နေပြည်တော်ကောင်စီနယ်မြေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၃
    
COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော် ကောင်စီနယ်မြေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၁၂ ရက်နှင့် ယနေ့ညပိုင်းတို့တွင် အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကို ဆပ်ပြာနှင့်မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။