နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၄

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၂၀၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။