နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဧည့်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါချီးမြှင့်ငွေပေးအပ်ပွဲသို့ နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဉက္ကဌက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန် ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။