ပုသိမ်မြို့၌(၉၅)ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အား(၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်

ပုသိမ်မြို့၌(၉၅)ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အား(၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌(၉၅)ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အား (၅၀၁)ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရွေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒ စရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဿုတအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ဩဝါဒဆရာတော်ကြီးများက စေတီတော်ကြီး၏ ရာဟုထောင့်ဇေတဝန်စံ ကျောင်းရှေ့၌ ဗုဒ္ဓါဘိသေကအနေကဇာတင် ဆင်ယင်ကျင်းပသည်။ ထို့နောက် (၉၅) ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ပါးတို့အား (၅၀၁) ဆူ စတုမဓူ ဆေး ဆွမ်းတော်ကပ်လှူပူဇော်ပွဲကိုစေတီတော်ကြီး၏ ဦးမောင်ကြီး အာရုံခံတန်ဆောင်း၌ ပြုလုပ်ရာ တက်ရောက်လာကြသူများက ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည် ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သောပရိတ်တရားတော်များ နာယူ ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဆရာတော်၊ သံဃာတော်များအား စတုမဓူဆေးတော်များနှင့် လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့၊ မောင်းထောင်ကျောင်း ပရိယတ္တိ စာသင်တိုက်ဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်) အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓိကထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။