ပင်လယ်ပြင်အတွင်း ကျောက်ဆောင်ပေါ်တင်နေသည့် အိအိကျော်အမည်ရှိ ငါးဖမ်း ဝါးလတ်လှေပေါ်မှ လှေသားများအားကူညီကယ်ဆယ်

ပင်လယ်ပြင်အတွင်း ကျောက်ဆောင်ပေါ်တင်နေသည့် အိအိကျော်အမည်ရှိ ငါးဖမ်း ဝါးလတ်လှေပေါ်မှ လှေသားများအားကူညီကယ်ဆယ်

နေပြည်တော်၊ ဩဂုတ် - ၁၀
    

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း ကော့သောင်းမြို့၊ ထူးထူးတိုးကုမ္ပဏီမှ ဦးကျင်စွန်ပိုင်ဆိုင်သည့် အိအိကျော်အမည်ရှိ ငါးဖမ်းဝါးလတ်လှေသည် ဩဂုတ် ၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၂၄ မိုင်အကွာသို့အရောက်၌ ကျောက်ဆောင်ပေါ်တင်နေသဖြင့် ဒေသခံငါးဖမ်းလှေမှ လှေသား ၁၃ ဦးအားကူညီကယ်ဆယ်ထားပြီး တပ်မတော်(ရေ)မှ စစ်ရေယာဉ်ပေါ်သို့ လွဲပြောင်း တင်ဆောင်ပေးရာ တပ်မတော်(ရေ)မှ တာဝန်ရှိသူ များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။