နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့၊နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့ရှိ သင်တန်းသားအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့၊နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့ရှိ သင်တန်းသားအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ်- ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ပိုင်းတွင် ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ ရှိ သင်တန်း သားအရာရှိများ၊သန္ဓေ အရာရှိ၊ စစ်သည်များ၊နှင့်မိသားစုများ အား သီးခြားစီတွေ့ဆုံ၍ အားပေး အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော် နည်းပညာ တက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိများ၊သန္ဓေအရာရှိ၊စစ်သည်များနှင့် မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်ဆွေ မှ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီးနောက် တပ်မတော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၇ ၊ ၄၁၈ အရ လွှဲပြောင်းပေးခဲ့မှုဖြစ်စဉ်အသေးစိတ်အခြေအနေများကို လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအား တပ်မတော်အရာရှိကြီးများနှင့် အရပ်သားများဖြင့်ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ဖြင့် ဆောင်ရွက်နေမှုအခြေအနေ များကိုလည်းကောင်း၊ နိုင်ငံတကာသတင်းမီဒီယာများ၊ ပြည်တွင်းလူမှုကွန်ရက်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းဌာန များတွင် အစိုးရဆန့်ကျင်သူများ၏ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ဖြစ်စဉ်များ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဥပဒေနှင့်အညီ အဓိကရုဏ်းနှိမ်နင်း လူစုခွဲမှုအပေါ် အင်အားသုံးဖြိုခွဲခြင်းအဖြစ် တစ်ဖက်သက် ဖော်ပြစွပ်စွဲနေမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မင်းမဲ့စရိုက် ဆန်သော အကြမ်းဖက်လုပ်ရပ်များအား ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၁၉၅၆ ခုနှစ်၊ ရုန်းရင်းဆန်ခတ်မှုလက်စွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၂၀၁၅)ခုနှစ် ထုတ်ပြန်သည့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းလက်စွဲပါ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက် နေ့မှ ၂၂ ရက်နေ့အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်မှုနှင့် ဖေဖော်ဝါရီ လ ၂၃ ရက်နောက်ပိုင်း လူတစ်ဦးချင်းစီ၏ အခွင့်အရေးဆုံးရှုံးသည်အထိ လူ့အသက် နှင့် အရှက်သိက္ခာကျဆင်းစေပြီး မိသားစုဘ၀များပါ လူ့အသိုင်းအဝိုင်းအတွင်း မသွားရဲ၊ မလာရဲ ဖြစ်စေသည့် မျက်ခုံးမွှေးရိတ်ခြင်း၊ လေးကွက်ကြား ကတုံးရိတ်ခြင်း၊ လည်ပင်းစာတန်းဆွဲ၍ ရပ်ကွက်အတွင်းလှည့်လည်စေခြင်းအပြင် လူအုပ်စုဖြင့် အဓမ္မဖမ်းချုပ်လျက် နဖူး၊ ပါးများတွင် တတ်တူးရေးထိုးခြင်း၊ ရပ်ကွက်အတွင်း အဓမ္မခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ CDM မပါဝင်သူ များ၊ စိတ်ဆန္ဒမရှိသူများကို အစိုးရသတင်းပေးအဖြစ် သတ်မှတ်လျက်နည်းမျိုးစုံ  အသက် အန္တရာယ်ရှိသည်အထိ ရန်ပြုနှောင့်ယှက်ခြင်းများအပြင် ရပ်ကွက်အတွင်း အများသုံးလမ်းများ အတွင်း မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အမျိုးသမီး ဝတ်ထမီများအား ကြိုးတန်းချိတ်ဆွဲလျက် အဆိုပါထမီတွင် ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီး ရဟန်း တော်ကြီးများ၏ ဓာတ်ပုံများကို ယုတ်မာရိုင်းစိုင်းစွာ အောက်တန်းကျသည့် လုပ်ဆောင်မှုအဖြစ် ချိတ်ဆွဲထားသည့် အခြေအနေများကို ကာလအပိုင်းအခြားဖြင့် နှိုင်းယှဉ်ဆွေးနွေးပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်နောက်ပိုင်း မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်မှု များအား အဓိကရုဏ်း နှိမ်နင်းလူစုခွဲသည့် အဆင့်များအတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းနေမှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

၎င်းနောက် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်လည်း နိုင်ငံတော်၏ တာဝန်များကို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုဒ်မ ၄၁၇၊ ၄၁၈ အရ ခွင့်ပြု ထားသည့်အချိန်ကာလသတ်မှတ်ချက်အတွင်း ဆောင်ရွက်နေချိန်တွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တာဝန်ရှိမှုအခြေအနေများ၊ တပ်ဌာနချုပ်  များ၏ လုံခြုံရေးနှင့်တပ်တွင်းစည်းလုံးညီညွတ်မှုကို ရေပတ်မဝင် စည်းစည်းလုံးလုံးဖြစ်နေ စေရန် ဆောင်ရွက်ကြရမည့်အခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာ၀ရငြိမ်းချမ်းရေးရရှိရေး၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များအား NCA ၌ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် တပ်မိသားစုဝင်များအားလုံး မိမိတစ်ဦးချင်း၊ မိမိမိသားစု၊ မိမိ ဆွေမျိုးအသိုင်းအဝန်းကြောင့် မိမိနေထိုင်ရာအဖွဲ့အစည်း၊ တပ်မတော်၊ နိုင်ငံတော်အား ထိခိုက်ပျက်စီးစေမည့်အပြုအမှုများအား တမင်သိလျက်နှင့်ဖြစ်စေ၊ မသိလျက် နှင့်ဖြစ်စေ၊  ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ မလုပ်ဆောင်မိစေရေး ထိန်းသိမ်း ဆောင်ရွက်ကြရန် အခြေအနေများ၊ တပ်မတော်နှင့်ညီနောင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သပ်လျှိုသွေးခွဲနေမှုအပေါ် သတိပြုလျက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည့်အခြေအနေများ၊  နိုင်ငံတော်နှင့်တပ်မတော်အကြီးအကဲက တပ်မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်  မိသားစုများအတွက် ထောက်ပံ့ပေးမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး တာဝန်များအား နေ့မအား ညမနား တာဝန်ထမ်းဆောင် နေကြမှုအပေါ် စာနာနားလည်မှုဖြင့် အသိအမှတ်ပြုသည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များက ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိများ၊ သန္ဓေ အရာရှိ၊ စစ်သည်များ၊နှင့်မိသားစုများအတွက် တပ်မတော်စက်ရုံထုတ် စားသောက် ဖွယ်ရာများ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူသည်။

 တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့တက်ရောက်လာသောသင်တန်းသားအရာရှိများ၊သန္ဓေအရာရှိ၊ စစ်သည်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့သွားရောက်၍ဆေးရုံတက်ရောက်လျက်ရှိသောအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများအားတစ်ဦးချင်းလိုက်လံတွေ့ဆုံကာ အားပေးစကားများ ပြော ကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။