နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  ဇွန် ၁၄

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့က မိုခါမုန်တိုင်း တိုက်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊  ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့မှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ စစ်ဆေးတွေ့ရှိချက်များ၊  ဆက်သွယ်ရေး ကဏ္ဍဆောင်ရွက်မှု အခြေအနေ များ၊ စစ်တွေမြို့တွင်း ကေဘယ်ကွန်ရက်များ ပြုပြင်မှုအခြေအနေများ၊  လျှပ်စစ်ကဏ္ဍ ဆောင်ရွက်မှုအခြေအနေများ၊  လျှပ်စစ်ဓာတ်အား အမြန်ရရှိရေး ပြင်ဆင်စုဖွဲ့ ဆောင်ရွက် နေမှု၊ သောက်သုံးရေရရှိရေး ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပညာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးကဏ္ဍ ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ လမ်းတံတားကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုး ရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊  ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိဖြန့်ခွဲမှု အခြေအနေများနှင့် အလှူငွေများ လက်ခံရရှိမှုအခြေ အနေများအား ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။  

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်ခဲ့မှုအပေါ် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က  ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားရာတွင်  ပြန်လည်ထူထောင်ရေး ကာလအတွင်း တာဝန်ယူဆောင်ရွက်နေသော  ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် မြင်သာ  သော တိုးတက်မှုများ တွေ့ရကြောင်း၊ အလားတူ မောင်တောနှင့် ဘူးသီးတောင်တို့တွင် လည်း တိုးတက်မှုများစွာ တွေ့ရှိရကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံမှုကောင်းစွာဖြင့် တာဝန်ရှိသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါကြောင်း။

 စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသနှင့်ကိုက်ညီသော မျိုးစပါးများ အချိန်မီရောက်ရှိ အောင် စီမံပေးလျက်ရှိပြီး အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် စိုက်နည်း လေးသွယ်နှင့်အညီ ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိုးစပါးထွန်ယက်ရေး အသုံးပြုရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ရခိုင်ပြည် နယ်အတွင်း လိုအပ်သော မြို့နယ်များသို့ လယ်ထွန်စက် ၈၅ စီးဖြင့် ထွန်ထယ်လုပ်ငန်း များကို ဆောင်ရွက်သွားရန် စီမံထားပြီဖြစ်ကြောင်းနှင့် လက်တွန်းလယ်ထွန်စက်များ  အား ထပ်မံပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

 ဝန်ကြီးဌာနအလိုက် အဆောက်အဦများ ပြုပြင်ရာတွင် ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုပြီး ဝန်ကြီးချုပ်၏ မူဝါဒ ဖြစ်သော မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုကြောင်း။

စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်သူအားလုံး လုံလောက်စွာ စားသောက်နိုင် ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး စားသောက်ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အသား၊ ငါး၊ ဉနှင့် ဟင်းသီးဟင်းရွက်များ အား တစ်ပိုင်တစ်နိုင်နှင့် တစ်အုပ်တစ်မ စီးပွားဖြစ် မွေးမြူ၊ စိုက်ပျိုးနိုင်ရေး ထုတ်လုပ်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ  ပေါင်းစပ်လျက် စတင်ဆောင်ရွက်ရန် လိုကြောင်း၊ လိုအပ်သည့် မတည်အရင်းအနှီးကိစ္စ၊ ခြံကွက်စနစ်မွေးမြူနိုင်ရေး လိုအပ်သော အဆောက်အဦ ဆောက်လုပ်ရေးကိစ္စနှင့် နည်းပညာနှင့် သွင်းအားစု စသည်တို့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပါလျှင် အမြန်ဆုံးစတင် အကောင်အထည်ဖော်ရန် လိုပါကြောင်း၊ Demand and Supply  လိုအပ်ချက်အရ Demand ရှိပြီး Supply   မရှိပါက သို့မဟုတ် မလုံလောက်ပါက ကုန်ဈေးနှုန်းမှာလည်း အလိုအလျောက် ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တစ်ဖက်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်စေရေး အထောက်အကူပြုသလို တစ်ဖက်ကလည်း ဒေသအတွက် အသား၊ ငါး ၊ ဉနှင့် ဟင်းသီးဟင်းရွက်များ ဖူလုံစေရေးကို ကြိုးပမ်းအကောင်အထည်ဖော်ကြရန် လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုသည် Cash For Work Program တစ်ခုအဖြစ် ဖော်ဆောင်ရာ ရောက်ပါ ကြောင်း၊ စားရေရိက္ခာ ပြည့်ဝဖူလုံမှသာ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဝမ်းရေး အတွက် အဓိကလိုအပ်သည့် မိုးစပါးစိုက်ပျိုးရေးကိုလည်း အင်ပြည့်အားပြည့်ဖြင့် ဆောင်ရွက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

