နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) သို့ တ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ  ၉

            တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။

            အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

            ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဝန်ကြီးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင် “တရားမဝင်ကုန်သွယ်မှုကို နိုင်ငံတော်မှ တိုက်ဖျက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိ‌ကြောင်း၊ နယ်စပ်ကုန် သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေ လျှက်ရှိ ကြောင်း၊ ပြည်ပသို့ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှု များကို ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း”ဟု လမ်းညွှန် မှာကြားထားပါကြောင်း။

            ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်ခုတွင် စီးပွားရေး မောင်းနှင်အား၊ နိုင်ငံရေး မောင်းနှင်အားနှင့် ကာကွယ်ရေး မောင်းနှင်အား ကောင်းမွန် နေရန်လိုအပ်ကြောင်း၊ ယင်းအထဲတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံ ရေးနှင့် ကာကွယ်ရေးစွမ်းအားများ၊ တနည်းအားဖြင့် နိုင်ငံရေးနှင့်ကာကွယ်ရေးမောင်း နှင်အားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့် နိုင်ငံတစ်ခုဖြစ် လာမည် ဖြစ်ပါကြောင်း ဟုပြောကြားခဲ့ကြောင်း၊  နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ထုတ်လုပ်မှုနှင့်ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ နိုင်ငံ၏ ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုများကို အဓိကထိုးနှက်နေသည့် အချက်သည် တရားမဝင် ကုန်သွယ်မှုများဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင် ကုန်သွယ်မှု များရှိသော်လည်း မိမိတို့ နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို‌ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ မှန်မှန်ကန်ကန်နှင့်မဆောင်ရွက်နိုင်ပါက  နိုင်ငံ၏ စီးပွားရေးကို ထိခိုက် သည့် အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာထိခိုက်စေပါကြောင်း၊    ထို့ကြောင့် နိုင်ငံ့စီးပွားရေး မောင်းနှင်အား ကောင်းမွန် စေရန်၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့် အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာတားဆီး စစ်ဆေးအရေး ယူရန် လိုအပ်ကြောင်း။

            ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုအား ဖော်ထုတ်အရေးယူမှုနိုင်ခဲ့ပါကြောင်း၊ အလားတူ  ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင်ပြောင်းဆန်များ တင်ပို့ရန်ကြိုး ပမ်းမှုကို လည်းတားဆီးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ (၁၁)လုံး တရားမဝင်ထုတ်ယူမှုနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။

            ထူးခြားဖြစ်စဉ်များအနေဖြင့်  မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် မော်လမြိုင် ဘူတာသို့ ဆိုက်ရောက်ကုန်တင်တွဲ (၅)တွဲ၌ သတင်းအရ မသင်္ကာဖွယ်တွေ့ရှိ၍ စိစစ်ရာ တင်ပို့လိုင်စင်နှင့် QR Code မပါ အထောက်အထားမဲ့ ပြောင်းစေ့အိတ် (၁၆၅၉) အိတ် ဆက်စပ်အမှုအရ ပဲခူး၊ မောင်လမြိုင်လမ်းကြောင်းတစ်လျောက် ကုန်တွဲ (၅၁)တွဲ ပဲခူးဘူတာမှ မသင်္ကာဖွယ် (၃၇)တွဲကိုဖော်ထုတ်နိုင်ခဲ့ကြောင်း။

            အလားတူ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ မော်တော်ယာဉ်(၈)စီးကို တားဆီးနိုင်ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ရေကြောင်းဖြင့် တရားမဝင်တင်ပို့မှုကို တားဆီးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်မှမော်လမြိုင်ဖက်သို့ ထွက်ခွာ လာသည့်သင်္ဘောပေါ်တွင် အထောက်အထားမဲ့ ပြောင်းစေ့အိတ်များတွေ့ရှိရသည့် အတွက် ရေယာဉ်မှူးနှင့် ကုမ္ပဏီပိုင်ရှင်တို့၏ ကနဦးထွက်ဆိုချက်များ ကွဲလွဲနေသည့် အတွက် ဆက်လက်ဖော်ထုတ်ခဲ့ပါကြောင်း၊ ရထားတွဲ(၈၈)တွဲ၊ ရေယာဉ်တစ်စီး၊ မော်တော်ယာဉ်(၈)စီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ ပြောင်းစေ့အိတ် (၉၁၃၅၉)အိတ် တန်ချိန် (၄၅၆၇ဒသမ ၉၅) တန်နှင့် ကာလတန်ဖိုးငွေကျပ်  ၂ ဒသမ ၉ ဘီလီယံကျော် တရားမဝင်ပို့ကုန်အဖြစ်ဆောင်ရွက်ရန် ကြိုးပမ်းစဉ် သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ထို့အတွက် စီမံကြီးကြပ်သူများနှင့်စေ့စပ်စွာဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း ကောင်းများ ကိုလည်း ဂုဏ်ပြုဝမ်းမြောက်ပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆုပေးဒဏ်ပေး စနစ်ကျင့်သုံး၍ ဝန်ထမ်းကောင်းများ ကို ထိုက်သင့်သည်များ ဂုဏ်ပြုချီးမြှင့် သွားရမည်ဖြစ်ပြီး တားမြစ်ထားသည့် စည်းမျဉ်း စည်းကမ်းဥပဒေများနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ပြင်းပြင်း ထန်ထန်အရေးယူ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ သက်ဆိုင် ရာဝန်ကြီး ဌာနအနေဖြင့် ဖမ်းဆီးရရှိမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံဝန်ထမ်း ကောင်းများကို ထိုက်သင့်သည်များကို ဂုဏ်ပြုချီးမြှင့်ရန် လိုကြောင်း။

