နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဉီးဆောင်အဖွဲ့စုံညီ အစည်းအဝေး (၁/၂၀၂၃)သို့တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဉီးဆောင်အဖွဲ့စုံညီ အစည်းအဝေး (၁/၂၀၂၃)သို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၁၄

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဉီးဆောင်အဖွဲ့စုံညီ အစည်းအဝေး (၁/၂၀၂၃) ကိုယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဉီးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွား မြှင့်တင် ရေး ဉီးဆောင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ အသင်းအဖွဲ့ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေးနှင့်  တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး ၏ ၂၃ ဒဿမ ၇ရာခိုင်နှုန်းပါဝင်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များသည် ပြည်ပပို့ကုန်တွင် အရေးကြီးသော ပို့ကုန်များဖြစ်ကြောင်း။

တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကျိုး စီးပွားများရရှိစေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဥပဒေကို အတည်ပြုပြဌာန်းခဲ့ ပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ ပုဒ်မ ၄ အရ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဉီးဆောင်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဉီးဆောင်၍ အဖွဲ့ဝင် (၃၉) ဉီးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို တိကျစွာအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့်လုပ်ငန်း အဖွဲ့များအနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဥပဒေအရ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း။

၎င်းအပြင် MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားရှိကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများ တွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် စီမံပေးထားကြောင်း။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆိုလာစီမံကိန်းများနှင့် ရေလိုအပ်သည့် နေရာများတွင် သင့်လျော်သည့် Solar System ဆောင်ရွက်နိုင်ရေး အတွက် နည်းပညာ ပိုင်းဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။

အလားတူ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခက်အခဲများ အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဉီးစီးဌာနမှ Call Centre များဖွင့်လှစ်ခြင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ်သွင်းအားစုဈေးနှုန်း များထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း ပြည်တွင်းစားသုံးဆီ မှုဖူလုံစေရန်နှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံစိုက်ဧက ၁ ဒသမ ၅သန်း တိုးချဲ့စိုက်ပျိုးရေး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ်(၁၀၀ ဒသမ ၂၄၈ ဘီလီယံ)အား မိုးနှင့် ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးလျက်ရှိကြောင်း၊ ၎င်းအပြင် ပြည်သူလူထု၏ ဝတ်ရေးအဆင်ပြေစေရေးနှင့် ပြည်ပမှ ချည်မျှဉ်နှင့်ဝါ ဝယ်ယူမှု သွင်းကုန်အစားထိုးရေးနှင့် ဝါသီးနှှံ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ဝါစိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်ရွယ်၍ (၄)နှစ်တာ အထူးစီမံကိန်းအနေဖြင့်  ဧက(၇)သိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဧက(၄၅၈၃၈၈) စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းဧက(၅)သိန်းနှင့် နွေစပါး (၈ ဒသမ ၅ သိန်း)ဧက အတွက် လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း။

တစ်ဖက်ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေး အန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို စီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ပါက သင့်တင့် သောထောက်ပံ့ငွေများပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊  ပြည်ပပို့ကုန် ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့ရာတွင် Eating Quality ကောင်းမွန်စေသည့် စိုက်ပျိုး/မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား အသိပညာပေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

တောင်သူလယ်သမားများ၏ အကျိုးစီးပွားအခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုး ရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးခြင်းတို့ကင်း ဝေးစေရန် စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ် များတွင် ရေသောက်တောင်သူလယ်သမားများဖြင့် ရေအသုံးချသူများအဖွဲ့ (Water Use Group-WUG) များကိုဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ WUG အဖွဲ့ပေါင်း ၈၈၅၅ ဖွဲ့နှင့် တောင်သူဦးရေ ၂၂၆၉၃၀ ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်းမှတဆင့် (Water Use Association-WUA) အသင်း ၁၀ သင်းအထိ တိုးချဲ့ဖွဲ့စည်းလျက်ရှိရာ တစ်နိုင်ငံလုံး ဆည်ရေသောက်စနစ် ခံစားကြရသည့် တောင်သူလယ်သမားများအတွက် ယခုထက်ပိုမို၍ ဖွဲ့စည်းကြရေး လိုအပ်ပါကြောင်း။

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာမျိုးစုံကို လက်ငင်းစနစ်၊ အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း၊ ငှားရမ်း ထွန်ယက်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ် ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက ပုဂ္ဂလိကအစုအဖွဲ့များကို လယ်ယာဝန်ဆောင်မှု အသင်းများဖြင့် စည်းရုံးဖွဲ့စည်းပေးရန် လိုအပ်ကြောင်း။

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှတဆင့် မွေးမြူသူများ ဝင်ငွေတိုးတက်စေ ရန် ၊ မွေးမြူရေးလုပ်ငန်းများအတွက် မြေယာလုပ်ပိုင်ခွင့်ရရှိရန် နှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ ပြည်တွင်း၌ သယ်ဆောင်ခြင်း၊ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း တို့ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း ကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း ၃၀ စီဖြင့် ကျေးရွာပေါင်း ၃၉၄ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွား ဘဝနှင့် နိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်လည်မြှင့်တင်နိုင်ရန် ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီး(၆)ခုသို့ ငွေကျပ် ၅ ဘီလီယံစီ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၀ ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။

တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့်အကျိုးစီးပွားများကို ကာကွယ် ပေးခြင်း၊ မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ် ထားသည့် ဉီးတည်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော်ရာ ရောက်ပြီးဖြစ် သကဲ့သို့ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည့်အတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင် ရွက်မည့် နည်းလမ်း များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေး ဉီးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင် က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေး ဉီးဆောင်အဖွဲ့၏လုပ် ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဉီးဆောင်အဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဉီးဝင်းရှိိန်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဒေါက်တာသီတာဉီး၊ ဉီးမောင်မောင်အုန်း၊ ဉီးလှမိုး၊ ဉီးခင်မောင်ရီ၊ ဉီးမျိုးမြင့်ဉီးနှင့် ဉီးအောင်နိုင်ဉီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဉီးတင်ဉီးလွင် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့ ဥက္ကဋ္ဌများ က တောင် သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။