ဆက်သွယ်ရေးကဏ္ဍဆောင်ရွက်မှုအနေဖြင့် ရေဒီယိုစခန်း ၁၂၃၃ ခုရှိသည့်အနက် ၈၉၂ ခု ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်၍ ၉၉ ဒသမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ရာ ရာနှုန်းပြည့် ပြီးစီး‌အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍ အနေဖြင့် ပုဏ္ဏကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းမှ ဇွန် ၆ ရက်တွင် စစ်တွေ (၆၆)ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့လည်းကောင်း၊ ဇွန် ၈ ရက်တွင် စစ်တွေဓာတ်အား ခွဲရုံ အမှတ်(၂)ဆက်ရိုးကျဓာတ်အားခွဲရုံသို့လည်းကောင်း ဓာတ်အားများ ပို့လွှတ်ခဲ့ပြီး စုစုပေါင်း ထရန်စဖော်မာ ၂၄၅ လုံးဖြင့် စစ်တွေမြို့အတွင်း ရပ်ကွက် ၃၃ ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပုဏ္ဏကျွန်း ၁၀/၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံမှ စုစုပေါင်းထရန်စဖော်မာ ၂၉ လုံးဖြင့် ဇွန် ၇ ရက်တွင် မြို့ပေါ်ရပ်ကွက် များအားလုံးသို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍လည်း ကျန်ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအား  ဇူလိုင်လ ပထမ ပတ်အပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ယာဉ် ၁ စီး၊ တစ်နာရီ သန့်စင်ရေဂါလံ  ၈၀၀ ထွက်ရှိသော ရွှေ့လျားရေသန့်စင်ကား ၆ စီးကို စစ်တွေ၊ မင်းပြား၊ ရသေ့တောင်မြို့များတွင် ဖြန့်ခွဲထားပြီး တစ်ရက်လျှင် ၈ နာရီကြာ ရေဂါလန် ၃၂၀၀၀ ခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း သောက်သုံးရေ လုံလောက်စွာ ရရှိရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ၍လည်း စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိပြီးဖြစ်သည့်  Life Straw ၂၁၀ လုံးနှင့် Mobile ရေတင်စက် များကိုလည်း အမြန်ဆုံးဖြန့်ဝေပေးရန် လိုကြောင်း။

စစ်တွေမြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စစ်တွေတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များကို လိုအပ်သော သန့်ရှင်းရေးနှင့် အဆောက်အဦ ပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ပြီး ဇွန် ၁ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သင် ကြားပေးလျက်ရှိကြောင်း၊ အလားတူ အခြေခံပညာကျောင်းများကိုလည်း ဇွန် ၁ ရက်တွင်  ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ဦးရေ ၄၉၂၀၀၀ ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်တွင်ရှိသော ပြည်သူလူထုများအား မြို့နယ်ဆေးရုံ (၁၇)ရုံ၊ တိုက်နယ်ဆေးရုံ(၄၃)ရုံတွင် လည်းကောင်း၊ အထူးကုဆေးအဖွဲ့ (၂)ဖွဲ့ ၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့(Rapid Response Team) ၈ ဖွဲ့ဖြင့်လည်းကောင်း၊  မေ ၁၆ ရက်နေ့မှ ယနေ့အချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက် ရှိရာ ယခုအချိန်အထိ ပြင်ပလူနာ ၁၇၂၃၉ ဦး၊ အတွင်းလူနာ ၃၃၅၂၇ ဦးတို့ကို ကုသပေးနိုင်ခဲ့ပါကြောင်း။

သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လမ်း၊ တံတားများတွင် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေဘဲ အမြန်ဆုံးဖြတ်သန်းသွားလာနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)ဖွဲ့ ၊ တံတား အထူးအဖွဲ့(၇)ဖွဲ့မှ ယာယီဘေလီတံတားများ တည်ဆောက်နိုင်ရန်အတွက် မေ ၁၆ ရက်မှ စတင်ပြီး တည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှ စ၍ လမ်းတံတားများကို စတင်ပြန်လည်တည်ဆောက်လျက်ရှိကြောင်း။

နိုင်ငံတကာ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့်ပတ်သက်၍ IDP များနှင့် ဘင်္ဂါလီများ အပေါ် ထောက်ပံ့ပေးမှုများအနေဖြင့် ပြည်နယ်အစိုးရ ခွင့်ပြုချက်ရယူ၍ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိုခါမုန်တိုင်း ဒဏ်ခံရသည့် နေရာများသို့ ကယ်ဆယ်ရေး၊ ကူညီရေး၊ ထောက်ပံ့ရေးပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံ၏ ဗဟိုချက်ဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး၊ DMC  သို့  ပေးအပ်လှူဒါန်းနိုင်ပါကြောင်း၊ ထို့အဖွဲ့မှတစ်ဆင့် ရေယာဉ်၊ လေ ယာဉ်များဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ဖြန့်ဝေစေလိုသော လိုအပ်သည့်နေရာ များကို ဆက်လက်ဖြန့်ဖြူးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်သည် နားလည်မှု လွှဲမှားနိုင်သော အချက်ဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ပေးထားသည့် ကြီးကြပ်ရသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအနေဖြင့် သတိ ထားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ Humanitarian Country Team အဖွဲ့နှင့် ကူညီရေးလုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ခြင်း၊ The Secretary General of ASEAN as the ASEAN Humanitarian Assistance Coordinator(SG-AHAC) လာရောက်၍ ပျက်စီးမှုအခြေအနေများ ကြည့်ရှု မည့်အပေါ် သဘောတူခွင့်ပြုခဲ့ခြင်း၊ နိုင်ငံတကာအကူ အညီများနှင့် ပတ်သက်၍ စနစ်တကျရှိ စေရေး On-Side Operation Coordination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းများရှိ၍ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ အမြန်ဆုံး စိတ်အေးချမ်းသာစွာဖြင့် မိမိလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး နိုင်ငံတော်အဆင့် ၊ ပြည်နယ် အဆင့်၊ ခရိုင်/မြို့နယ်အဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး ရခိုင်ပြည်နယ်အား မူလအခြေအနေ ထက် ပိုမိုကောင်းမွန်ရမည်ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ညီညွတ်သော ပေါင်းစည်းစွမ်းအားဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။