နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေး(၄/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေး(၄/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဩဂုတ် ၁၉

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးညွှန့်အောင်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်းအားဖြင့် (၉)လအတွင်းသို့ ရောက် ရှိလာပြီဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများကို ဘက်ပေါင်းစုံမှ တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထိုက်အလျောက်အောင်မြင်မှုရရှိသည်ကို တွေ့ရ ကြောင်း။
ပူးပေါင်းဆောင်ရွက်မှုထက်သန်ခြင်း၊ အမိန့်နာခံမှုအားကောင်းခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့သည်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်ရေး တွင်အရေးပါသည့် အခြေခံအချက်များဖြစ်သည့်အတွက် ယင်းအလေ့ အကျင့်ကောင်းများကို ဆက်လက်သယ်ဆောင်သွားကြရန်၊ နောင်တာဝန်ထမ်းဆောင် ကြမည့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို လက်ဆင့်ကမ်းပေးသွား ကြစေလိုကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တိုးတက် မှုနှင့်ထိရောက်မှု ရှိ/မရှိကို ကိန်းဂဏန်းများနှင့် တိုက်ရိုက်နှိုင်းယှဉ်သိရှိနိုင်သကဲ့သို့ တရားဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမည်မျှထိတိုးတက်လာသည်ကို သွယ်ဝိုက်၍ လည်း တိုင်းတာသိရှိနိုင်ကြောင်း။
လအလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျင် ဇွန်လတွင် ဖမ်းဆီးရမိမှု စုစု ပေါင်းတန်ဖိုးငွေကျပ်(၃ဒသမ၄)ဘီလီယံသာရှိခဲ့သော်လည်း ဇူလိုင်လတွင် ငွေကျပ် (၆ဒသမ၁) ဘီလီယံအထိနှစ်ဆနီးပါးတိုးတက်လာသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျင် ဇူလိုင်လအတွင်း ပဲခူး တိုင်းဒေသကြီး၌ ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်အများစု တွင် ဖမ်းဆီးရမိမှုများ ယခင်လထက်ပိုမိုတိုးတက်လာသည်ကို တွေ့ရကြောင်း။
ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇)လတာကာလအတွင်း ဖမ်းဆီးရမိမှု အမှုတွဲ (၂၁၈၂)မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၃၁ဒသမ၂၈)ဘီလီယံ ဖြစ်ပြီး ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိ အမှုတွဲ(၉၃၀)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၂၅ဒသမ၄၆) ဘီလီယံပိုမိုရရှိခဲ့ကြောင်း၊ ထိုသို့ပိုမိုရရှိခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ အကောက်ခွန်အပါအဝင် OSS အဖွဲ့ဝင်ဌာနဆိုင်ရာများ၏ ကြိုးပမ်းအားထုတ်မှုဖြစ်၍ အသိအမှတ်ပြုပါကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင်ပါဝင်ကြသူများအနေဖြင့် ဖမ်းဆီး ရမိမှုများကို တိုးတက်အောင်အားထုတ်ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ အခြား တစ်ဖက်တွင်လည်း မိမိတို့၏ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေးကို ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ဖော်ဆောင်ရာတွင် ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်လမ်း ကြောင်း တစ်နည်းအားဖြင့် လမ်းကြောင်းအမှားမှသွားသည်ကို ဖမ်းဆီးအရေးယူရန် လိုအပ်သကဲ့သို့ လမ်းကြောင်းမှန်ပေါ်မှသွားလာနိုင်ရေးကိုလည်း တတ်နိုင်သမျှတည့်မတ် ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအားအသိပညာပေးခြင်းများနှင့် လမ်းကြောင်း တည့်မတ်ပေးနိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည့်မတ်ဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် အထူးအဖွဲ့များ၊ OSS အဖွဲ့ဝင်များအနေဖြင့် တရားမဝင်ကုန်ပစ္စည်း များကို ထိရောက်စွာဖမ်းဆီးနိုင်ရေးကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သကဲ့သို့ ကုန်သည် လုပ်ငန်းရှင်များကို ကုန်သွယ်မှုများ မှန်မှန်ကန်ကန် ဆောင်ရွက်တတ်စေရေးနှင့် လမ်း ကြောင်း မှန်ပေါ်ရောက်ရှိစေရေးအတွက် ကူညီထိန်းကျောင်းပေးရန်လိုအပ်ကြောင်း။
ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးရာတွင်လည်း Random Check ဖြင့်သာ စစ်ဆေးမှုများမှတစ်ဆင့် Detail Check စနစ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကအရေးကြီးစစ်ဆေးရေးစခန်းများတွင် Detail Check စနစ်ဖြင့် မဖြစ်မနေ ရှာဖွေစစ်ဆေးသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှာဖွေစစ်ဆေးရေး စက်ကိရိယာများ အကူအညီဖြင့် မဖြစ်မနေထားရှိဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ အလားတူ ထုတ်ပြန် ထားသည့်အမိန့်ညွှန်ကြားချက်များအတိုင်း သိမ်းဆည်းရမိတရား မဝင်အကောက်အခွန်မဲ့ ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်လုပ်ငန်း များတွင် မသမာမှုနည်းလမ်းများဖြင့် ကြန့်ကြာမှုရှိစေရေး၊ အမှုမှ လွတ်မြောက်စေရေး စသည် ပြုမူဆောင်ရွက်မှုမရှိကြစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှု၍ လုပ်ငန်းစဉ်များ တိတိကျကျလျင်လျင်မြန်မြန် ပြီးစီးအောင် စေတနာရှေ့ထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရမိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီးသည့်ကာလမှ လေလံတင် ရောင်းချပြီးသည့်ကာလအထိ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင် ရွက်ရာတွင် အချိန်ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ မှန်ကန်မြန်ဆန်စေရေး၊ ဖမ်းဆီးရမိ ဆုကြေးငွေများကို အမြန်ဆုံးခွဲဝေထုတ်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ မှန်ကန် မြန်ဆန်စွာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အထူးအားဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအပါအဝင် ပေါက်ကွဲစေတတ်သော တရားမဝင်အကောက်အခွန်မဲ့ ပစ္စည်းများကို နည်းမျိုးစုံသယ်ဆောင်ခြင်းများမရှိစေရေးအတွက် စစ်ဆေးရေးစခန်း များတွင်ရှိကြသည့် တာဝန်ကျဝန်ထမ်းများအနေဖြင့် နည်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေဖမ်းဆီးကြရာတွင် တစ်ဦးချင်းလုံခြုံရေး အသိစိတ်ထားရှိမှုသည်လည်း အထူးအရေးကြီးကြောင်း။
မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် မည်သည့် အစီအမံများ ချမှတ်လုပ်ကိုင်သည်ဖြစ်စေ၊ မည်သို့သော လမ်းကြောင်းမှန်ပေါ် တည့်မတ်စေသည်ဖြစ်စေ မြေပြင်တွင် လက်တွေ့တာဝန်ထမ်းဆောင်နေကြသည့် ဝန် ထမ်းများကို အဂတိတရားလွှမ်းမိုးထားပါက ရည်မှန်းချက်များအောင်မြင်ရန် ခဲယဉ်းနေဦး မည်ဖြစ်ကြောင်း၊ ငွေကြေးတံစိုးလက်ဆောင်ကြောင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်မှုမရှိ သည့် ဝန်ထမ်းများရှိနေလျှင် အခွန်မဆောင်သည့်၊ အရည်အသွေးအာမခံချက်မရှိသည့် ကုန်စည်များသည် ပြည်တွင်းသို့ အချိန်တိုအတွင်း တိုက်ရိုက်ဝင်ရောက်လာမည် ဖြစ်ကြောင်း။
ထို့ကြောင့် သက်ဆိုင်ရာ အထူးအဖွဲ့များ၊ ဌာနများအနေဖြင့် မိမိတို့၏ အဖွဲ့ဝင် များ၊ ဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ အဂတိတရားကင်းရှင်းရေးကို အလေးအနက်သတိပေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ထိရောက်စွာအရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှု၊ သတင်းလုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်အတွက် လုံခြုံရေးသည်အရေးကြီးကြောင်း၊ ရရှိ သည့် သတင်းအချက်အလက်များကို တည်ဆောက်ပြီး လုံခြုံရေးအတွက်စုဖွဲ့ကာ တစ်ညီတစ်ညွတ် တည်းစုပေါင်းဆောင်ရွက်မှသာ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ် ကြောင်း၊ စစ်ဆေးရမည့်ဌာနက စစ်ဆေးနေသကဲ့သို့၊ လုံခြုံရေးအဖွဲ့ အစည်းကလည်း လုံခြုံရေး ဆောင်ရွက်ပေးနေရန်လိုကြောင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးသည် အထူးအရေး ကြီးကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်ရေးစီမံ ဆောင်ရွက်ရာတွင် မည်ကဲ့သို့တားဆီးထိန်းချုပ်မည်ကို နည်းလမ်းများစီမံချမှတ်ဆောင် ရွက်ခြင်းအပြင် တာဝန်ကျဝန်ထမ်းများ၏လုံခြုံရေးကို အလေးထားစီမံဆောင်ရွက်ကြရန် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို မှာကြားလိုကြောင်း။
တရားမဝင်ကုန်သွယ်မှုများကို ဘက်ပေါင်းစုံ၊နည်းလမ်းပေါင်းစုံအသုံးပြုပြီး တားဆီးအရေးယူကြရန်နှင့် တရားမဝင်ကုန်သွယ်မှုပြုလုပ်သူများလုပ်ကိုင်ရခက်ခဲလာချိန် တွင် မိမိတို့အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်အောင်တည့်မတ်ပေးရန် စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကုန်သွယ်မှုလုပ်ငန်းများတွင် ပေးဆောင်ရမည့် အခွန်အမျိုးအစားများကို ကုန် သည်လုပ်ငန်းရှင်များ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရန် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုရှင်းလင်းအောင်ပြုပြင်ခြင်းနှင့် လုပ်ငန်း ရှင်များကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများ အပါအဝင်အခွန်အသိပညာပေးလုပ်ငန်း များကိုလည်း ပုံမှန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နိုင်ငံတော်အတွက် အခွန်အကောက် များအမှန်တကယ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် တရားမဝင် ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အများပြည်သူသိရှိနိုင်ရေးအတွက် မီဒီယာ ကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ကြရန်၊ အခွန်အခများ အပြည့်အဝ ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်အခများ အပြည့်အဝရရှိရေးအတွက်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း အဖွဲ့ အစည်းများအနေဖြင့် တာဝန်သိစိတ်ဖြင့် စေတနာထားဆောင်ရွက်ကြရန်၊ တရားမ ဝင်ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်ရာတွင် တာဝန်ကျဝန်ထမ်းများ၏ လုံခြုံရေးနှင့် အများပြည်သူ လုံခြုံရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွှန့်အောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး( ၃/၂၀၂၂ ) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများ၊ ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များရရှိရေးဆောင်ရွက်မှုနှင့် တရားမ ဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အကောက်အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၂)သို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်း အဝေး (၄/၂၀၂၂) ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်အတည်ပြုကြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။