နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နေ ဦးသက်နိုင်ထွေး နှင့်ပတ်သက်၍ မှုခင်းပိုင်းဆိုင်ရာဆောင်ရွက်မှု

မတ် - ၁၉
    
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး ပျဉ်းမနားမြို့နေ ဦးသက်နိုင်ထွေးမှ သွေးထိုးလှုံ့ဆော်နေကြောင်း သတင်းအရ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ၀၂၃၀ နာရီခန့်တွင် အမှတ် (၉၃၂)၊ ၁၇ လမ်း၊ ပေါင်းလောင်း ၂ ရပ်ကွက်၊ ပျဉ်းမနားမြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။  
    
ဦးသက်နိုင်ထွေး၏ ဝန်ခံထွက်ဆိုချက်များအရ နေပြည်တော်ကောင်စီနယ်မြေ အတွင်း နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရားပျက်ကွက်စေရန် သွေးထိုးလှုံ့ဆော်နိုင်ရေး ရည်ရွယ်၍ ဖွဲ့စည်းထားသော CDM Supporting Team ၏ ဦးဆောင်သူ မန္တလေး တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေ၏ စေခိုင်းမှုကြောင့် ဦးသက်နိုင်ထွေးသည် နိုင်ငံ့ဝန်ထမ်းများ CDM လုပ်ဆောင်မှုများတွင် ပါဝင်လာစေရေး ငွေကြေးဖြင့် ဆွဲဆောင်စည်းရုံးနိုင်ရန်အတွက် ပျဉ်းမနားမြို့နေ ဦးညီညီစံ နှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးသူများထံ ချိတ်ဆက်၍ ငွေကြေးကောက်ခံမှုများပြုလုပ်ခဲ့ရာ စုစုပေါင်းငွေကျပ် ၄၅ သိန်းခန့်အား ကောက်ခံရရှိခဲ့ပြီး ဇေယျာသီရိမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးသက်ထွေးထံသို့ အပ်နှံခဲ့ ကြောင်း သိရှိရပါသည်။  
    
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ CDM Supporting Team အား မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေမှ ဦးဆောင်၍ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ထွေး၊ ဇေယျာသီရိမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးသက်ထွေး၊  ပျဉ်းမနားမြို့၊ NLD ပါတီတွဲဖက်အတွင်းရေးမှူး ဦးဝင်းနိုင်ဦး၊ နေပြည်တော် NLD ပါတီ ခရိုင်လူငယ် တာဝန်ခံ ဦးဖြိုးကျော်ထက်နှင့် ဦးမျိုးကိုဇင်မြင့် တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရ ပါသည်။ 
    
အထက်ပါ CDM Supporting Team ထံသို့ ဂျပန်နိုင်ငံရောက် မြန်မာများမှ ငွေကျပ်သိန်း ၃၀၀ ခန့်၊ ထိုင်းနိုင်ငံရောက် မြန်မာများမှငွေကျပ်သိန်း ၁၅၀ ခန့် လွှဲပြောင်း ပေးပို့ခဲ့သည်ဟုသိရှိရပြီး ၎င်းငွေများအား ဦးမောင်မောင်ဆွေ နှင့် ဦးဝင်းနိုင်ဦးတို့မှ ရန်ကုန်မြို့သို့ သွားရောက်ယူဆောင်ခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပမှ စုစုပေါင်းကောက်ခံ ရရှိငွေကျပ်သိန်း ၅၀၀ ခန့်ရရှိခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်း ၇၀၆ ဦးအား တစ်ဦးလျှင်ငွေကျပ် ၆၀,၀၀၀ နှုန်းဖြင့် ငွေကျပ် ၄၂၃ သိန်းခန့်ဖြန့်ဝေ ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရားပျက်ကွက်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။    
    
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ CDM တွင် ပါဝင်လုပ်ဆောင်လာပြီး နေရပ်ပြန် နိုင်ရန်နှင့် ပုန်းရှောင်နိုင်ရန်အတွက် ပျဉ်းမနားမြို့နေ ဦးဇော်မင်းဦး(ခ)ဗလကြီး၊ ဒေါက်တာဝေယံထွန်း၊ ဦးဝလာနှင့် ဦးစည်သူ(ခ)ဘစည် တို့မှ ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ကြောင်း၊ CDM ပြုလုပ်သည့်ဝန်ထမ်းများ၏ စာရင်းဇယားများပြုစုရန်နှင့် သွေးထိုး လှုံ့ဆော်မှုများဆောင်ရွက်နိုင်ရန် ဇေယျာသီရိမြို့နယ်နေ ဦးခွန်ဖုန်း၊ ပျဉ်းမနားမြို့နေ ဦးသန်းထွန်းဦးနှင့် ဦးညီထွေးတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 
    
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအား CDM တွင် ပါဝင်လာပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သူ ဦးသက်နိုင်ထွေးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေ အပါအဝင် အောက်ပါအဖွဲ့ဝင် ၁၄ ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်-  
    (၁)    ဦးမောင်မောင်ဆွေ(မန္တလေးတိုင်းဒေသကြီး၊မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း)။ 
    (၂)    ဦးကျော်ထွေး(ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)။
    (၃)    ဦးသက်ထွေး(ဇေယျာသီရိမြို့နယ် NLD ပါတီဥက္ကဋ္ဌ)။ 
    (၄)    ဦးဝင်းနိုင်ဦး(ပျဉ်းမနားမြို့၊ NLD ပါတီတွဲဖက်အတွင်းရေးမှူး)။ 
    (၅)    ဦးဖြိုးကျော်ထက်(နေပြည်တော် NLD ပါတီ၊ ခရိုင်လူငယ်တာဝန်ခံ)။ 
    (၆)     ဦးမျိုးကိုဇင်မြင့်(နေပြည်တော် NLD ပါတီ၊ ခရိုင်လူငယ်တာဝန်ခံ)။ 
    (၇)    ဦးညီညီစံ(ပျဉ်းမနားမြို့)။
    (၈)    ဇော်မင်းဦး(ခ)ဗလကြီး (ပျဉ်းမနားမြို့)။
    (၉)    ဒေါက်တာဝေယံထွန်း(ပျဉ်းမနားမြို့)။  
    (၁၀)    ဦးဝလာ(ပျဉ်းမနားမြို့)။
    (၁၁)    ဦးစည်သူ(ခ)ဘစည် (ပျဉ်းမနားမြို့)။
    (၁၂)    ဦးခွန်ဖုန်း(ဇေယျာသီရိမြို့နယ်)။
    (၁၃)    ဦးသန်းထွန်းဦး (ပျဉ်းမနားမြို့)။
    (၁၄)    ဦးညီထွေး (ပျဉ်းမနားမြို့)။   
    
သို့ဖြစ်ပါ၍ အထက်ပါ ဆက်စပ်တရားခံ ၁၄ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူ များမှ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း ဆက်စပ် တရားခံများအား ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ပါရန်၊ တွေ့ရှိပါက နီးစပ်ရာနယ်မြေခံ တပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးနိုင်ပါရန်နှင့် လက်ခံထားသူများကိုလည်း ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။  
 
ဦးသက်နိုင်ထွေး(ပျဉ်းမနားမြို့)