နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်

 နေပြည်တော်၊ မေ - ၁၉

 နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ပုဗ္ဗသီရိတပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ ပထမနေ့ပွဲစဉ်ဖြစ်သည့် တပ်ကုန်းတပ်နယ်(က)အသင်းနှင့် တပ်ကုန်းတပ်နယ်(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။

 
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် မေ ၂၇ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။