နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၂၁-၅-၂၀၂၁)

နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH နှင့် NUG တို့အား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော် ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားပြီးဖြစ်ပါသည်။

အဆိုပါအမှုဖွင့်လှစ်ထားသော သူနာပြုများအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိပြီး ဖော်ပြပါပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့် လက်ခံထားရှိသူများကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။