ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ - ၃၀

 
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီ ဖွင့်လှစ်မည့် အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များ၊ ကာကွယ်ဆေးအား ရရှိသည့်ဆေးအရေအတွက်များအလိုက် ထိုးနှံပေး နိုင်မည့်အခြေအနေများနှင့် မြန်မြန်ဆန်ဆန် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင် ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အချက်များ ဆွေးနွေးနိုင်ရန် ယခုအစည်း အဝေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ယမန်နေ့ ကမ္ဘာတစ်ဝှမ်း ထပ်မံကူးစက်မှုအနေဖြင့် ၄ သိန်းကျော်ရှိခဲ့ပြီး သေဆုံးမှု ၈၈၀၀ ခန့်ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ လက်ရှိကာလအထိ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု စက်တင်ဘာလ ၃၀ ရက်အထိ ၂၃၄ သန်းကျော်ရှိပြီး ၄.၇ သန်း ကျော်သေဆုံးခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ယမန်နေ့အထိ စာရင်းများ အရ ပိုးကူးစက်ပြန့်ပွားမှုအနေဖြင့် ၈.၃ ရာခိုင်နှုန်း အထိကူးစက်မှုရှိနေသေး ကြောင်း၊ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၏ ရည်မှန်းချက်နှင့် နိုင်ငံတကာစံနှုန်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်ချက်များအရ ရောဂါကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်မှ လုံးဝကူးစက်မှု မရှိတော့သည့်အထိ ကျဆင်းရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြန်မာနိုင်ငံ အတွင်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ် ဆေးထိုးနှံပြီးဖြစ်အောင် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကလည်း ချမှတ် ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ပေါင်းစပ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီဥက္ကဋ္ဌ က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့် တစ်နှစ် ဆုံးရှုံးမှု မရှိစေရေးအတွက် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှုများပြားလာသည့်အတွက် စာသင်ကျောင်းများကို ပြန်လည်၍ ယာယီပိတ်ခဲ့ ရပါကြောင်း၊ ယခုအခါ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ ပိုးကူးစက်မှု ရာခိုင်နှုန်းသည် နေ့စဉ် စစ်ဆေးသည့် ပမာဏ၏ ၈ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မခံရ စေရန်နှင့် ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပေးသွားရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ အမြန်ဆုံးပြီးမြောက် အောင်မြင်ရေးနှင့် စာရင်းဇယားများမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ဆွေးနွေးပေးသွားရန်လိုအပ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ပြီးဆုံးမည့် ကာလကို တိတိကျကျသတ်မှတ်၍မရကြောင်း၊ ၎င်းအပြင် ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍လည်း ၆ လ တစ်ကြိမ်ထပ်မံထိုးနှံရန်လိုအပ်သည် ဟုအကြံပြုချက်များလည်းရှိနေပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးအရအဖွဲ့အနေဖြင့် ကာကွယ်ဆေး စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရရှိနေစေရေးအတွက် မိမိနိုင်ငံတွင် ကာကွယ်ဆေးအား Ready to Fill စနစ်ဖြင့် ထုတ်လုပ်နိုင်အောင် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မကုန်မီထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုအား ၆ လ တစ်ကြိမ် ပူပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည်ဖြစ်ပြီး ကူးစက်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်သွား နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုများ ဆောင် ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြက်ခြေနီအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့များစသည့်တို့မှလည်း ပါဝင်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်များအလိုက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပေးမည့် အဖွဲ့များ အပြင် ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ပါက သွက်လက် မြန်ဆန်စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့ အသီးသီးကလည်း လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ပူးပေါင်းချိတ်ဆက်၍ လျင်မြန်စွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို မြန်မြန်ဆန်ဆန်၊ လုံလုံခြုံခြုံ ပြီးမြောက်စေရေးနှင့် စနစ်တကျ စာရင်းဇယားပြုစုနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ကာကွယ်ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးမည့် စီမံချက်အားလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံးရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု အခြေအနေအားလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက Sinovac ကာကွယ်ဆေးထိုးနှံပေးမည့် စီမံချက်အား လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက်လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့ပြင် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ ကျောင်းအပ်နှံခဲ့သည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ အင်အားနှင့် တက်ရောက်ခဲ့သည့် အင်အားများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနရှိ စာရင်းဇယားအပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် စာရင်းဇယားများ ကိုက်ညှိဆောင်ရွက်၍ ကျောင်းမဖွင့်လှစ်မီ ကာလအတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သို့မှသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တားဆီးနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရန်လိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းရေးသွင်းရာတွင် အခက်အခဲနှင့် မှားယွင်းမှုမရှိစေရေး သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောင်း သား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် လိုက်နာရမည့် အချက်များ အား မိဘများပါ သိရှိစေရန်အတွက် ကြိုတင်လှုံ့ဆော်ခြင်း၊ ဆေးထိုးသည့် နေရာများ တွင် အသိပေးချက်များ ဖော်ပြခြင်းတို့ကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ ရှိရင်းအင်အား၊ ကျောင်းအပ်နှံသည့် အင်အားနှင့် ကျောင်းတက်ရောက်ခဲ့သည့် စာရင်းဇယားများကို ပညာရေးဝန်ကြီးဌာနနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ နောက်ဆုံးအချက်အလက် များကို စိစစ်၍ ပြုစုတင်ပြရန်လိုကြောင်း၊ စာရင်းဇယားများ ပြုစုရာတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် စာရင်းချုပ်သာမကဘဲ မြို့နယ်များအတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ စသည့် ကျောင်းများအလိုက် စာရင်းများခွဲခြား၍ တင်ပြရန်လိုကြောင်း၊ ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပေါင်းစပ်ပြီး စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်ဆေးထိုး စင်တာများကို မြို့နယ်များအလိုက် ခွဲခြား၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ အလွယ်တကူ လာရောက်နိုင်သည့် ဆုံချက်ဗဟိုနေရာများတွင် ရွေးချယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးမည့် စီမံချက်များအား ထိရောက်စွာပြုစု၍ ပြန်လည်တင်ပြသွားရန် လိုအပ်ကြောင်း၊ ယခုကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို တိကျစွာ ပြုစု၍ မှတ်တမ်းရေးသွင်း ထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေးကျန်ရှိမှု၊ ဆက်လက်ထိုးနှံမှုစသည့်တို့ကို ကြည့်ရှုသုံးသပ်၍ ဆေးလက်ကျန် မရှိစေဘဲ အလေအလွှင့်မရှိအောင် စီမံ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဒယ်လ်တာပိုး ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံအချို့ရှိ ကလေးသူငယ်အချို့ကို ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် ကလေးသူငယ်များအား ဘေးထွက် ဆိုးကျိုးနည်းပါးစွာဖြင့် ကာကွယ်ဆေးထိုးနှံနိုင်ခြင်း၊ ရောဂါအား ပြင်းထန်စွာ ခံစားရမှုကို ထိထိရောက်ရောက်လျှော့ကျနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း၊ ယခုအခါ အဆိုပါ Sinovac ကာကွယ်ဆေးကို ကလေးငယ်နှင့်လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက်(၃)နှစ်မှ (၁၇)နှစ်ကြား ၆၃ သန်းအား လည်းကောင်း၊ ချီလီနိုင်ငံ၌ အသက်(၁၂)နှစ်မှ (၁၇)နှစ်ကြားရှိ တစ်သန်းတစ်သိန်းကျော် အား လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ အသက်(၆)နှစ်မှ (၁၇)နှစ်ကြား သုံးသိန်းငါးသောင်းကျော်အား လည်းကောင်း ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။