နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဉီးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဉီးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၂

          မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပ ရေးဉီးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီ  ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးဉီးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာညွှန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော်ကောင်စီဝင်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးသည် ညီလာခံချောမွေ့အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ညီလာခံ ရည်မှန်း ချက်အောင်မြင်ရေးအတွက်ကျင်းပသည့် ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးဖြစ် ကြောင်း၊ ပထမအကြိမ် အစည်းအဝေးကို ဧပြီလ ၂၅ ရက်တွင် ကျင်းပခဲ့ပြီး ယနေ့ကျင်းပ သည့် ဒုတိယအကြိမ်အစည်းအဝေးတွင်  ညီလာခံအာင်မြင်စွာကျင်းနိုင်ရေး ဆောင်ရွက် ပြီးစီးမှုများနှင့်  ဆုံးဖြတ်ရမည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးကြရန် ဖြစ် ကြောင်း။

ယခုကျင်းပမည့် ပညာရေးညီလာခံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမဆုံးကျင်းပမည့် ညီလာခံဖြစ်ပြီ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီး ဌာန ၁၁ ခု စုပေါင်းကျင်းပသည့် ညီလာခံဖြစ်ကြောင်း၊ ညီလာခံကို လူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွက်လာရေးနှင့်  အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့် တပြေးညီ တိုးတက်စေရန်ရည်ရွယ်၍စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်း များဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများမှတဆင့် ပညာရေးဆိုင်ရာ များကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်၍ ဆောင် ရွက် သွားကြမည့် ညီလာခံကြီး ဖြစ်ကြောင်း။

ယခင်အစိုးရအဆက်ဆက် ပညာရေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြင့် မားရေး စီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊   “အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်စီမံကိန်း” ကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ် အထိ (၄)နှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း၊ ထို့ပြင် “အမျိုးသား ပညာရည်မြင့်မားရေး နှစ် (၃၀) နှစ်ရှည်စီမံကိန်း” ကို စီမံကိန်းကာလ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေး နှစ်အထိ ချမှတ်အကောင် အထည်ဖော်ခဲ့ပြီး နှစ် ၃၀ နှစ်ရှည်စီမံကိန်းကို နှစ် စီမံကိန်း ( ၆ )ခု သတ်မှတ်ခဲ့ကြောင်း။

၂၀၀၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ရန်ကုန်မြို့ စိန်ရတုခန်းမ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် အလှည့်ကျကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း။

ယခုညီလာခံကို ပညာရေးဝန်ကြီးဌာနတစ်ခုတည်းသာမက ဆက်စပ်နေသည့် ဝန်ကြီးဌာန (၁၁)ခု နှင့်အတူ ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပညာရှင်များ စုပေါင်းဆောင်ရွက်ကြမည်ဖြစ်၍ ယခုကျင်းပမည့်ညီလာခံကြီးသည် ကြီးကျယ်သည့် အခမ်းအနားကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ ညီလာခံကြီးအောင်မြင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆပ်ကော်မတီများ အနေဖြင့် ညီလာခံအောင်မြင်စွာနိုင်ရေးဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိ သည်များကို အသေးစိတ်ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း၊ ယခုကျင်းပမည့် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ စနစ်တကျ ပူးပေါင်း စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွှန့်ဖေ က ပညာရေးညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ ကို ရှင်းလင်း တင်ပြသည်။

          ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ စကားဝိုင်းဆွေးနွေးပွဲဆပ်ကော်မတီ၊ စာတမ်းလက်ခံခြင်းနှင့်စိစစ်အတည်ပြုရေးဆပ်ကော်မတီ၊ ပြခန်များခင်းကျင်းပြသရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဆပ် ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော် မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်  ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည် များကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် အစည်းဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက်ဆွေးနွေးတင်ပြကြသည်

           

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်စပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။