ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာ များ ပေးအပ်

ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာ များ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ- ၂၉

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၄၈ စုအတွက် ဆန်နှင့်ကြက်ဉများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။