နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဇူလိုင်- ၃၀

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်လျက်ရှိသည်။
  

 ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း ၁၆၁ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၃၂၇ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ကလောမြို့၊ ပင်းတယမြို့၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ အသက် ၆၅ နှစ် နှင့်အထက် ပြည်သူ ၁၇၀၈ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်များရှိ ပြည်သူစုစုပေါင်း ၁၇၉၀ ဦးအားလည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သံဃာတော် များနှင့် ပြည်သူစုစုပေါင်း ၆၀၀၀ ဦးနှင့် အကျဉ်းသား၊ အကျဉ်းသူ ၁၈၄ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူး မြို့နယ်နှင့် မှော်ဘီမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၅၂ ဦးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ လေးမျက်နှာမြို့၊ ဘိုကလေးမြို့၊ ဓနုဖြူမြို့၊ ဒေးဒရဲမြို့၊ အင်္ဂပူမြို့၊ ကန်ကြီးထောင့်မြို့၊ လပွတ္တာမြို့၊ မြန်အောင်မြို့၊ မအူပင်မြို့၊ မော်လမြိုင်ကျွန်းမြို့၊ မြောင်းမြမြို့၊ ဖျာပုံမြို့၊ သာပေါင်းမြို့၊ ဝါးခယ်မမြို့၊ ဇလွန်မြို့၊ အိမ်မဲမြို့၊ ရေကြည်မြို့နှင့် ကျိုက်လတ်မြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၁၀၀၀၀ ဦးတို့အား လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၇၃ ဦးအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ထန်းတပင်မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပန်းတောင်းမြို့၊ ထုံးဘိုမြို့၊ ပေါက်ခေါင်းမြို့၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မြိုးညိုမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၂၀၆ ဦး တို့အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး ကြသည်။
    

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။