နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော် စက်တင်ဘာ ၁၉

    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် က ရှမ်းပြည်နယ်အတွင်း ဒေသဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများ၊ COVID -19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကာကွယ် ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ပြည်နယ်ဆိုင်ရာ အထွေထွေ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော် တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် ပတ်သက်၍ ၎င်းတို့ဒေသများတွင် စက်မှုဇုန်၊ ဟိုတယ်ဇုန်များ ဆောင်ရွက် ပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့တွင် အဆင့်မြှင့် တင်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ တင်ပြကြပြီး လားရှိုးခရိုင် အုပ်ချုပ်ရေးမှူးက လားရှိုးမြို့ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြ သည်။

တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ တို့က နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ကုန်သွယ်ရေးစခန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှု ဆိုင်ရာ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ပို့ကုန် လုပ် ငန်းများကို အဆင့်မီသည့် သယ်ယူပို့ဆောင်မှု ဖြစ်စေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အရည်အသွေးပြည့်ဝစွာ ထုတ် လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေး ဆောင် ရွက်နိုင်မည့်အခြေအနေများ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ပညာရှင်များပေါ်ထွက်လာ ရေးအတွက် စိုက်ပျိုးရေးသိပ္ပံ ဖွင့်လှစ်ပေးမည့် အခြေအနေများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တိုင်းနှင့် ဒေသများ၏ အဆိုပြုချက်များနှင့် ပတ်သက်၍လည်း အမြန်ဆုံး ဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသနှင့် ကိုက်ညီသည့် မျိုး ကောင်းမျိုးသန့်များရရှိရေးနှင့် ရောဂါကင်းစင်သည့် မွေးမြူရေးစနစ် ဖြစ်စေရေး၊ ဈေးကွက် ရရှိရေးတို့ အတွက် လုပ်ဆောင်ပေးမည့် အခြေအနေများ။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ပစ္စည်းကိရိယာ လိုအပ်ချက်၊ အရင်းအနှီး လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပေးသွားမည့် အခြေအနေများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ဆောင်နိုင်စေရေး နည်းပညာနှင့် မတည်ငွေ ထုတ်ပေးသွားမည်ဖြစ်ပြီး သမဝါယမ အသင်းများ စနစ်တကျဖွဲ့စည်းရန် လိုအပ်သည့် အခြေအနေများ၊ ရှမ်းပြည်နယ်သည် နယ်စပ်ထိစပ်မှု နယ်နိမိတ် ရှည်လျားသည့်အတွက် ဒေသတွင်း သယံဇာတများကို ပြင်ပသို့ တရားမဝင် ထုတ်လုပ်တင်ပို့မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ် သည့် အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ ကျန်းမာ ရေးဝန်ထမ်းနှင့် ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ဆေးရုံများ ဖွဲ့စည်းပုံတိုးချဲ့ရေးနှင့် ပတ်သက်၍ မြေပြင်လိုအပ်ချက် ကို စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွန်ချက်နှင့် အညီ တစ်မျိုးသားလုံး၏ အားကစား အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်နှင့်အညီ ရှမ်းပြည်နယ် အတွင်း လိုအပ်လျက်ရှိသည့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် တင်ပြချက်များတွင် ပါဝင်သည့် စိုက်ပျိုးမွေးမြူ ရေး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေး ဆိုင်ရာများ ကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လက်ဖက်သီးနှံ အထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် လက်ဖက်စိုက်ဧက ၆၀၀၀၀ ခန့် ရှိသည့် အတွက် အထွက်နှုန်းကောင်းပြီး တန်ဖိုးမြင့် လက်ဖက်ထုတ်ကုန်များ ထုတ် လုပ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ ဒေသစီးပွားရေးကို လည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ ၄ မျိုးသာရှိပြီး မျိုးကောင်းရန်၊ မြေနှင့် ရေကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်နှင့် လိုအပ်သည့် သွင်းအားစု များကိုလည်း ပြည့်ပြည့်ဝဝဖြင့် ထည့်သွင်း အသုံးပြုရန်လိုကြောင်း၊ အထွက်နှုန်းတိုး အောင်ဆောင်ရွက်နိုင်ပါက ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝကို တိုးတက် စေမည်ဖြစ်ကြောင်း၊ လူသားတို့တွင် ကျန်းမာကြံ့ခိုင် ဖွံဖြုံးရန်၊ ရောဂါဘယကင်းစင် ရန် လိုအပ်သည့် အာဟာရနှင့် ဆေးဝါးတို့ကို မှီဝဲရသကဲ့သို့ စိုက်ပျိုးရေး ဆောင်ရွက်ရာ၌လည်း လိုအပ်သည့် အစာအာဟာရနှင့် ဆေးဝါးတို့ကို နည်းစနစ် တကျ တိုက်ကျွေးမှသာလျင် အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိလာနိုင်မည် ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်များကို ပစ်ပယ်၍ မရ သကဲ့သို့ ခေတ်မီပြီး စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး ပုံစံဖြစ်အောင်ရန် ပြောင်းလဲ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။

