ပုသိမ်မြို့၊ ကျုံပျော်မြို့၊ မြောင်းမြမြို့နှင့် ငပုတောမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးပြုလုပ်

နေပြည်တော် သြဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊ ကျုံပျော်မြို့၊ မြောင်းမြမြို့နှင့် ငပုတောမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ   သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဆေးရုံနှင့် စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့အား ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်  အဖွဲ့ဝင်များက  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

   (၁၀၀)