ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖမ်းဆီးရမိ

 

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖမ်းဆီးရမိ

နေပြည်တော် ၊ မတ် - ၂၁
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး ပင်လယ်ပြင် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မသင်္ကာဖွယ်လှေတစ်စီးတွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာ နွယ်ညိုချောင်း ကျေးရွာအနီးသို့အရောက်၌ အလျား ၅၀ ပေ၊ အနံ ၉ ဒသမ ၅ ပေ၊ ရေစူး ၆ ဒသမ ၅ ပေခန့်ရှိ စက်လှေတစ်စီးနှင့်အတူ တရားမဝင် ဝင်ရောက်လာသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃၂ ဦးတို့ကိုလည်းကောင်း၊ နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်တွင် သဲချောင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိ စက်လှေနှင့် တရားမဝင် ဝင်ရောက်လာသူများအား  သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။