ထိုကဲ့သို့ အရည်အသွေးမြင့်ပြီး အောင်မြင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဖြစ်ပေါ်လာရေးအတွက် စိုက်ပျိုးမွေးမြူရေး အသိပညာဗဟုသုတနှင့် ပြည့်စုံ သည့် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူ ရေး နှင့် ပတ်သက်သည့် တက္ကသိုလ်တစ်ခုသာ ရှိသည်ကို တွေ့ရှိရသဖြင့် စိုက်ပျိုး မွေးမြူရေး သိပ္ပံများ၊ ကောလိပ်များ ထိုမှတစ်ဆင့် တက္ကသိုလ်များကို ဖွင့်လှစ် သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ကို ဗဟိုပြု၍ စိုက်ပျိုး မွေးမြူရေး သိပ္ပံ သို့မဟုတ် ကောလိပ် တစ်ခုဖွင့်လှစ် အခြေတည်နိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် ဆီဖူလုံမှု အားနည်းပြီး စားဆီနှင့် သုံးဆီကို နှစ်စဉ် ဘီလီယံနှင့် ချီ၍ တင်သွင် နေရကြောင်း၊ ဆီသုံးစွဲမှုများကို ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဖြင့် အသုံး ပြုနိုင်သည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများ ဥပမာအားဖြင့်- လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား စသည်ဖြင့် စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ စားဆီ ထုတ်လုပ်မှု မြင့်မားရေးအတွက် ဆီထွက်ကုန်သီးနှံများကို အထွက် နှုန်းကောင်းမွန်‌အောင် လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း။

သစ်တောဆိုင်ရာများနှင့် ပတ်သက်၍ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တော စိုက်ခင်းများ အောင်မြင်သည်ကို တွေ့ရှိရသည့် အတွက်ဝမ်းမြောက်မိပါကြောင်း၊ နည်းပညာမြင့် သစ်တောထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပြီး ဒေသတွင်း သယံဇာတကြွယ်ဝသည့် သစ်နှင့် ဝါး ကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင် ရေး စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း၊ ဆန်နှင့် ပတ်သက်၍ တစ်ဧက အထွက် နှုန်း ယခုထက် တိုးတက်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊ အများသုံးဆန်အပြင် ဒေသဆန်ဖြစ်သည့် ကောက်ညှင်း အထွက်နှုန်းကိုလည်း ကောင်းမွန်အောင်လုပ် ဆောင်ကာ ဒေသ၏ ပင်မထွက်ကုန်ဖြစ်အောင် လုပ်ဆောင်ရန်လိုကြောင်း၊ ကောက် ညှင်းဆန် မျိုးကို ထိန်းထားနိုင်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် စပါးတင်ပို့ရောင်းချမှုများကို အားမပေးလိုကြောင်းနှင့် ဒေသတွင်း၌ပင် စပါးမှ ဆန်ထုတ်လုပ်ပါက ဆန်စက်များလည်ပတ်နိုင်မည်၊ ဖွဲ၊ စကွဲကဲ့သို့ ဆန် ထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဒေသတွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စနစ်တကျ စဉ်းစားတွက်ချက် လုပ်ဆောင်ကြစေလိုကြောင်း၊ မိုးရေချိန် အသင့်အတင့်ရရှိသည့် ဒေသဖြစ်သဖြင့် ရေရှားပါးမှုဖြစ်ပေါ်နေသည်မှာ သဘာဝ မကျကြောင်း၊ ရေအရင်းအမြစ်များကို ရှာဖွေပြီး ရေစုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်း လုပ်ငန်းများကို မဖြစ်မနေ ရရှိအောင် လုပ်ဆောင်ရန်လိုကြောင်း။

ထိုကဲ့သို့ ဒေသတွင်း ထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိက လိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင် ဖြစ်သည့်အတွက် ဒေသတွင် လျှပ်စစ်ဖူလုံရေး၊ သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအား ထုတ်ယူ နိုင်ရေးအတွက် စဉ်းစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သည်မှန်သမျှကို ဦးစားပေးစဉ်းစား ဆောင်ရွက်ကြစေလိုပြီး ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို စဉ်းစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် တိုးတက်ရေးအတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးအဖွဲ့များ အနေဖြင့်လည်း ဒေသအတွက် လုပ်ဆောင်နိုင်သည်မှန်သမျှကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသ တွင်း အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအပြင် ခေတ်နှင့်အညီပြောင်းလဲ လာသည့် ဆောက်လုပ်ရေး လိုအပ်ချက်များဖြစ်သည့် ဘိလပ်မြေ၊ သံမဏိ၊ ဓာတ်မြေ ဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ ဒေသ တွင်းဝင်ငွေကောင်းပြီး စီးပွားရေး တောင့်တင်းပါက သာယာလှပရေး လုပ်ငန်း များ ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်း  တစ်ခုဖြစ်သည့် ခရီးသွား လုပ်ငန်းများကိုလည်း လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်ကြောင်း၊ဒေသတွင်းသို့ လာရောက်သူများပြားလာပါက ဒေသ ထွက်ကုန်၊ ထုတ်ကုန်များသည်လည်း ပိုမို ရောင်းချလာနိုင်မည်ဖြစ်ပြီး ဒေသ၏ အကျိုးစီးပွားကို ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး တို့အတွက် အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေး နှင့် စားနပ်ရိက္ခာ ဖူလုံပေါများသည့် တိုင်းပြည်တစ်ခုဖြစ်အောင် ကြိုးပမ်း ဖော်ဆောင် ကြရန်လိုကြောင်းဖြင့် အကြံပြုတိုက်တွန်းပြောကြားပြီး နိုင်ငံတော်တွင် ဖြစ်ပေါ် ခဲ့သည့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများက ဒေသထွက်ကုန် ပစ္စည်းများကို အမှတ်တရ ပေးအပ် ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ခရိုင်အားကစားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီး နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်၍ လားရှိုးမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဗောဓာရုံကျောင်း တိုက်ဆရာတော် မဟာဂန္ဓဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီး၏ ကျန်းမာရေး ဆိုင်ရာများနှင့် ဘာသာရေး ဆိုင်ရာတို့ကို မေးမြန်း လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။