ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်(ကုတင်-၁၀၀၀) ဆံ့ ရန်ကင်း ကိုဗစ်-၁၉  ကုသရေးစင်တာ-မန္တလေး) ဖွင့်လှစ်

ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်(ကုတင်-၁၀၀၀) ဆံ့ ရန်ကင်း ကိုဗစ်-၁၉  ကုသရေးစင်တာ-မန္တလေး) ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်- ၄
  

 ကိုဗစ်-၁၉ အတည်ပြုလူနာများ လက်ခံကုသနိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်(ကုတင်-၁၀၀၀) ဆံ့ ရန်ကင်းကိုဗစ်-၁၉ ကုသရေးစင်တာ-မန္တလေး ကို ယနေ့နံနက်ပိုင်းတွင်  စတင်ဖွင့်လှစ်ရာ အဆိုပါကုသရေးစင်တာဖွင့်ပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ (ကုတင်-၁၀၀၀) ဆံ့ ရန်ကင်းကိုဗစ်-၁၉  ကုသရေးစင် တာ-မန္တလေး တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်း များ၊ Volunteer များ တက်ရောက်ကြသည်။
    

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကုတင်-၁၀၀၀ ဆံ့ ရန်ကင်းကိုဗစ်-၁၉ ကုသရေးစင်တာ-မန္တလေး ကမ္ပည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖျန်းပြီး ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ဆေးရုံအတွင်းရှိ လူနာများစတင်လက်ခံကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ CCTV CONTROL ROOM ဆောင်ရွက်ထားမှု၊ လူနာများနှင့် အထောက်အကူပြုအဖွဲ့များအားလုံး အတွက် လိုအပ်သည်များ ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင်လိုအပ်သည့် လူနာများ အတွက် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းထားရှိမှုများကို လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။