပ်ပြီး လက်နက်ကိုင် အဖွဲ့များ၏ အကြမ်းဖက်မှုတွင် ဒေသခံပြည်သူများသည် ဆင်းရဲဒုက္ခများစွာ ကျရောက် ခဲ့ရကြောင်း၊ တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုကြောင်း၊ အလားတူ ဘာသာရေးအဖွဲ့အစည်းများသည် အရေးကြီးသော အခန်းကဏ္ဍ မှပါဝင်ကြောင်း၊တည်ငြိမ်အေးချမ်းသော ဒေသများတွင် ပဋိပက္ခမရှိလျှင် နေရပ်စွန့်ခွာသူ များမရှိကြောင်း၊ သို့ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပေးရန် ပြောကြားလိုကြောင်း။
ဘာသာရေးအဖွဲ့အစည်းများ၏ဘာသာရေး၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သံသယရှိစရာ အကြောင်းမရှိပါကြောင်း၊ သို့သော် ဖြောင့်မတ် မှန်ကန်စွာ လုပ်ကိုင်ရန်လိုကြောင်း၊ ယေရှုဘုရားသခင်၏ ကျေးဇူးတော်၊ မေတ္တာတော်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို အားပေးကြောင်း၊ မှန်ကန်သော နည်းလမ်းနှင့် အထောက်အပံ့ပေးမှု ရည်ရွယ်ပါကလည်း သက်ဆိုင်ရာမှ ဌာနဆိုင်ရာများကို အသိပေးလုပ်ဆောင်ရန်လိုကြောင်း၊ အချို့ မသမာသူများက ဘာသာရေးကို အသုံးချ၍ ဉပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်လျက်ရှိနေသဖြင့်လည်း လိုအပ်သလို စိစစ်ရခြင်းဖြစ်ပါ ကြောင်း။
တပ်မတော်သားများအနေဖြင့် ROE , Geneva Convention တို့ကို သိရှိလိုက်နာ ဆောင်ရွက်ရကြောင်း၊ ဘာသာရေး အဆောက်အဦများနှင့် ပတ်သက်ပြီး အလေးထား၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သမားများ အနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို အသုံးချကာအကာအကွယ်ရယူ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသဖြင့် မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တုန့်ပြန်ပစ်ခတ်ရမှုများ လည်းရှိကြောင်း၊ ပြည်သူ၊ ဘာသာရေးအသင်းအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့အနေဖြင့် ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်သမားများ မရှိအောင် ထာဝရတည်ငြိမ် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ငြိမ်းချမ်းခဲ့ချိန် ရရှိခံစားရသည့် အေးချမ်းသာယာသော အနှစ်သာရကို တန်ဖိုးထား၍ ကယားပြည်နယ်အမြန်အေးချမ်း စေရေး ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ထို့ကြောင့် ပြည်နယ်အေးချမ်းရန် ကယားပြည်နယ်အတွင်းရှိ ပြည်သူများ အားလုံးတွင် တာဝန်ရှိပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးခွန်စံလွင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် တို့က တက်ရောက်လာသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။