နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့အတွင်း အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများအား လိုက်လံလေ့လာ ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့အတွင်း အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများအား လိုက်လံလေ့လာ ကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၇

    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်း၌ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

    ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင် အားကစားလေ့ကျင့်ရေး စခန်းသို့ ရောက်ရှိကြပြီး အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့သည် မြို့တည် သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီး သမိုင်းကြောင်း အစဉ်အလာရှိသည့် မြို့ဖြစ် သည်နှင့်အညီ မြို့၏ အဆင့်ဂုဏ်သိက္ခာနှင့် လျော်ညီသည့် အားကစားကွင်းတစ်ခု ဖြစ်စေရေး၊ ပရိသတ်များ အဆင့်မီမီကြည့်ရှုနိုင်ရေး၊ အားကစားသမားများ အရည် အသွေး ပြည့်မီစွာ လေ့ကျင့်နိုင်စေရေး အားကစားကွင်းများတွင် ရှိသင့်ရှိထိုက်သည့် စံနှုန်းများနှင့်အညီ ထည့်သွင်းတွက်ချက် အဆင့်မြှင့်တင်ရန် လိုအပ်သည့် အခြေအနေ များအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

    ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းအနီးရှိ Sithar Coffee Co.ltd နှင့် ပွဲကောက်ကျေးရွာရှိ Creation Myanmar Coffee Farm တို့အား သွားရောက် ကြည့်ရှု့လေ့လာကြည့်ရှုပြီး ကော်ဖီစိုက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး သည်။ ဦးစွာ မြန်မာနိုင်ငံ ကော်ဖီအသင်း နာယက ဦးရဲမြင့်နှင့် ကော်ဖီစိုက် လုပ်ငန်းရှင်များက အရည်အသွေးမြင့်သည့် ကော်ဖီထုတ်ကုန်များ ရရှိစေရေး ကုန်ကြမ်းမှ ကုန်ချောအဆင့်ထိ အဆင့်ဆင့် ထုတ်လုပ်မှု အခြေအနေများ၊ ကော်ဖီ အသင်းကို ကော်ဖီစိုက်ဒေသ အသီးသီး၌ တည်ထောင်ထားရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့မှုရှိစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေး နွေး တင်ပြကြသည်။

    ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၌ ကော်ဖီစိုက်ဧက ၃ သောင်းကျော်ရှိပြီး ဒေသ အလိုက်ခွဲ၍ Robusta နှင့် Arabica ကော်ဖီမျိုးတို့ကို စိုက်ပျိုးသည်ဟု သိရှိရကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများပြီး ကာလရှည်လုပ်ငန်း ဖြစ်သည့်အတွက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို အမြဲမပြတ် လေ့လာနေရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရန်၊ Quality Product ဖြစ်ရန်၊ ဈေးကွက်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနံ့၊ အရသာနှင့် အရောင် ကောင်းမွန်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ဒေသ အလိုက် ကြိုက်နှစ်သက်သည့် အမျိုးအစားများကို လေ့လာဆန်းစစ်၍ ခွဲခြားဖြန့်ချိ ရန်လိုကြောင်း၊ လုပ်ငန်းတစ်ခု ဆောင်ရွက်ရာတွင် သုတေသနနှင့် ဖွံ့ဖြိုးမှု Research and Development ရှိရမည်ဖြစ်ပြီး သုတေသန လုပ်ငန်းများကို မဖြစ်မနေလုပ် ဆောင်ရန်လိုကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန်ကြမ်းများကို တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေဖြင့် ကုန်ချောများကို ထုတ်လုပ်ကာ အရည်အသွေးမြင့်ကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင်ရွက်ရန် လို ကြောင်း၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိရေးနှင့် အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ် သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြင့်သည့် ကော်ဖီထုတ်ကုန်များ ရရှိရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ နောင်တွင် လုပ်ငန်းရှင်များ ကိုယ် တိုင် သုတေသနပြု၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းနှင့် ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန့်မာကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက် ထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

    ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးမှု အများအပြားရှိပြီး စိုက်ဧက ၁၀၀၀၀ ကျော်ခန့်ရှိပြီး ဈေးကွက်အတွင်း နာမည်ရရှိပြီး ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များကို ခေတ်မီသောထုပ်ပိုးမှုပုံစံများဖြင့် ကောင်းမွန်အောင် လုပ်ဆောင်၍ One Village One Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန် တစ်မျိုးချင်းကို ဈေးကွက်ဝင်ရန် ကြိုးစားခြင်းဖြင့် တစ်ဖက်မှလည်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက်ကြည့်ရှုလေ့လာသူများ ရရှိလာမည်ဖြစ်ကြောင်း၊ ခရီး သွားလုပ်ငန်းများမှတဆင့် ဒေသထုတ်ကုန်ရောင်းဝယ်ရေး လုပ်ငန်းများဖွံ့ဖြိုးလာပြီး ဒေသတွင်း ဝင်ငွေကို ကြွယ်ဝစေနိုင်ကာ ဒေသခံပြည်သူလူထု၏ လူနေမှုစနစ်ကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၊ ဒေသနှင့် တိုင်းပြည် အကျိုးစီးပွား တိုးတက်စေရေးအတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် အစုအဖွဲ့လိုက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

   ထို့နောက် ကော်ဖီခြံများအတွင်း လိုက်လံကြည့်ရှု၍ စိုက်ပျိုးထားရှိမှု အခြေ အနေများနှင့် ခင်းကျင်းပြသထားသည့် ကော်ဖီထုတ်ကုန်များ၊ မျိုးစေ့များ၊ လုပ်ငန်း သုံးပစ္စည်း ကိရိယာများကို လေ့လာကြည့်ရှုကြရာ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များက ရှင်းလင်းပြသကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကော်ဖီပင်နှင့် အရိပ်ပင်ကြား လေဝင်လေထွက် ကောင်းမွန်ရန်နှင့် အရိပ်ပင်သည် ပိုးမွှားလက်ခံပင် မဖြစ်စေရေးအတွက် အရိပ်ပင် အလင်းဖွင့်ခြင်းလုပ် ငန်းများကို ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေး နွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။