            ဖမ်းဆီးရရှိသည့် အထောက်အထားမဲ့ ပစ္စည်းများနှင့်စပ်လျဉ်း၍ အလဟဿ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံဘဏ္ဍာအဖြစ် အမြန်ဆုံးသိမ်းယူနိုင်ရေး၊ တရားမဝင်ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်တရားဝင်ဆောင်ရွက်ရသည့် လုပ်ငန်း များအား မဆောင်ရွက်နိုင်ခဲ့ကြသည့်ကုမ္ပဏီများကို နိုင်ငံတော်၏ အကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့်အတွက်  အမြန်ဆုံး ထိရောက်စွာ အရေးယူ နိုင်ရေး အရေးပေါ်အထူးအစည်းအဝေးကျင်းပပြီး ဥပဒေအကြောင်းအရ အရေးယူနိုင် ရေးနှင့် သိမ်းဆည်းပစ္စည်များ အမြန်ဆုံးလေလံတင် ရောင်းချနိုင်ရေးအပါအဝင် လုပ်သင့်သည်များလုပ်ဆောင်နိုင်ရန် စီမံဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင် ရွက်နိုင်ခဲ့မှုကြောင့် ပြောင်းစေ့များမပျက်စီးမဆုံးရှုံးဘဲ ပြန်လည်ထုခွဲရောင်း  ချနိုင်ခဲ့ သည့်အတွက် မူလခန့်မှန်းခဲ့သည့် ငွေကျပ် ၂ ဒသမ ၉ ဘီလီယံထက် ကျော်လွန်ပြီး ငွေကျပ် ၃ ဒသမ ၀၅၇ ဘီလီယံ ရရှိခဲ့သည့် အတွက် မူလထက် သိန်းပေါင်း ၈၀၀ ကျော် ပိုမို၍ ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိခဲ့ပါကြောင်း။

            သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန် များစနစ် တကျဆောင်ရွက်လျက်ရှိပြီး G to G လည်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင် ရွက်မှုအပေါ်တွင် အချို့ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံး လုပ်ပြီး ၎င်းတို့၏ သွင်းကုန်ပစ္စည်းများကို တင်သွင်းရန် ကြိုးစား ဆောင်ရွက်မှု များကို ပြည်သူ့ဝန်ထမ်းကောင်းများက ဖော်ထုတ်တားဆီး ပေးနိုင်ခဲ့သည့်အတွက် သွင်းကုန်ပစ္စည်း ကီလို သုံးသိန်းကျော် ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉ သန်းကျော် ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဥပဒေမဲ့ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများမှာ  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီနှင့် တိုင်းဒေသကြီး၊ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း။  

            မိမိတို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်မှု ကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ တွင် အမှုတွဲ (၆၁၁)မှု၊ တန်ဖိုးငွေကျပ်သန်း( ၁၀၄၄၅ဒသမ ၇၄၂)     ဖြစ်ပြီး ဩဂုတ်လတွင် အမှုတွဲ (၅၄၀)၊ တန်ဖိုးငွေကျပ်သန်း (၁၂၄၃၄ ဒသမ ၂၄၄)ဖမ်းဆီးရရှိခဲ့ကြောင်း၊ ကာလတူ၂၀၂၂ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လ နှိုင်းယှဉ်ရာ ယခင် ဇူလိုင်လတွင် အမှုတွဲ (၃၆၉)မှု၊ တန်းဖိုးငွေကျပ် ( ၆၁၀ ဒသမ ၃၈၈) သန်းနှင့် ဩဂုတ်လတွင် (၄၈၀)မှု ၊ ခန့်မှန်းငွေကျပ် (၇၀၀၂ ဒသမ ၆၁၃) သန်း ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုး ပိုမိုဆောင်ရွက် နိုင်ခဲ့သော်လည်း သွင်းကုန်အပြင်ပို့ကုန်အပိုင်းများပါ တရားမဝင် ကုန်သွယ်မှုများ ရှိနေဆဲဖြစ်သည်ဟု ဖော်ပြနေသည့်အတွက် တရားမဝင် ကုန်သွယ်မှုများ မရှိစေရေးကို သွင်းကုန်ပိုင်းနှင့် ပို့ကုန်ပိုင်းများကိုပါ ယခင်ကထက် အထူးအဖွဲ့များက စေ့စေ့ စပ်စပ်ဖော်ထုတ် ဖမ်းဆီး သွားရန် လိုကြောင်း။

             ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သွင်းကုန် အပြင် ပို့ကုန်များအတွက်ပါ မော်တော်ယာဉ်၊ ရေယာဉ်၊ မီးရထား အပါအဝင်ယခုအခါ ကုန်တင်ယာဉ်များဖြင့် ကုန်ပစ္စည်းတင်ပို့နေပြီဖြစ်သည့်အတွက် လေကြောင်းအတွက် ပါ SOP များကိုစနစ်တကျ နောက်ဆုံး အခြေအနေနှင့်အညီ ရေးဆွဲဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အဓိကအထောက်ကူ ပြုမည့် e-lock စနစ်ဖြင့် ကုန်ပစ္စည်းစစ်ဆေးရေး ပို့ဆောင်ရန်အတွက် Pilot Project (၆)လ ဆောင်ရွက်လျက်ရှိကြောင်း၊ Pilot Project ဖြင့် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို မိမိတို့ ဆောင်ရွက်လိုသည့်  E-Lock စနစ်ဖြင့် ကုန်သေတ္တာနှင့်အလုံပိတ်ယာဉ်များ အသုံးပြု သည့် ကုန်ပစ္စည်များပို့ဆောင်မှုကို Phase အလိုက် အားသာချက်၊ အားနည်းချက် ဖော်ထုတ်၍ နိုင်ငံတစ်ဝှမ်းလုံး ပို့ဆောင်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မိမိတို့ အားလုံးမှ အားတက် သရောဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။

            ဖမ်းဆီးရမိသည့် ပြောင်းစေ့များသည် ပျက်စီးလွယ်သည့် ပစ္စည်းများဖြစ်သည့် အတွက် ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရေး အကောက်ခွန်ဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေတွင် ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့၍ ပစ္စည်းများကို မပျက်မစီးဘဲ ထုခွဲရောင်းချနိုင်ခဲ့သည့်အပြင် စနစ်တကျဆောင်ရွက် နိုင်ခဲ့သည့်အတွက် မူလခန့်မှန်းထားသည့် ငွေွပမာဏများထက် ပိုမိုရရှိခဲ့ပါကြောင်း၊ ယင်းမှာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင်ရှိပြီး ဥပဒေအပေါ်ဝိုင်းဝန်းစဉ်းစားခဲ့ပြီး  လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အကောက်အခွန် ဥပဒေ အပိုင်းတွင် မူလထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေရှိပါကြောင်း၊ အဆိုပါ ဥပဒေပိုင်းတွင်လည်း ပိုင်ရှင်ဘက်မှ ထိခိုက်နစ်နာမှုမရှိစေရေး လုပ်ထုံးလုပ်နည်းများ ကြောင့် ပို့ကုန်/သွင်းကုန် ဥပဒေကဲ့သို့ အရေးယူခြင်း၊ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်း အပိုင်းတို့တွင် ကြံ့ကြာမှုရှိသင့်သလောက်ရှိပါကြောင်း၊ သို့ဖြစ်၍  အခြေအနေ အချိန် အခါနှင့် လိုက်လျောညီထွေ မှုရှိစေရန်နှင့် ဖမ်းဆီးရရှိသည့် ပစ္စည်းများဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဥပဒေ ၊ နည်းဥပဒေများကို ပြင်ဆင်ရန် လိုအပ်ပါကလည်း ပြင်ဆင်ရန်စဉ်စားသင့်ပါကြောင်း၊ ဥပဒေကို လူကပြုစုခြင်းဖြစ်၍ လူကပင် ပြင်ဆင်၍ ရပါကြောင်း၊ အကျိုးအကြောင်း ခိုင်လုံရန် လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု နှင့်စပ်လျဉ်း၍ ခေတ်အဆက်ဆက် မိမိတို့ နိုင်ငံတွင် အမြစ်တွယ်ခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်များအပါအဝင် စက်သုံးဆီ၊ စားသုံးဆီများနှင့်စပ်လျဉ်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားရေးနှင့် စီးပွားရေးမောင်းနှင်အားကို ထိခိုက် စေမှုမရှိစေရေးအတွက်  သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုသကဲ့သို့ တစ်ဖက် ကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို တားဆီးပေးနေသည့် လုပ်ငန်းဖြစ်သောကြောင့်  တာဝန်ရှိသူများက ယခင်ကထက်ပိုမို၍ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

            ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်း ရေးမှုး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက် ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော် တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကိုဖတ်ကြားတင်ပြ ကြသည်။

            ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးဝင်းရှိန် ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ ရှိချက်များ၊  E-Lock စနစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေများ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင် ယာဉ်များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီး ရမိမှုများနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများ ရောင်းချနေမှု၊ QR Code အသုံးပြုဆောင်ရွက်နေမှု  ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးတင်ပြကြသည်။

            ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

            ထို့နောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၅/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

            ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိ သည်။