နိုင်ငံသားများကို သောက်ရေသန့်ပေးနိုင်မှုအားနည်းသည့် အီတလီအစိုးရကို ဥရောပကော်မရှင်တရားစွဲ

ဘရပ်ဆဲ၊ ကျန်းမာရေး

အီတလီနိုင်ငံအတွင်းရှိ နိုင်ငံသားများကို သောက်ရေသန့်ပေးနိုင်မှုအားနည်းသည့် အီတလီအစိုးရကို ဥရောပကော်မရှင်က ဥရောပ သမဂ္ဂတရားရုံးချုပ်၌ ဇွန် ၉ ရက်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ အချို့သောဒေသများတွင်ပေးနေသော သောက်ရေ သန့်များအတွင်း  စိန်အဆိပ်ဓာတ်နှင့်   ဖလိုရိုက်များပါဝင်မှုပမာဏသည် ဥရောပသမဂ္ဂ၏  ဥပဒေကခွင့်ပြုထားသော ပမာဏထက် များစွာ ကျော်လွန်နေသောကြောင့် ယခုကဲ့သို့တရားစွဲဆိုခြင်းဖြစ်ကြောင်း အဆိုပါသမဂ္ဂကပြောသည်။

အဆိုပါဓာတ်များ သတ်မှတ်ပမာဏထက် လွန်စွာကျော်လွန်နေခြင်းသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သောက်ရေသန့်အတွင်း စိန်အဆိပ်ဓာတ်ပါဝင်မှုပမာဏ ကျော်လွန်နေသော ဒေသခြောက်ခုမှာ ဘက်ဂနိုရီဂျီယို၊ စီဗီတယ် လာအက် လီယာနို၊ ဖာဘရီကာဒီရိုမာ၊ ဖားနိ၊ ရွန်စစ်လီယွန်နှင့် တက်စကေးနီးယားဒေသတို့ဖြစ်သည်။ ထိုဒေသခြောက်ခုအနက် ဘက်ဂနိုရီ ဂျီယိုနှင့် ဖာဘရီကာဒီရိုမာတို့တွင် ပေးနေသော သောက်ရေသန့်များတွင်ပါဝင်သည့် ဖလိုရိုက်ပမာဏကလည်း သတ်မှတ်ချက် ထက်ကျော်လွန်နေကြောင်း သိရသည်။

Ref: TST