ပညာသင်ကြားမည့် ကျောင်းနေအရွယ် ကလေးသူငယ်များအား ကြောက်ရွံ့ထိတ်လန့် စေရန်နှင့် စာသင်ကျောင်းများအား ပျက်စီးစေရန် အကြမ်းဖက်သမားများက စာသင် ကျောင်းများ၌ ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

ပညာသင်ကြားမည့် ကျောင်းနေအရွယ် ကလေးသူငယ်များအား ကြောက်ရွံ့ထိတ်လန့် စေရန်နှင့် စာသင်ကျောင်းများအား ပျက်စီးစေရန် အကြမ်းဖက်သမားများက စာသင် ကျောင်းများ၌ ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ နေအိမ်များ၊ လမ်းတံတားများနှင့် ပြည်သူပိုင်ရုံး၊ ဌာနအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများအပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင် ကျောင်းများကိုပါ ဗုံးထောင်၊ ဖောက်ခွဲ၊ ဖျက်ဆီးမှုများအထိ လုပ်ဆောင်လျက်ရှိကြ သည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်၊ ကုတိုးကုံးရပ်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းအနီးလမ်းပေါ်၌ အကြမ်းဖက်သမား တစ်ဦး က မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ များရရှိ၍ သေဆုံးနေသည့် အကြမ်းဖက် သမားတစ်ဦးကို တွေ့ရှိရပြီး ၎င်းအနီးမှ လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ကျောင်း ဆောင်၏ မျက်နှာကြက်များ နှင့် ပြတင်းပေါက်တံခါးမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ ဘောဂရပ်ကွက်အတွင်း ပေါက်ကွဲသံ ၂ ကြိမ်ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ ဗားကရာလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြည့်မြင်တိုင်)ရှေ့လမ်းဘေး၌ ပေါက်ကွဲထားသော ဖုန်းအပိုင်းအစများ PVC ပိုက် အပိုင်းအစများနှင့် ဆားကစ်ပြား အပိုင်းအစများကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်များအရ ကျောင်းနေအရွယ် ကလေးသူငယ်များ စာသင်နှစ် နောက်ကျမှုမရှိစေဘဲ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်က စာသင်ကျောင်း များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်မည် ကို မလိုလားသည့် အကြမ်းဖက်သမားများက ကလေးသူငယ်များအား ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် ပညာသင်ကြားသည့် အဆောက်အဦများ ထိခိုက်ပျက်စီးစေသည် အထိပါ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသဖြင့် မြို့/ ရွာ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မိဘပြည်သူ တစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက် တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းနှင့် အကြမ်းဖက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး တရားဉပဒေ နှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။