ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုအတွက် ပထမဆုံး ဆန်ခါတင်သွင်းဂိုးကို အက်စ်တွန်ဗီလာအသင်း တိုက်စစ်မှူး ဒန်နီအင်းစ်သွင်းယူနိုင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုအတွက် ပထမဆုံး ဆန်ခါတင်သွင်းဂိုးကို အက်စ်တွန်ဗီလာအသင်း တိုက်စစ်မှူး ဒန်နီအင်းစ်သွင်းယူနိုင်

၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်  (၂)  အရောက်တွင်  တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆုအတွက်   ပထမဆုံး ဆန်ခါတင်သွင်းဂိုးကို အက်စ်တွန်ဗီလာအသင်း တိုက်စစ်မှူး ဒန်နီအင်းစ်က သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်  (၂)  တွင်  အက်စ်တွန်ဗီလာ အသင်းက နယူးကာဆယ်အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌  ပွဲချိန်  ၄၅  မိနစ်ပြီးနောက် နာကျင်အချိန်ပိုတွင်  ခံစစ်ကစားသမား တိုရွန်မန်းဖြတ် တင်ပေးသည့် ဘောလုံးကို ဒန်နီအင်းစ်က ခန္ဓာကိုယ် ကို ဟန်ချက်ညီညီလှဲချကာ Overhead  Kick ဖြင့်  နယူးကာဆယ်အသင်း   ဂိုးပေါက်ထောင့်အတွင်းသို့ လှလှပပ ကန်သွင်းပြီး  ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသွင်းဂိုးသည်    လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆု အတွက် ပထမဆုံးဆန်ခါတင်သွင်းဂိုးဖြစ်လာခဲ့ပြီး ပွဲစဉ် အပြီးတွင်လည်း ဒန်နီအင်းစ်၏ သွင်းဂိုးသည် ဂိုးသွင်း သည့်ဟန်ချက်ညီမှု၊ နည်းစနစ်ပိုင်း ကောင်းမွန်မှုအဖြစ် ပရိသတ်များက   အွန်လိုင်းစာမျက်နှာများထက်တွင် လည်း  ချီးကျူးမှုများပြုလုပ်ခဲ့ပြီး  ယခုဘောလုံးရာသီတွင် အဆိုပါသွင်းဂိုးထက် လှပသည့်သွင်းဂိုး  ရှိလာ တော့မည်မဟုတ်ဟု မှတ်ချက်ပြုခဲ့ကြသည်။ ဒန်နီအင်းစ် သည်  နှစ်ပွဲကစားအပြီးတွင်  နယူးကာဆယ်အသင်း အတွက်   တစ်ပွဲလျှင်  တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြောင်းသိရသည်။