ပုသိမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ဩဂုတ် ၈ ရက်နှင့် ယနေ့တို့တွင် နယ်မြေခံ ဆေးတပ်ရင်းနှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနတို့မှ ဆရာဝန်များ၊ သူနာပြုများက မျက်စိရောဂါ၊ သွားရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အဆုတ်ရောဂါ၊ နှလုံး ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါများနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။