နိုင်ငံပိုင်နက်အနီးသို့ ချဉ်းကပ်လာသည့် ပြင်သစ်လေယာဉ်များအားဟန့်တားရန် ရုရှားက တိုက်လေယာဉ်တစ်စင်းစေလွှတ်

 

နိုင်ငံပိုင်နက်အနီးသို့ ချဉ်းကပ်လာသည့် ပြင်သစ်လေယာဉ်များအားဟန့်တားရန် ရုရှားက တိုက်လေယာဉ်တစ်စင်းစေလွှတ်

နိုင်ငံ၏ဝေဟင်ပိုင်နက်အနီးသို့ ချဉ်းကပ်လာသည့် ပြင်သစ်စစ်လေယာဉ်များအား ဟန့်တားရန်အတွက် ရုရှားအစိုးရက Su-27 တိုက်လေယာဉ်တစ်စင်းကို စေလွှတ် ခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ပြင်သစ်ပိုင်စစ်လေယာဉ်သုံးစင်းသည် ရုရှားနိုင်ငံ၏ ဝေဟင်ပိုင်နက်အနီးသို့ မတ်လ ၅ ရက်တွင် ချဉ်းကပ်လာခြင်းဖြစ်ပြီး ၎င်းလေယာဉ်များကို ပင်လယ်နက်ဒေသရှိ ရုရှားရေဒါများက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်စစ်လေယာဉ်များသည် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ Su-27 တိုက်လေယာဉ်ကို    မြင်တွေ့ပြီးနောက် နောက်ကြောင်းပြန်လှည့်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍  TASS  သတင်းအေဂျင်စီက ဖော်ပြသည်။

ရုရှားနိုင်ငံ၏ ပိုင်နက်အနီးသို့ ချဉ်းကပ် ရန်ကြိုးပမ်းခဲ့သည့် ပြင်သစ်စစ်လေယာဉ် များအနက် တစ်စင်းမှာ E-3F အမျိုးအစား လေကြောင်းရန်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေယာဉ်ဖြစ်ပြီး အခြားနှစ်စင်းမှာ ပြင်သစ်လေကြောင်းနှင့် အာကာသတပ်ဖွဲ့မှ Rafale-C ဘက်စုံသုံးလေယာဉ်များဖြစ်ကြောင်း သိရသည်။

Ref: Xinhua