နိုင်ငံအတွင်း မိုးခေါင်နေစဉ် ရေနှင့်စွမ်းအင်ကို ချွေတာသုံးစွဲရန် ဘရာဇီးအစိုးရ တိုက်တွန်း

ဘရာဇီးအစိုးရသည်   နိုင်ငံအနေဖြင့် နှစ်ပေါင်း ၉၁ နှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရစဉ် ရေအားလျှပ်စစ်စက်ရုံများအတွက် ရေရှားပါး ပြတ်လပ်နိုင်သည့်အတွက် ရေနှင့်စွမ်းအင်ကို ချွေတာသုံးစွဲ ထိန်းသိမ်းရန် တိုက်တွန်းကြောင်း သိရသည်။

စွမ်းအင်သည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စက်မှုကဏ္ဍများနှင့်  အလားတူ အရေးကြီးသောကြောင့် စွမ်းအင်ဖူလုံမှု ပိုမိုအားကောင်းစေရေးအတွက် ဆောင်ရွက်မှုတွင် နိုင်ငံသားအားလုံး  ပါဝင်ရမည်ဖြစ်ကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး    ဘန်တိုအယ်ဘူကာကူက ဇွန် ၂၈ ရက်တွင် ပြောသည်။

နိုင်ငံသားတိုင်း ရေနှင့်စွမ်းအင်ကို သတိရှိရှိနှင့် တာဝန်သိတတ်မှုဖြင့် သုံးစွဲခြင်းက စွမ်းအင်စနစ်တွင် ဖြစ်ပေါ်နိုင်သည့် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေမည်ဖြစ်ကြောင်းနှင့် စွမ်းအင်ထုတ်လုပ်မှု အတွက် ကုန်ကျစရိတ်ကိုလည်း နည်းပါးစေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နိုင်ငံအတွင်း ထုတ်လုပ်နေသည့် လျှပ်စစ်စွမ်းအင်များ အနက်   ရေအားလျှပ်စစ် စက်ရုံများမှ ရရှိသည့်   လျှပ်စစ်စွမ်းအင် ပမာဏမှာ ၈၅ ရာခိုင်နှုန်းမှ ၆၁ ရာခိုင်နှုန်းအထိ ကျဆင်းလာသော်လည်း နိုင်ငံတော်က လိုအပ်သည့် စွမ်းအင်များကို   အဓိက ထုတ်ပေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

Ref: Sputnik