နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေါင်မြို့နယ်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်မြို့နယ်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် စက်ရုံမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး စက်ရုံအစည်းအဝေးခန်းမတွင် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က စက်ရုံမှ ကိုယ်တိုက်ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာခဲများ ထုတ်လုပ်နေမှုအခြေ အနေများနှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် အင်းတကော် မော်တော်ယဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ SKD စနစ်နှင့် CKD စနစ်များဖြင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းဆပ်ပြာလိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်ရန်လိုကြောင်း၊ ပစ္စည်း ချင်းတူပါက ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ကောင်းမွန်ရမည်ဆိုသည့်အတိုင်း ပြည်သူများ ပစ္စည်းအရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့စက်ရုံမှ ထုတ်လုပ်သည့် ဆပ်ပြာများ၏ အရည်အသွေးကောင်းမွန်စေရေး အမြဲ မပြတ်ဆောင်ရွက်နေရန်လိုကြောင်းနှင့် ပြည်တွင်းလိုအပ်ချက်ကို ရာခိုင်နှုန်းတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရေးထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှ ထုတ်လုပ်သည့် ဆပ်ပြာများနှင့် ဈေးကွက် အတွင်း အသုံးပြုလျက်ရှိသည့် ဆပ်ပြာခဲများအား ကြည့်ရှုကြပြီး စက်ရုံအတွင်း ဆပ်ပြာ ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာ ကြားခဲ့ကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

အဆိုပါ ပဒုမ္မာဆပ်ပြာစက်ရုံကို စစ်မှုထမ်းဟောင်းမိသားစုများနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်သူများ ဈေးနှုန်း ချိုသာ စွာအသုံးပြုနိုင်ရန်နှင့် ပြည်တွင်းသုံးကုန်ပစ္စည်းလိုအပ်ချက်ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၀၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဒုမ္မာ ဆပ်ပြာ စက်ရုံ (ပေါင်မြို့နယ်)မှ PADONMAR အမှတ်တံဆိပ်ဖြင့် အဝတ်လျှော်ဆပ်ပြာများအပြင် ကိုယ်တိုက်ဆပ်ပြာများကိုလည်း ဂရမ်မျိုးစုံ၊ အရောင်အနံ့စုံလင်စွာဖြင့် ထုတ်လုပ်လျက် ရှိပြီး သက်သာသောဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း သတင်းရရှိသည်။