နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၆

အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဉီးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် European Centre for Medium Range Weather Forecast နှင့် FS Model(၂)ခုနှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့ ၏ ကြိုတင်ခန့်မှန်းမှုအရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်ခန့်၌ လေဖိအား နည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန် တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီး စပ်ကြားနယ်မြေ(သို့မဟုတ်) ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းချက်အရ ရုံးပိတ်ရက် ဖြစ်သော်လည်း နိုင်ငံတော်အတွက် အချိန်ပြည့်တာဝန် ထမ်းဆောင်ရန် တာဝန်ရှိကြသည့် မိမိတို့ ပြည်သူ့ဝန်ထမ်းများက အားလပ်ရက် အနား မယူဘဲ ပြည်သူများ သဘာဝဘေး အန္တရာယ်မှ အဆုံးအရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင် ရေး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးအား ခေါ်ယူကျင်းပရခြင်း ဖြစ်ပါ ကြောင်း။

မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့်လမ်းကြောင်းအား ဖြစ်နိုင် ချေအရ လမ်းကြောင်း(၂) ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပထမလမ်းကြောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့် ခန့်မှန်းလမ်းကြောင်းနှင့် ဒုတိယလမ်းကြောင်းအနေဖြင့် ရခိုင်ကမ်းရိုး တန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ်  ဝင်ရောက်မည်ဆိုသည့်လမ်းကြောင်းကိုလည်း ခန့်မှန်းထားပါကြောင်း၊ ယင်းတို့သည် ခန့်မှန်းချက်များ ဖြစ်ပါကြောင်း၊ အတိအကျအနေဖြင့် လေဖိအားနည်းရပ်ဝန်းစတင်၍ မုန်တိုင်းဖြစ်ပေါ်လာမှသာဝင်ရောက်မည့်လမ်းကြောင်းကို သိရှိရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအတွင်းသို့ မေလ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်း ထားကြပါကြောင်း။

ထို့ကြောင့် မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ယခုကတည်းကပင် စတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့်(၂၀၂၂)ခုနှစ်ကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာတွင်လည်း ထုတ်ပြန်ထားသကဲ့သို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှလည်း ပြုစုပြီး ထုတ်ပြန်ထားခြင်း များရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံးလုပ် နည်းများ ကိုရေးဆွဲထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

အကယ်၍ မုန်တိုင်းသည် တခြားနေရာများသို့ လမ်းကြောင်းပြောင်း၍  ဝင်ရောက် သွားပါကလည်း မိမိတို့အတွက် ယခုလိုကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် လေ့ကျင့် ဆောင်ရွက်ပြီး အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်မှုသည် မဖြစ်မနေဆောင် ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်သည့်အတွက် ယနေ့ အရေးပေါ် အစည်း အဝေးကိုခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုနှင့် စပ်လျဉ်း၍ အပိုင်း(၂)ပိုင်းရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းဟူ၍ ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်တုံ့ပြန် ဆောင်ရွက် ခြင်းတွင် စီမံချက်များ၊ ညွှန်ကြားချက်များ ရှိပြီးဖြစ်ပါ ကြောင်း၊ ယင်းတို့ကို ယခုမှစတင်၍ ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံများ ရှိပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ထိခိုက်ဆုံးရှုံးမှုများပြားသည့် မုန်တိုင်းကြီးဖြစ်ပါ ကြောင်း။

ထို့ကြောင့် အရေးပေါ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အချက်အလက်များကို ပြုစု ထားပြီးလည်းဖြစ်ပါကြောင်း၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသည့် ပစ္စည်းကိရိ ယာများကိုလည်း ပြည့်ပြည့်စုံစုံဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်သည့်အခါတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစိမံခန့်ခွဲမှု ကော်မတီသာမက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိ သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်သင့် သည့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ ကမ်းရိုးတန်း တစ်လျောက် တွင်နေထိုင်ကြသည့် ပြည်သူများအတွက်လည်း မြို့နယ်၊ ကျေးရွာများ အလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း။

အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂ ခုနှစ်) ပါအတိုင်း အမျိုးသားအဆင့် အရေးပေါ် စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း(၄)ခန်းပါ လုပ်ငန်းကော်မတီ(၁၂)ရပ်မှ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့် လုပ်ငန်းတာဝန်များအရ ဆောင် ရွက်ကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း(၅)ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော် မတီများက ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း တာဝန်များကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အလားတူ အခန်း(၆)ပါ တပ်မတော် ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို လည်း (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက လုပ်ငန်းတာဝန်အသေးစိတ်အလိုက် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း။

မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ယခုကတည်းကပင် တည်မြဲအမိန့်ပါအတိုင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များ ပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြ သူများအနေဖြင့် မိမိတို့အတွေ့အကြုံအရ ဌာနအလိုက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒေါက်တာသက်သက်ခိုင်တို့ က သဘာဝဘေးအန္တရာယ်အရေး ပေါ် ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ် ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြ သည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ် ရေး ဦးစီးချုပ် (လေ)  တို့က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်း မုန် တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ ကြသည်။

          ထို့နောက် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဉီးအောင်ကျော်ထွန်း က ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာနိုင်သည့် အခြေအနေများ၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်များအား နိုင်ငံပိုင်မီဒီယာများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှတဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ က သဘာဝဘေးအန္တရာယ် အရေးပေါ် ကျရောက်ခဲ့ပါက အရေးပေါ်ရင်ဆိုင် တုံ့ပြန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှု၊ ဘေးကင်းခိုလှုံရာ အဆောက်အဉီများ တည်ဆောက်ထားမှု၊ ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ နေရာဒေသ မရွေး ဆောင်ရွက်နိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သဘာဝဘေး အန္တရာယ် အရေးပေါ် ရင်ဆိုင်တုံ့ ပြန်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေး တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

          ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဉီးစိုးကြည် က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ အရေးပေါ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြ ပြီး ကော်မတီ၏ အတည်ပြုချက်ရ ယူသည်။

          ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုစင်တာ (Disaster Management Center) ကို မေ(၈) ရက်နေ့မှ စတင် ၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃) ၌ဖွင့်လှစ်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

          ယင်းနောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။