နောင်ချိုမြို့နယ်အတွင်းရှိ နောင်ချိုတိုးဂိတ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများဖမ်းဆီးရမိ

နေပြည်တော်  မတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို မြို့နယ်အတွင်းရှိ နောင်ချိုတိုးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်မတ် ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သီပေါမြို့မှ နောင်ချိုမြို့ဘက်သို့ အောင်မိုး(ဘ)ဦးမြ မောင်းနှင်ပြီး နန်းအေးထွေး(ဘ)ဦးအိုက်စော စီးနင်းလိုက်ပါလာသည့် ANBO 125 မော်တော်ဆိုင်ကယ်နှင့် အောင်စိန်(ဘ)ဦးအိုက်ကျန် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်နန်းအေးယဉ် စီးနင်းလိုက် ပါလာသည့်  ANBO 125 မော်တော်ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ အောင်စိန် မောင်းနှင်လာသည့် ဆိုင်ကယ်ခွကြား အတွင်းရှိ ပီနံအိတ်အတွင်းမှ  88 စာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ထုပ်၊  စုစုပေါင်းဆေးပြား ၁၂၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၂၀ ခန့်)နှင့်အတူ အသီးသီး ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့်ဖမ်းဆီးရမိသူများအား နောင်ချိုမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။     

(၁၀၀)